စစ်စလီငယ်
စစ်စလီငယ် (သို့) စစ်စလီရေဝမ်းဘဲ (အင်္ဂလိပ်: Lesser Whistling Duck) | |
---|---|
![]() | |
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်တွင် ရိုက်ကူထားသည့် စစ်စလီငယ် တစ်ကောင် | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးရင်း: | Anatidae |
မျိုးရင်းသေး: | Dendrocygninae |
မျိုးစု: | Dendrocygna |
မျိုးစိတ်: | D. javanica
|
ဒွိနာမ | |
Dendrocygna javanica (Horsfield, 1821)
| |
![]() | |
အစိမ်းရောင်။ အမြဲနေထိုင်ကျက်စားရာ ဒေသ
အပြာရောင်။ နွေရာသီကျက်စားရာ ဒေသ |
စစ္စလီ ရေဝမ်းဘဲ (Lesser Whistling Duck) အား အိန္ဒိယစစ္စလီဘဲ၊ စစ္စလီငယ် ဟုလည်း ခေါ်လေ့ရှိသည်။ စစ္စလီ ရေဝမ်းဘဲသည် စစ္စလီ မျိုးစိတ်ဖြစ်ပြီး အိန္ဒိယကျွန်းဆွယ်နှင့် အရှေ့တောင်အာရှတို့တွင် ပေါက်ဖွားသော ဒေသရင်း ငှက် မျိုးစိတ်ဖြစ်လေသည်။
စစ္စလီဘဲများသည် ညအချိန်တွင် အစာရှာသည့် ငှက်များဖြစ်ကြသဖြင့် နေ့ခင်းဘက်တွင် ယင်းတို့အား ရေကန်များနှင့် စိုစွတ်သော လယ်ကွင်းများတွင် တွေ့ရှိနိုင်သည်။ စစ္စလီဘဲများမှာ သစ်ပင်ပေါ်တွင်လည်း ကောင်းစွာ ရပ်နိုင်သွားလာနိုင်သောကြောင့် တခါတရံ သစ်ပင်၏အပေါက်တွင် ၎င်းတို့၏ အသိုက်ကို ဆောက်လေ့ရှိသည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/b/bd/DendrocygnaFeather.svg/220px-DendrocygnaFeather.svg.png)
စစ္စလီ မျိုးစုဝင်ဖြစ်သည့် အတိုင်းပင် ပျံသန်းရာတွင် ၎င်း၏လည်ပင်ရှည်ကြီးနှင့် ကျယ်လောင်သော လေချွန်သကဲ့သို့ အသံနှစ်ချက်ဆင့်ထုတ်ပြီး ၎င်း၏ကျယ်ပြန့်သည့် အတောင်များကိုလည်း ကောင်းမွန်ထင်ရှားစွာ မြင်ရသည်။
စစ္စလီ ရေဝမ်းဘဲ၏ ထူးခြားချက်မှာ ဘဲမြီးပိုင်းတွင် နို့နှစ်ရောင်ရှိသော ထင်ရှားသည့် ဖင်မြီးပါရှိ၍ ထိုအချက်သည် ၎င်းနှင့်မျိုးတူဖြစ်သည့် စစ္စလီကြီးနှင့် ကွဲပြားသွားစေသည်။
(en: Whistling, ဝှစ်စလင်း) ဟူသည့် အင်္ဂလိပ် အမည်နှင့် မြန်မာအမည် စစ်စလီ တို့သည့် ဆက်စပ်မှုရှိနိုင်သည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/6/6f/Lesser_Whistling-ducks-_Landing_together_I2_IMG_1067.jpg/220px-Lesser_Whistling-ducks-_Landing_together_I2_IMG_1067.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/5/5a/Dendrocygna_flight.jpg/220px-Dendrocygna_flight.jpg)
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Dendrocygna javanica". IUCN Red List of Threatened Species 2012. IUCN.