စပရင်းဗုတ်တောဆိတ်
ပုံပန်းသွင်ပြင်
| စပရင်းဗုတ်တောဆိတ် (Springbok) | |
|---|---|
| Male at Etosha National Park | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Mammalia |
| မျိုးစဉ်: | Artiodactyla |
| မျိုးရင်း: | Bovidae |
| မျိုးရင်းသေး: | Antilopinae |
| မျိုးဇာတ်: | Antilopini |
| မျိုးစု: | Antidorcas |
| မျိုးစိတ်: | A. marsupialis |
| ဒွိနာမ | |
| Antidorcas marsupialis (Zimmermann, 1780) | |
| Subspecies | |
| |
| Distribution map of springbok | |
| Synonyms[၂] | |
|
List
| |
စပရင်းဗုတ်တောဆိတ်သည် အရွယ်အစား အလယ်အလတ်ရှိပြီး အဖြူရောင်နှင့် အညိုရောင်ရှိသည့် တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ် သည်။ စပရင်းဘော့တောဆိတ်ဟုလည်း အသံထွက်သည်။ အာဖရိကတိုက်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် တွေ့ရသည်။ တောင်အာဖရိက၊ နမီးဘီးယား၊ ဘော့ဆွာနာနှင့် အင်ဂိုလာနိုင်ငံတို့တွင် တွေ့ရသည်။ [၃]
သွင်ပြင်လက္ခဏာ
[ပြင်ဆင်ရန်]အာဖရိကတိုက်ရှိ အလှပဆုံး တောဆိတ်များတွင် ပါဝင်သည်။ ထိုတောဆိတ်၏ တောက်ပသော အမွေးများသည် အနီရောင်သန်းလျက်ရှိ၍ အောက်ခံ အမွေးရောင်မှာ ဖြူသည်။ ကျောရိုးတစ်လျှောက် အောက်ဘက်သို့လည်း အဖြူစင်းရှိသည်။ စပရင်းဗုတ်တောဆိတ်၏ ကွင်းပုံ ဦးချိုများသည် မည်းနက်၍ကောက်သည်။ နှစ်ဘက်ညီညာစွာ ထောင်လျက်ရှိသည်။ ထိုတောဆိတ်မျိုးသည် လေထဲသို့ တဟုန်ထိုးခုန်လွှားနိုင်သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ IUCN SSC Antelope Specialist Group (2016). "Antidorcas marsupialis". IUCN Red List of Threatened Species 2016. IUCN.
- ↑ "Antidorcas marsupialis" (2004). Mammalian Species 753: 1–7. doi:.

- ↑ Cain, J.W. III; et al. (2004). "Antidorcas marsupialis". Mammalian Species: Number 753: pp. 1–7. doi:10.1644/753.
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)