မာတိကာသို့ ခုန်သွားရန်

စစ်အကူလက်ရုံး

ဝီကီပီးဒီးယား မှ

ကြည်းတပ်မတော် ၏ စစ်အကူလက်ရုံး ဟူသော အသုံးအနှုန်းသည် တိုက်ခိုက်ရေးအစိတ်အပိုင်းများအတွက် ၎င်းတို့၏ တိုက်စွမ်းအားကို အထောက်အပံ့ဖြစ်စေသော၊ ၎င်းတို့အား စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးမှုများပေးသော တပ်ဖွဲ့များကို ရည်ညွှန်းသည်။ စစ်အကူလက်ရုံး တပ်ဖွဲ့များသည် ၎င်းတို့၏ အထူးပြုစွမ်းဆောင်ရည်များဖြင့် တိုက်ခိုက်ရေး တပ်ဖွဲ့များအား အောက်ပါနယ်ပယ်ကဏ္ဍများ၌ ထောက်ပံ့ပေးသည် -

  • ဓာတုစစ်ဆင်ရေး
  • စစ်မြေပြင်အင်ဂျင်နီယာ
  • စစ်ဘက်ရေးရာလုံခြုံရေး (သို့) စစ်ထောက်လှမ်းရေး
  • တပ်ထိန်း
  • ဆက်သွယ်ရေး[]

တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ရန်အတွက် ထောက်ပံ့ရေး၊ ထိန်းသိမ်းရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အစရှိသည့် အုပ်ချုပ်မှုကိစ္စရပ်များဖြင့် ကူညီထောက်ပံ့ပေးသော စစ်အကူလက်ရုံးဝန်ထမ်း နှင့် ဤ စစ်အကူလက်ရုံး ဝေါဟာရ နှစ်ခုတို့ကို မရောထွေးသင့်ပါ။ ၎င်းတို့ နှစ်ခု၏ ကွဲပြားခြားနားမှုကို အခြားနည်းလမ်းဖြင့်ဖော်ပြရလျှင် စစ်ဆင်ရေးတစ်ခုတွင် စစ်အကူလက်ရုံး တပ်ဖွဲ့များသည် ပင်မတိုက်ခိုက်ရေး တပ်ဖွဲ့များအတွက် တိုက်ပွဲဝင် ပံ့ပိုးမှု အတွက်ကို အာရုံစိုက်ပြီး စစ်အကူလက်ရုံးဝန်ထမ်း တပ်ဖွဲ့များသည် စစ်ဆင်ရေး၏ ‘အုပ်ချုပ်မှု နှင့် ထောက်ပံ့ပို့ဆောင်ရေး အတွက်ကို အာရုံစိုက်ကြသည်။ အမှန်တကယ် ပစ်ခတ်တိုက်ခိုက်၍ တိုက်ပွဲဝင်ရသည့် အမြောက်၊ ဒုံး၊ တင့်၊ သံချပ်ကာ၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များကိုမူ စစ်လက်ရုံး တပ်ဖွဲ့များ ဟူ၍ ရည်ညွှန်းလေသည်။ ထို့ကြောင့် ကြည်းတပ်မတော်၏ တပ်ဖွဲ့များသည် စစ်လက်ရုံး၊ စစ်အကူလက်ရုံး နှင့် စစ်အကူလက်ရုံးဝန်ထမ်း ဟူသော ကဏ္ဍ(၃)ခု မှ တစ်ခု၏ အောက်၌ ရှိလေသည်။ []

တိုက်ခိုက်ရေး။ ပင်မတိုက်ပွဲဝင် တိုက်ခိုက်ရေး အဖွဲ့။

စစ်လက်ရုံး။ ပစ်ခတ်မှု စွမ်းအားဖြင့် တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံး။ ပစ်ခတ်မှုမဟုတ်သော အခြား တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံးဝန်ထမ်း။ တိုက်ပွဲဝင် တပ်ဖွဲ့ မဟုတ်သော အခြားအုပ်ချုပ်မှုကိစ္စများ ပံ့ပိုးပေးသော အဖွဲ့။

အမေရိကန်ပြည်ထောင်စု တပ်မတော်

[ပြင်ဆင်ရန်]

လက်ရှိ၌ အမေရိကန် ကြည်းတပ်မတော်၏ ဖွဲ့စည်းပုံဆိုင်ရာ သတ်မှတ်ချက် အယူအဆမှာ “စစ်ကစားခြင်းနှင့် ပစ်ခတ်ထိရောက်စေခြင်း” (အင်္ဂလိပ်Maneuver, Fires & Effects) နှင့် “စစ်ဆင်ရေး တိုက်ပွဲဝင်အထောက်အပံ့” (အင်္ဂလိပ်Operational Support) ဟူ၍ ခွဲခြားထားသည်။[] အမေရိကန် ကြည်းတပ်မတော်၏ အစဉ်အလာအရ စစ်အကူလက်ရုံးအဖြစ် ခွဲခြားသတ်မှတ်ထားသော ဌာနခွဲများမှာ -

  • ဓာတုစစ်ဆင်ရေးတပ်ဖွဲ့
  • စစ်ထောက်လှမ်းရေးတပ်ဖွဲ့
  • တပ်ထိန်းတပ်ဖွဲ့
  • အချက်ပြဆက်သွယ်ရေးတပ်ဖွဲ့


ကြည်းတပ်သည် စစ်လက်ရုံး / စစ်အကူလက်ရုံး / စစ်အကူလက်ရုံးဝန်ထမ်း ဟူ၍ အမျိုးအစားခွဲခြားခြင်းစနစ်ကို၂၀၀၈ ခုနှစ်ထိ အသုံးမပြုဘဲ အောက်ပါဌာနခွဲများသည် သတ်မှတ်ထားသော ခုနှစ်မှစ၍ စစ်အကူလက်ရုံး အဖြစ်သတ်မှတ်ထားသည်။ (မှတ်ချက်။ ။ ကြည်းတပ်မတော် လေကြောင်းနှင့် အင်ဂျင်နီယာများသည် အမှန်တကယ်တွင် စစ်လက်ရုံးဌာနခွဲများ၏ စစ်အကူလက်ရုံး နှင့် စစ်အကူလက်ရုံးဝန်ထမ်းအခန်းကဏ္ဍများ၌ ပါဝင်သည်။)

  • တပ်မတော်(ကြည်း) လေကြောင်းပျံသန်းရေးတပ်ဖွဲ့
  • ဆောက်လုပ်ရေးတပ်ဖွဲ့
  • စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့
  • စစ်အင်ဂျင်နီယာတပ်ဖွဲ့[] 

မြန်မာ့တပ်မတော်

[ပြင်ဆင်ရန်]

မြန်မာ့တပ်မတော်တွင် အောက်ပါတပ်ဖွဲ့များသည် ၎င်းတို့၏ အထူးပြုထားသော စစ်ဆင်ရေးဆိုင်ရာ အခန်းကဏ္ဍအရ စစ်အကူလက်ရုံးတပ်ဖွဲ့များ ဖြစ်လေသည် - [ကိုးကားချက်လိုသည်]

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Intelligence Jobs & Careers 17 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2021 တွင် ပြန်စစ်ပြီး။
  2. Army Branches 21 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2021 တွင် ပြန်စစ်ပြီး။
  3. UNC Charlotte Army ROTC: Career Path & Branch Homepages, Branches Overview http://arotc.uncc.edu/links/career-path-branch-homepages 20 December 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Retrieved 12 December 2016.
  4. U.S. Army Field Manual FM 3-90: Tactics (dated 4 July 2001), Appendix A: Army Branches and Tactical Echelons, Appendix A: Army Branches and Tactical Echelons, A-2, A-13, A-14, A-15, and A-16. Combat Arms, as well as A-8. Combat Support, Figure A-2. Combat Support Capabilities http://www.bits.de/NRANEU/others/amd-us-archive/fm3-90(01).pdf. Retrieved 12 December 2016.