စီမံခန့်ခွဲခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

စီးပွားရေးလုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းများတွင် စီမံခန့်ခွဲခြင်း ဆိုသည်မှာ လူတို့၏ ကြိုးစားအားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ရှိသမျှသော အရင်းအမြစ်များကို ထိရောက်စွာ နှင့် ခရီးရောက်အောင် အသုံးပြုခြင်းအားဖြင့် ဦးတည်ရာ ပန်းတိုင်နှင့် ရည်မှန်းချက်များကို ပြီးမြောက်စေခြင်းပင် ဖြစ်သည်။

စီမံခန့်ခွဲခြင်းတွင် အစီအစဉ်ရေးဆွဲခြင်း၊ စနစ်တကျ စီစဉ်ခြင်း၊ ဦးဆောင်ခြင်း သို့မဟုတ် ညွှန်ကြားခြင်း နှင့် အဖွဲ့အစည်း၏ ရည်မှန်းချက် သို့မဟုတ် ပန်းတိုင်သို့ ရောက်ရှိအောင် ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။ အရင်းအမြစ်များကို စီမံခြင်းတွင် လူ့စွမ်းအား အရင်းအမြစ်များ၊ ဘဏ္ဍာရေးရာ အရင်းအမြစ်များ၊ နည်းပညာဆိုင်ရာ အရင်းအမြစ်များ၊ သဘာဝ အရင်းအမြစ်များကို နေရာချခြင်းနှင့် ကိုင်တွယ်ထိန်းချုပ်ခြင်း များ ပါဝင်သည်။ စီမံခန့်ခွဲခြင်းသည် ပညာရပ်ဆိုင်ရာ ဘာသာတစ်ခုလည်း ဖြစ်ပြီး လူမှုအဖွဲ့အစည်းများကို လေ့လာရန် ရည်ရွယ်သော လူမှုရေးသိပ္ပံဘာသာရပ်တစ်ခု ဖြစ်သည်။