စိုင်းရှဲန်တစ်လုံ

ဝီကီပီးဒီးယား မှ

စိုင်းရှဲန်တစ်လုံသည် မြန်မာနိုင်ငံသား ရှမ်းအမျိုးသား နိုင်ငံရေးသမား နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

စိုင်းစွံရှဲန်တစ်လုံ ကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် မွေးဖွားသည်။

နိုင်ငံရေးဘဝ[ပြင်ဆင်ရန်]

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနေ၍ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကာ ၂၀၁၆ ခုနှစ် ဧပြီလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာသည်။ ၂၀၁၈ ခုနှစ်တွင် စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ‌ပြောင်းလဲ တာဝန်ထမ်းဆောင်သည်။[၁] ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထပ်မံအနိုင်ရခဲ့သည်။[၂] ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု အတွင်း ဖမ်းဆီးခံခဲ့ရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခံရခဲ့ပြီး[၃] စက်တင်ဘာလ ၂၀ ရက်နေ့တွင် စိုင်းရှဲန်တစ်လုံကို CRPH, NUG တို့နှင့် ချိတ်ဆက်မှု ရှိသည်ဟု ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ခံရသည်။[၂] စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထပ်မံအမှုဖွင့်ခံရသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. "ရှမ်းပြည်နယ် ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်း၊ ဝန်ကြီး ၂ ဦးပြောင်းလဲခန့်အပ်"၊ ၁၈ ဒီဇင်ဘာ ၂၀၁၈။ 
  2. ၂.၀ ၂.၁ "သျှမ်းပြည် လျှပ်စစ်ဝန်းကြီးဟောင်း စိုင်းရှဲန်တစ်လုံ အကြမ်းဖက်ဥပဒေ အမှုဖွင့်ခံရ"၊ SHAN News (Burmese)၊ ၂၂ စက်တင်ဘာ ၂၀၂၁။ 19 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 19 June 2023။ 
  3. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (၁၆ ဇူလိုင် ၂၀၂၁)။ ၁၉ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. "မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လျှပ်စစ်ဝန်ကြီးဟောင်း အပါအဝင် (၂)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်" (in my)၊ Tachileik News Agency၊ ၁ အောက်တိုဘာ ၂၀၂၁။