ဈေးကွက်ထိုးဖောက်ခြင်း
ဈေးကွက်ထိုးဖောက်ခြင်း ဆိုသည်မှာ ဖောက်သည်များကို ရယူခြင်း၊ စိတ်ကျေနပ်မှုပေးခြင်းနှင့် ထိန်းသိမ်းခြင်းဟူသော လုပ်ဆောင်ချက် ဖြစ်သည်။[၁][၂] ၎င်းသည် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ကူးသန်းရောင်းဝယ်ရေး၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။[၃]
ဈေးကွက်ထိုးဖောက်ခြင်းကို အများအားဖြင့် ရောင်းချသူ၊ ပုံမှန်အားဖြင့် လက်လီရောင်းချသူ သို့မဟုတ် ထုတ်လုပ်သူက လုပ်ဆောင်သည်။ ထုတ်ကုန်များကို အခြားစီးပွားရေးလုပ်ငန်းများသို့ (B2B) သို့မဟုတ် စားသုံးသူများထံသို့ တိုက်ရိုက် (B2C) ဈေးကွက်ရှာဖွေနိုင်သည်။[၄] တစ်ခါတစ်ရံတွင် လုပ်ငန်းတာဝန်များကို မီဒီယာ၊ ဈေးကွက်သုတေသန သို့မဟုတ် ကြော်ငြာအေဂျင်စီကဲ့သို့သော အထူးပြု ဈေးကွက်ရှာဖွေရေးကုမ္ပဏီများသို့ ကန်ထရိုက်ပေးအပ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် ကုန်သွယ်ရေးအသင်းအဖွဲ့တစ်ခု သို့မဟုတ် အစိုးရအေဂျင်စီတစ်ခု (စိုက်ပျိုးရေးဈေးကွက်ရှာဖွေရေးဝန်ဆောင်မှုအဖွဲ့ကဲ့သို့) သည် စက်မှုလုပ်ငန်းတစ်ခုလုံး သို့မဟုတ် ဒေသတစ်ခုလုံးအတွက် ကိုယ်စားပြု၍ ကြော်ငြာပေးတတ်သည်၊ ၎င်းတို့မှာ မကြာခဏဆိုသလို သီးခြားအစားအစာအမျိုးအစားတစ်ခု (ဥပမာ Got Milk?)၊ သီးခြားဒေသတစ်ခုမှ အစားအစာ၊ သို့မဟုတ် မြို့တစ်မြို့ သို့မဟုတ် ဒေသတစ်ခုကို ခရီးသွားလာရေးနေရာတစ်ခုအဖြစ် ကြော်ငြာခြင်းတို့ ဖြစ်သည်။
ဈေးကွက်ဦးတည်ချက်များ ဆိုသည်မှာ စျေးကွက်စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သော အကြောင်းအချက်များနှင့် ပတ်သက်သည့် အတွေးအခေါ်များ ဖြစ်သည်။[၅] ထုတ်ကုန်၏ အသေးစိတ်အချက်အလက်များနှင့် ၎င်းကို မည်သို့ရောင်းချမည်ကို ဖော်ပြသည့် ဈေးကွက်ရှာဖွေရေးရောစပ်မှု (marketing mix) သည် ထုတ်ကုန်ကို ကြော်ငြာရန် အသုံးပြုမည့် လမ်းကြောင်းများအပါအဝင်၊[၆][၇] ထုတ်ကုန်ကို ဝန်းရံနေသော ပတ်ဝန်းကျင်၊[၈] ဈေးကွက်ရှာဖွေရေးသုတေသနနှင့် ဈေးကွက်သုတေသန၏ ရလဒ်များ၊[၉][၁၀] နှင့် ထုတ်ကုန်၏ ပစ်မှတ်စျေးကွက်၏ လက္ခခဏာများ ၏ သက်ရောက်မှုကို ခံရသည်။ ဤအချက်များကို ဆုံးဖြတ်ပြီးသည်နှင့် စျေးကွက်ရှာဖွေသူများသည် ကူပွန်များနှင့် အခြားသော ဈေးနှုန်းဆွဲဆောင်မှုများကို အသုံးပြုခြင်းအပါအဝင် ထုတ်ကုန်ကို မြှင့်တင်ရန် မည်သည့်နည်းလမ်းများကို အသုံးပြုမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kotler၊ Philip (1980)။ Principles of marketing။ Englewood Cliffs, NJ: Prentice-Hall။ ISBN 0-13-701557-7။ OCLC 5564799။
- ↑ The Role of Customers in Marketing | Introduction to Business။ 11 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Drucker၊ Peter (1954)။ The Practice of Management။ New York: Harper & Row။ p. 32။
- ↑ Lamb၊ Charles; Hair၊ Joseph; McDaniel၊ Carl (2016)။ Principles of Marketing။ Boston, MA: Cengage Learning။ ISBN 978-1-285-86014-5။
- ↑ Mc Namara (1972) cited in Deshpande, R., Developing a Market Orientation, Thousand Oaks, CA, Sage, 1999, p. 11
- ↑ McCarthy၊ Jerome E. (1964)။ Basic Marketing. A Managerial Approach။ Homewood, IL: Irwin။
- ↑ Hester၊ Brittany (9 April 2019)။ Marketing Strategy: Forget the 4 P'S! What are the 4 C'S? (in en-US)။ 8 November 2019 တွင် ပြန်စစ်ပြီး။
- ↑ "What is Marketing Environment? definition and meaning – Business Jargons" (in en-US)၊ Business Jargons၊ 25 August 2015။
- ↑ Diaz Ruiz, Carlos A. (2022). "The Insights Industry: Towards a Performativity Turn in Market Research" (in en). International Journal of Market Research 64 (2): 169–186. doi:. ISSN 1470-7853.
- ↑ The Marketing Research Process | Principles of Marketing။ 15 November 2019 တွင် ပြန်စစ်ပြီး။
- ↑ Julie Bosman။ "For Tobacco, Stealth Marketing Is the Norm"၊ 10 March 2006။
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |