မာတိကာသို့ ခုန်သွားရန်

စစ်လက်ရုံး

ဝီကီပီးဒီးယား မှ
(စစ်လက်ရုံးတပ်ဖွဲ့ မှ ပြန်ညွှန်းထားသည်)

စစ်လက်ရုံးတပ်ဖွဲ့ (သို့မဟုတ် ပစ်ကူပေးတပ်ဖွဲ့) ဆိုသည်မှာ မြေပြင်တိုက်ပွဲဝင်သို့ နည်းဗျူဟာမြောက် တိုက်ရိုက်ပါဝင်ပတ်သက်သော တပ်ဖွဲ့များအားလုံးကို စုပေါင်း၍ တပ်မတော်များ၌ ခေါ်ဝေါ်သုံးစွဲသည့် အသုံးအနှုန်း ဝေါဟာရ တစ်ခုဖြစ်သည်။ ယေဘူယျအားဖြင့် သံချပ်ကာ နှင့် အမြောက်တပ်ဖွဲ့ကဲ့သို့သော လက်နက်များ သယ်ဆောင်သော (သို့) အသုံးပြုသော တပ်ဖွဲ့များပါဝင်သည်။[] စစ်လက်ရုံးတပ်ဖွဲ့အမျိုးမျိုးကို အပြန်အလှန်အထောက်အကူပြုသော နည်းလမ်းများဖြင့် အသုံးပြုခြင်းအား ပေါင်းစပ်ပစ်ကူပေးခြင်း ဟုခေါ်သည်။

အချို့နိုင်ငံများ၊ အထူးသဖြင့် ဗြိတိသျှ၏ တပ်မတော် (ကြည်း)၌မူ အမြောက်တပ်ဖွဲ့များကို စစ်အကူလက်ရုံးတပ်ဖွဲ့အဖြစ်သာ သတ်မှတ်သည်။ အမေရိကန်ကြည်းတပ်မတော်ကဲ့သို့ အချို့သော ကြည်းတပ်ဖွဲ့များသည် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များကို စစ်လက်ရုံးအဖြစ် သတ်မှတ်သည်။ တင့် နှင့် သံချပ်ကာတပ်ဖွဲ့သည် မြင်းစီးစစ်သည်များမှ ဆင်းသက်လာသော သမိုင်းကြောင်းများစွာရှိသော်လည်း အခေါ်အဝေါ်အားဖြင့် စစ်လက်ရုံး အဖြစ်သာ သတ်မှတ်ထားသည်။[]

တိုက်ခိုက်ရေး။ ပင်မတိုက်ပွဲဝင် တိုက်ခိုက်ရေး အဖွဲ့။

စစ်လက်ရုံး။ ပစ်ခတ်မှု စွမ်းအားဖြင့် တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံး။ ပစ်ခတ်မှုမဟုတ်သော အခြား တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံးဝန်ထမ်း။ တိုက်ပွဲဝင် တပ်ဖွဲ့ မဟုတ်သော အခြားအုပ်ချုပ်မှုကိစ္စများ ပံ့ပိုးပေးသော အဖွဲ့။

ဗြိတိသျှ ဓနသဟာယ တပ်ဖွဲ့များ

[ပြင်ဆင်ရန်]

ဓနသဟာယအဖွဲ့ဝင်နိုင်ငံအချို့တွင် ကြည်းတပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်လေသည် -

  • ခြေလျင်တပ်ဖွဲ့ (ခြေမြန်တပ်ဖွဲ့ အပါအဝင်)
  • သံချပ်ကာတပ်ဖွဲ့ (တင့်ကားတပ်ဖွဲ့ အပါအဝင်)
  • အမြောက်တပ်ဖွဲ့
  • စစ်အင်ဂျင်နီယာတပ်ဖွဲ့
  • လေကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့
  • လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့

ကနေဒါနိုင်ငံတွင်မူ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အား အမြောက်တပ်ဖွဲ့၌ ထည့်သွင်းစဉ်းစားလေသည်။

အမေရိကန်ပြည်ထောင်စု ကြည်းတပ်မတော်

[ပြင်ဆင်ရန်]

လက်ရှိ၌ အမေရိကန် ကြည်းတပ်မတော်၏ ဖွဲ့စည်းပုံဆိုင်ရာ အယူဝါဒမှာ "စစ်ကစားမှု၊ ပစ်ခတ်မှု နှင့် သက်ရောက်မှု" (MFE) နှင့် "စစ်ဆင်ရေး တိုက်ပွဲဝင်အထောက်အပံ့" (OS) ဟူ၍ ခွဲခြားထားသည်။[] အမေရိကန် ကြည်းတပ်တွင် အစဉ်အလာအရ အောက်ပါဌာနခွဲများကို ၁၉၆၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ စစ်လက်ရုံးတပ်ဖွဲ့များအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည် -

  • ခြေလျင်တပ်ဖွဲ့
  • မြေပြင် အမြောက်တပ်ဖွဲ့ (လေကြောင်းရန်ကာကွယ်တပ်ဖွဲ့၏ မူလအမည်မှာ ဝေဟင်ပစ် အမြောက်တပ်ဖွဲ့ဖြစ်သည်)
  • ဝေဟင်ပစ် အမြောက်တပ်ဖွဲ့ (သို့) လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့ (၁၉၆၈ ခုတွင်သတ်မှတ်ခဲ့သည်)
  • သံချပ်ကာတပ်ဖွဲ့ (အမြန်သွား သံချပ်ကာတပ်ဖွဲ့၊ အမြန်သွားတိုက်ခိုက်ရေးယာဉ်တပ်ဖွဲ့[] နှင့် အမြန်သွားဝေဟင်တိုက်ခိုက်ရေးယာဉ်တပ်ဖွဲ့များ အပါအဝင်)
  • အထူးတပ်ဖွဲ့
  • စစ်အင်ဂျင်နီယာတပ်ဖွဲ့ (၁၇၇၅ ခု) (၂၀၀၁ ခုနှစ်တွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဟု ပြောင်းလဲသုံးစွဲ)
  • ကြည်းတပ်မတော် လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့

မြန်မာ့ တပ်မတော် (ကြည်း)

[ပြင်ဆင်ရန်]

မြန်မာ့တပ်မတော်၌ အောက်ပါတပ်ဖွဲ့များသည် ၎င်းတို့၏ အထူးပြုထားသော တိုက်ပွဲဝင်၍ အနီးကပ် ပစ်ကူပေးခြင်း၊ ပစ်ခတ်မှုစွမ်းအားဖြင့် ပစ်ကူပေးခြင်း အစရှိသော စစ်ဆင်ရေးဆိုင်ရာ အခန်းကဏ္ဍများအရ စစ်လက်ရုံးတပ်ဖွဲ့များ ဖြစ်လေသည် -[ကိုးကားချက်လိုသည်]

  • တပ်မတော် (လေ) (လေကြောင်းမှ ပစ်စွမ်းအားဖြင့် ပစ်ကူပေးခြင်း)
  • အမြောက်တပ်ဖွဲ့
  • ဒုံးတပ်ဖွဲ့
  • သံချပ်ကာယန္တရားတပ်ဖွဲ့
  • လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
  • စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ (စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူရုံး လက်အောက်ရှိ စစ်လက်ရုံး ဖြစ်ပြီး၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့မှာမူ ထိုရုံး လက်အောက်ရှိ စစ်အကူလက်ရုံး ဖြစ်သည်)

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Rush 2006, p.11
  2. Hofmann 2006, p.333
  3. UNC Charlotte Army ROTC: Career Path & Branch Homepages, Branches Overview Archived 20 December 2016 at the Wayback Machine.. Retrieved 12 December 2016.
  4. U.S. Army Field Manual FM 3-90: Tactics (dated 4 July 2001), Appendix A: Army Branches and Tactical Echelons, Appendix A: Army Branches and Tactical Echelons, A-2 Combat Arms, Figure A-1. Combat Arms Capabilities. Retrieved 12 December 2016.

အရင်းအမြစ်များ

[ပြင်ဆင်ရန်]
  •  Hofmann၊ George F. (2006)။ Through mobility we conquer : the mechanization of U.S. Cavalry။ Lexington, Ky.: Univ. Press of Kentucky။ ISBN 978-0813124032
  •  Rush၊ Robert S. (2006)။ Enlisted soldier's guide (7th ed.)။ Mechanicsburg, PA: Stackpole Books။ ISBN 978-0811733120