စကင်ဒီနေဗီးယားဒေသ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စကင်ဒီနေဗီးယားဒေသ[ပြင်ဆင်ရန်]

ဥရောပတိုက် မြောက်ပိုင်း၌ ရှိ၍ ရှေးက စကင်ဒီးယား ဒေသဟု တွင်ခဲ့သော စကင်ဒီနေဗီးယား ဒေသတွင် ယေဘုယျအားဖြင့် စကင်ဒီနေဗီးယန်းကျွန်းဆွယ်ရှိ နော်ဝေးနှင့် ဆွီဒင်တို့ ပါဝင်သည်။ ဘူမိဗေဒအနေအထား၊ စီးပွားရေး အကြောင်းအရာ၊ မနုဿဗေဒ၊ ယဉ်ကျေးမှုနှင့် ဘာသာဗေဒ အခြေခံ အချက်များကို ထောက်ရှု၍ ဖင်လန် နိုင်ငံ၊ အိုက်စလန်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံပိုင်ဖဲရိုးကျွန်းစုတို့ကိုပါ အချို့ပညာရှင်တို့က ထည့်သွင်းသတ်မှတ်ကြသည်။ စကင်ဒီနေ ဗီးယားဟူသော ဝေါဟာရထက် ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ နော်ဝေးနှင့် ဆွီဒင်တို့ ခြောက်နိုင်ငံလုံးကို ခြုံငုံမိအောင်ခေါ်ဝေါ် ရာ၌ 'နော့ဒင်း' ဟူသော ဝေါဟာရကို ယခုအခါ ပိုမို တွင်ကျယ်စွာ သုံးနှုန်းကြသည်။ ယင်း ခြောက်နိုင်ငံတွင် ၁၉၈၅-၈၆ ခုနှစ်အတွင်း နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ပြောင်းလဲမှုများ ရှိသည်။

နော်ဝေး[ပြင်ဆင်ရန်]

နော်ဝေးနိုင်ငံ ကမ်းလွန်ရေနံတွင်း လုပ်သားများက လစာကို ၂၆ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်း အတွင်း တိုးမြှင့်ပေးရန် ၁၉၈၆ ခုနှစ် ဧပြီလ ၆ ရက်နေ့၌ သပိတ်မှောက်ခဲ့ကြသည်။ ယင်းသပိတ်ကြောင့် ကမ္ဘာ့ နေ့စဉ် ဝယ်လိုအား၏ ၂ ရာခိုင် နှုန်းခန့် (နေ့စဉ် ရေနံစည်ပေါင်း ၉ဝဝဝဝဝ ခန့်) ထုတ်လုပ်မှု သည် ရပ်ဆိုင်းသွားခဲ့ရသည်။ ထို့ကြောင့် မြောက်ပင်လယ်ဒေသ ၏ ရေနံစိမ်းအထွက် ဈေးကွက် စံဈေးနှုန်း သတ်မှတ်ရာတွင် သုံးသော ဘရင့်ရေနံစိမ်းသည် ဧပြီလ ၁ရက်နေ့က တစ်စည် လျှင် ၁ဝ ဒေါ်လာနှုန်းအောက် ကျဆင်းနေရာမှ တစ်စည်လျှင် ၁၄ ဒသမ ၅ ဒေါ်လာသို့ မြင့်တက်သွားခဲ့သည်။


နှစ်ပတ်မျှကြာသော် မြောက်ပင်လယ်ဒေသရှိ ဗြိတိန်-နော်ဝေး နယ်ခြားမျဉ်းပေါ်တွင် ကန့်လန့်ဖြတ်၍ တည်ရှိသော ဖရစ်ရေနံမြေ၌ ဗြိတိန်ပိုင်သည့်ဘက်သို့ ယင်း သပိတ်သည် ကူးစက်သွားခဲ့ပြန်သည်။ ထို့ပြင် သတ္တုလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း၊ လျှပ်စစ်ဓာတုကုန်ထုတ်လုပ်ငန်းတို့မှ လုပ်သားတစ်သိန်းတို့မှ တို့ကလည်း လစာတိုးမြှင့်ပေးရေးသပိတ်များ ဆင်နွှဲသဖြင့် အလုပ်ရှင်တို့က အလုပ်ခွင်ကို ပိတ်၍ တန်ပြန် ထိုးနှက်ရာမှ ၁၉၃၁ ခုနှစ် နောက်ပိုင်းတွင် အပြင်းထန်ဆုံးသော အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ ပေါ်ပေါက်သည်။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလမှစ၍ တစ်ပတ်လျှင်ပျမ်းမျှ အလုပ်ချိန် နာရီ ၄ဝ မှ ၃၇ နာရီခွဲသို့ လျှော့ချပေးရန်၊ လုပ်ခကို တစ်နာရီလျှင် တစ်ခရိုနာ တိုးပေးရန် စသည့် အချက်များတွင် သဘောတူညီမှုရ၍ ဧပြီလ ၁၅ ရက်နေ့တွင် အလုပ်သမား တို့က သပိတ်လှန် လိုက်သည်။

ကမ္ဘာ့ ရေနံဈေးနှုန်း ဖရိုဖရဲ ဖြစ်မှုကြောင့် နော်ဝေးနိုင်ငံ၏ စီးပွားရေးဆိုးကျိုးပေါ်ပေါက်နေရခြင်းကို အပြောင်းအလဲ ဖြစ်စေ ရန် ကြိုးပမ်းသည့် အနေဖြင့် ခြိုးခြံချွေတာရေး အစီအစဉ် တစ်ရပ် ချမှတ်ခဲ့သည်။ ယင်းအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါလီမန် (စတော့တင်း)သို့ အစိုးရက အဆိုပြု လာသော ရေနံခွန် တိုးမြှင့်ရေး အစီအစဉ်အပေါ် ၁၂ နာရီ ကြာမျှ ဝေဖန် ဆွေးနွေးကြပြီး ဧပြီလ ၃ဝ ရက်နေ့တွင် မဲခွဲ သည်။ အစိုးရ၏ အဆိုသည် ၇၉ မဲ၊ ၇၈ မဲဖြင့် အရေးနိမ့် သွားသဖြင့် ဝန်ကြီးချုပ် ကားဝီလော့သည် ဘုရင်အိုလော့ထံ နုတ်ထွက်လွှာ တင်သွင်းလိုက်ရသည်။ နော်ဝေး နိုင်ငံတွင် ၁၉၆၃ ခုနှစ်ကလည်း လေဘာအစိုးရသည် အယုံအကြည်မရှိ အဆိုကို ရှုံးနိမ့်၍ နုတ်ထွက် ပေးခဲ့ရဖူးသည်။ ဝီလော့သည် ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ ဝန်ကြီးချုပ် တာဝန်ယူလာခဲ့သည်။ ဝီလော့သည် ၁၉၈၃ ခုနှစ် ဇွန်လမှစ၍ ၎င်း၏ ကွန်ဆာဗေးတစ်ပါတီကို ခရစ်ယာန် ပြည်သူ့ပါတီနှင့် ဗဟိုပါတီတို့နှင့် ညွှန်ပေါင်းအစိုးရဖွဲ့ကာ ဦးဆောင်နေရသည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလက အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပြီးသား နေရာများ လက်လွှတ်လိုက်ရသဖြင့် တိုးတက် ရေးပါတီမှ နှစ်နေရာကို အားကိုးအားထား ပြုကာ ညွှန်ပေါင်း အစိုးရ ဖွဲ့ထားခဲ့ရသည်။ ၁၉၈၆ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ပါလီမန်တွင် အရေးနိမ့်ခဲ့ရခြင်းမှာ ယင်းအမတ်နှစ်ဦးက လေဘာပါတီနှင့် လက်ဝဲဆိုရှယ်လစ်တို့နှင့်အတူ ကန့်ကွက်မဲ ပေးခဲ့ကြခြင်းကြောင့် ဖြစ်သည်။

မေလ ၂ ရက်နေ့တွင် လေဘာပါတီ ခေါင်းဆောင်မစ္စက် (ဒေါက်တာ) ဂရိုဟာလံဗရန့်လန်းက အဖွဲ့ဝင် ၁၈ ဦး ပါဝင် သော အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းသည်။ ယင်းအစိုးရအဖွဲ့တွင် အမျိုးသမီးရှစ်ဦး ပါဝင်သည်။ အစိုးရအဖွဲ့ဝင်တို့၏ ပျမ်းမျှ အသက်သည် ၄၇.၅ နှစ်သာ ရှိ၍ နော်ဝေးနိုင်ငံသမိုင်းတွင် အနုပျိုဆုံးပင် ဖြစ်သည်။ မစ္စက် (ဒေါက်တာ)ဗရန့်လန်းသည် ဝီလော့အာဏာမရမီက ၁၉၈၁ ခုနှစ်အတွင်း ရှစ်လတာမျှ ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသည်။ ၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ကမ္ဘာ့ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခံရ၍ ယင်းကော်မရှင်သည် ဗရန့်လန်း ကော်မရှင်ဟုတွင်သည်။

ဒိန်းမတ်နိုင်ငံ[ပြင်ဆင်ရန်]

ဒိန်းမတ်နိုင်ငံတွင် လက်ယာယိမ်းသော လေးပါတီ ညွှန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၈၂ ခုနှစ်မှ စ၍ တာဝန်ယူလာခဲ့သော ပေါရှလွတ်တာသည် ၁၉၈၄ ခုနှစ် ဇန်နဝါရီလက အထွေထွေ ရွေးကောက်ပွဲတွင် တစ်နေရာ အသာဖြင့်သာ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ဥရောပဘုံဈေးအဖွဲ့ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ 'သီးခြားဥပဒေ အက်ဥပဒေ'ကို ဒိန်းမတ်နိုင်ငံ လက်မှတ်ထိုးသင့်၊ မထိုးသင့်ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပါလီမန် (ဖော့ ကက်တင်း)၌ အဆုံးအဖြတ် ခံယူရာ ထောက်ခံမှုမရ၍ လက်မှတ်မထိုးရဘဲ ရှိခဲ့သည်။ ဥရောပဘုံဈေးအဖွဲ့ဝင် ၁၂ နိုင်ငံအနက် ကိုးနိုင်ငံက လက်မှတ်ထိုးပြီးဖြစ်သော ယင်း အက်ဥပဒေကို အီတလီနှင့်ဂရိနိုင်ငံတို့ကလည်း လက်မှတ် မထိုးဘဲနေကြသည်။ ဒိန်းမတ်ပါလီမန်တွင် ယင်းအက်ဥပဒေပါ ပြန်လည်ထူထောင်ရေးအချက်များကို ပယ်ချရန်နှင့် ယင်းအစီ အစဉ်ကို ပြန်လည်ညှိနှိုင်းရန် အတိုက်အခံတို့ တင်ပြသည့် ဆုံးဖြတ်ချက်သည် ဆိုရှယ်ဒီမိုကရက်များ၊ တစ်ယူသန်ဝါဒီများ၊ လက်ဝဲဆိုရှယ်လစ်များနှင့်ဆိုရှယ်လစ် ပြည်သူ့ပါတီအဖွဲ့ဝင်များ ၏ ထောက်ခံမဲ ၈ဝ ရ၍ ကန့်ကွဲမဲ ၇၅ မဲ၊ ကြားနေ ၂၃ မဲ သာရှိသဖြင့် အနိုင်ရရှိကာ အတည်ပြုခြင်း ခံရသည်။ ယင်း ကိစ္စကို ပါလီမန်သို့ ဒုတိယအကြိမ် တင်ပြသောအခါ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အဆုံးအဖြတ် ခံယူရန် ဆုံးဖြတ် သည်။

ယင်းဆန္ဒခံယူပွဲသည် သီးခြား ဥပဒေအက်ဥပဒေကို လက်ခံ သင့် လက်မခံသင့် ပြဿနာကိုသာမက ဥရောပ ဘုံဈေးအဖွဲ့ တွင် ဒိန်းမတ်နိုင်ငံ ဆက်လက် ပါဝင်သင့်၊ မသင့်ကိုပါ အဆုံး အဖြတ် ပေးရာရောက်သည်ဟု ခံယူကာ နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လာသည်။ ဒိန်းမတ်နိုင်ငံ၏ ပြည်ပပို့ကုန်အားလုံး၏ ထက်ဝက်ခန့်သည် ဘုံဈေးအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရခြင်း ဖြစ်၍ ဘုံဈေးအဖွဲ့မှ နုတ်ထွက်လိုက်သည်ရှိသော် တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာသန်းပေါင်း ၂၉ဝဝ နစ်နာ ဆုံးရှုံးရမည်ဟု ဆိုသည်။ ၁၉၈၆ ခုနှစ် ဖေဖော်ဝါလီလ ၂၇ ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာ လာရောက် မဲပေးသူ ၇၄ ဒသမ ၈ ရာခိုင်နှုန်း မဲပေးကြသည်။ ဘုံဈေး အဖွဲ့၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ၅၆ ဒသမ ၂ ရာခိုင်နှုန်းက ထောက်ခံ၍ ၄၃ ဒသမ ၈ ရာခိုင်နှုန်းက ကန့်ကွက်သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလတွင် ဥရောပ ဘုံဈေးသို့ ဝင်ရောက်ရေးအဆိုအပေါ်ဆန္ဒခံယူပွဲ ကျင်းပခဲ့စဉ်က မဲပေးသူ ၉ဝ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်။ ၁၉၈၆ ခုနှစ် ဆန္ဒခံယူပွဲမှာမူ ဒိန်းမတ်နိုင်ငံသမိုင်းတွင် ဒုတိယအကြိမ်မြောက် အတိုင်ပင်ခံ ပြည်သူ့ဆန္ဒခံယူပွဲဟု ဆိုနိုင်သည်။ ၁၉၁၆ ခုနှစ် က ကျင်းပသော ပထမဦးဆုံး အတိုင်ပင်ခံ ပြည်သူ့ဆန္ဒခံယူပွဲ သည် ဒိန်းမတ်ပိုင်အနောက် အင်ဒီးစ်ကျွန်းစု(ဗားဂျင်းကျွန်းစု)ကို အမေရိကန်ပြည်ထောင်စုသို့ ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ ရန် သဘောတူခဲ့သည်။

ဒိန်းမတ်နိုင်ငံ၌ ၁၉၈၆ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး မကြာမီ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒိန်းမတ်နိုင်ငံ သာမက ဂရိနှင့် အီတလီတို့ကပါ သီးခြား ဥရောပအက်ဥပဒေ ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၌ လက်မှတ်ရေးထိုး လိုက်ကြ သည်။ ထို့ကြောင့် လက်မှတ်ထိုးသောအဆင့် ပြီးဆုံး၍ ၁၉၅၇ ခုနှစ် ရောမစာချုပ်ကို ပြောင်းလဲစေသည့် ပြုပြင်ပြောင်းလဲရေး အဆိုများကို အဖွဲ့ဝင် ၁၂နိုင်ငံရှိ အမျိုးသားပါလီမန် အသီးသီး က အတည်ပြုပေးကြရမည် ဖြစ်သည်။ ဒိန်းမတ်ဝန်ကြီးချုပ် ပေါရှ လွတ်လာ သည် ၁၉၈၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အစိုးရအဖွဲ့ကို အကြီးအကျယ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။ ဝန်ကြီးသစ်ခြောက်ဦးကို ခန့်ထား၍ ဝန်ကြီးနေရာ ကိုးနေရာတွင် အပြောင်းအလဲ ဖြစ်သွားသည်။

ဒိန်းမတ် အစိုးရအဖွဲ့သည် ပါလီမန်၌ ကာကွယ်ရေး မူဝါဒ နှင့် ဆက်စပ်သော အဆုံးအဖြတ် ခံယူမှုများတွင် အရေးနိမ့်မှု များ ကြုံတွေ့ရသည်။ ၁၉၈၄ ခုနှစ် နိုဝင်ဘာလက ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကော်မတီတွင် နျူကလီးယားလက်နက် များကို လက်ဦးမှုယူ၍ သုံးစွဲခြင်းကို ပိတ်ပင်သည့် ဆုံးဖြတ် ချက် မူကြမ်း တစ်ရပ်ကို ကျူဗား၊ အရှေ့ဂျာမနီနှင့်ဟန်ဂေရီ တို့က ကမကထပြု၍ တင်သွင်းလာသောအခါ ဒိန်းမတ် အစိုးရသည် အခြားသော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)အဖွဲ့ဝင် နိုင်ငံများနှင့်လက်တွဲ၍ ကန့်ကွက်မဲ ပေးခဲ့ သည်။ ထိုလုပ်ရပ်သည် ပါလီမန်၏အဆုံးအဖြတ် တစ်ရပ်ကို ဆန့်ကျင်ရာရောက်၍ ပါလီမန်၌ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရ သည်။ သို့ရာတွင် အတိုက်အခံဘက်က အစိုးရပေါ် အယုံ အကြည်မရှိ အဆိုတင်သွင်းခြင်း မပြုခဲ့ချေ။ တစ်ဖန် ဥရောပ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် ခေတ်မီဆန်းသစ်သော နျူး ကလီးယား လက်နက်များ ဖြန့်ကြက်ချထားခြင်းကို ဆန့်ကျင် သည့် ထိရောက်သော ကြိုးပမ်းမှုဟူသမျှကို အစိုးရက ထောက်ခံအားပေးသွားရန် တိုက်တွန်းထားသည့် အဆိုတစ်ရပ် ကို ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဒိန်းမတ်ပါလီ မန်၌ ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ လေးမဲ၊ ကြားနေ ၅၇ မဲဖြင့် အတည်ပြုခဲ့သည်။ ထောက်ခံသူများတွင် အဓိကအင်အား မှာ ဆိုရှယ်ဒီမိုကရက်တစ်များ ဖြစ်ကြသည်။ ကြားနေသူများ သည် ညွှန်ပေါင်းအစိုးရ အဖွဲ့ဝင်ပါတီများ ဖြစ်ကြသည်။ ထို့ပြင် ၁၉၈၆ ခုနှစ် မေလ ၂ဝ ရက်နေ့ကလည်း နေတိုး တပ်ဖွဲ့ ရည်မှန်းချက်များအရ အမေရိကန်ပြည်ထောင်စုသည် ဓာတု လက်နက်များကို ပြန်လည် ထုတ်လုပ်သင့်သည်ဟု အဆိုတင်သွင်းသည့် လုပ်ရပ်တွင် ဒိန်းမတ်နိုင်ငံမပါဝင်ရန် ပါလီမန်က ဆုံးဖြတ်ခဲ့သည်။ ထိုအဆုံးအဖြတ်တွင်လည်း ညွှန့်ပေါင်းအစိုးရ အဖွဲ့ဝင်များက ကြားနေခဲ့ကြသည်။ ဒိန်းမတ်နိုင်ငံတွင် ခိုလှုံလာကြသော ဒုက္ခသည်များနှင့် ပတ်သက်၍ ပျော့ပျောင်းသောလက်ရှိဥပဒေကို ပြင်ဆင်သည့် ပြဋ္ဌာန်းချက်များကို ၁၉၈၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပါလီမန်၌ ထောက်ခံမဲ ၁၁၂ မဲ ကန့်ကွက်မဲ ၃၂ မဲဖြင့် အတည်ပြုခဲ့သည်။ ယင်းပြင်ဆင်ချက်များအရ ခိုလှုံခွင့်ပေးရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပိုမိုတင်းကျပ်လာသည်ဟုဆို သည်။ ဒိန်းမတ်နိုင်ငံသို့ ရောက်လာကြသော ဒုက္ခသည်များတွင် လက်ဗနွန်၊ အီရန်၊ တူရကီတို့မှ အများစုဖြစ်ပြီး ပိုလန်နိုင်ငံမှ အနည်းငယ်ပါဝင်သည်။ ၁၉၈၃ ခုနှစ်က ၁၃၃၂ ဦးသာရှိခဲ့ရာမှ ၁၉၈၄ ခုနှစ်တွင် ၄၃၁၂ ဦးသို့ တစ်ရှိန်ထိုး များပြားလာ သည်။ ၁၉၈၅ ခုနှစ်က ၈၇ဝဝ နီးပါးဝင်ရောက်လာကြသည့် အနက် ၆၃၁၃ ဦးကို ခိုလှုံခွင့်ပေးခဲ့သည်။ ၁၉၈၆ ခုနှစ် စက်တင်ဘာလ တစ်လတည်းမှာပင် ဒုက္ခသည် ၂၉၁၅ ဦး ဝင်ရောက်လာသဖြင့် ၃ဝဝဝ ကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့သည်။ ယင်းသို့ တစ်စထက်တစ်စ များပြားလာသော ဒုက္ခသည်အရေ အတွက် လျော့ကျသွားစေရန် ပါလီမန်၌ ဥပဒေသစ်တစ်ရပ်ကို အောက်တိုဘာလ ၁ဝ ရက်နေ့တွင် အတည်ပြုလိုက်သည်။

အဓိကအားဖြင့် အနောက်ဂျာမနီမှ ဝင်လာသော နိုင်ငံမဲ့ ပါလက်စတိုင်းများနှင့် တမီလူမျိုးတို့ကို ခိုလှုံခွင့်ပေးမှု လျော့ချ ခြင်းအားဖြင့် ပါလီမန်၌ ဥပဒေသစ်တစ်ရပ်ကို အောက်တိုဘာ လ ၁ဝ ရက်နေ့တွင် အတည်ပြုလိုက်သည်။ အဓိကအားဖြင့် အနောက်ဂျာမနီမှ ဝင်လာသော နိုင်ငံမဲ့ ပါလက်စတိုင်းများ နှင့်တမီလူမျိုးတို့ကို ခိုလှုံခွင့်ပေးမှု လျှော့ချအားဖြင့် ဒုက္ခသည် အရေအတွက် ထက်ဝက် လျော့ကျ သွားလိမ့်မည်ဟု တွက်ဆ ထားသည်။ ဥပဒေသစ်အရ ဒိန်းမတ် သံအဖွဲ့များက ထုတ်ပေး ထားသော တရားဝင် ပတ်စပို့လက်နက်နှင့် အထူးဗီဇာကို လက်ဝယ်ရှိထားမှသာ ခိုလှုံခွင့် လျှောက်ထားနိုင်သည်။ ယခင် က ခိုလှုံခွင့်တောင်းသူများသည် ၎င်းတို့၏လျှောက်လွှာများကို စိစစ်နေစဉ် အတော်အတွင်း ဒိန်းမတ်ပြည်တွင်း၌ နေထိုင်နိုင် ခွင့်ရသော်လည်း ယခုပြဋ္ဌာန်းလိုက်သော ဥပဒေအရ လျှောက် လွှာအပေါ် အပြီးသတ် ဆုံးဖြတ်ချက် မရသေးဘဲ ဒိန်းမတ် ပြည်တွင်း၌ နေထိုင်ခွင့် မရှိချေ။

အိုက်စလန်[ပြင်ဆင်ရန်]

အိုက်စလန်နိုင်ငံတွင် ၁၉၈၆ ခုနှစ် ဇန်နဝါရီလမှစ၍ နိုင်ငံခြားရေးဝန်ကြီး ဂိုင်ယာဟောဂရင်းဆင်သည် နုတ်ထွက် သွားတော့မည် ဖြစ်သဖြင့် ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အစိုးရအဖွဲ့ ပြင်ဆင် ဖွဲ့စည်းခဲ့ရသည်။ ဟောဂရင်း ဆင်သည် ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ၁၉၈၃ ခုနှစ် ဧပြီလက ပါလီမန် (အာ့လတင်း)သို့ ပြန်လည်ရွေးချယ်တင်မြေ|ာက်ခြင်း မခံရ၍ လွတ်လပ်ရေးပါတီ (အိုင်ပီ)၏ ခေါင်းဆောင်အဖြစ်မှပါ နုတ်ထွက်ခဲ့ရသည်။ ဟောဂရင်းဆင်သည် ၁၉၈၆ ခု နှစ်တွင် အိုက်စလန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဖြစ်လာသည်။ ဟောဂရင်း ဆင်နုတ်ထွက်မှုနှင့် အစားထိုးခန့်အပ်မှု သည် ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍သာ အကျိုးသက်ရောက်သော် လည်း အစိုးရအဖွဲ့ ပြင်ဆင် ဖွဲ့စည်းမှုမှာမူ ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ တရားဝင်အတည်ဖြစ် သည်။ တိုးတက်ရေး ပါတီ (ပီပီ)မှ စတိုင် ဂရီမာ ဟာမန်ဆင် ဦးဆောင်၍ ၁၉၈၃ ခုနှစ် မေလမှစ၍ ဖွဲ့စည်းခဲ့သော ယင်း အစိုးရ အဖွဲ့တွင် အိုင်ပီပါတီဝင်ဝန်ကြီး ခြောက်ဦးပါဝင်သည်။ အိုက်စတန်နိုင်ငံ ရစ်ခေယာဗစ်မြို့၌ ၁၉၈၆ ခုနှစ် အောက် တိုဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် အမေရိကန် သမ္မတ ရော်နယ်ရေဂင်နှင့် ဆိုဗီယက်ခေါင်းဆောင် မီခါယီး ဂေါ်ဘာချော့တို့ တွေ့ဆုံဆွေးနွေးသော ထိပ်သီးအစည်းအဝေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။

ဖင်လန်နိုင်ငံ[ပြင်ဆင်ရန်]

ဖင်လန်ကွန်မြူနစ်ပါတီ (အက်စ်ကေပီ)ဗဟိုကော်မတီသည် စတာလင်ဝါဒီ လူနည်းစုကို သစ္စာခံသူ ခရိုင် အဆင့်ပါတီအဖွဲ့ ရှစ်ခုကို ပါတီမှ ထုတ်ပယ်ရန် ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တညီ တညွတ်တည်း ဆုံးဖြတ်သည်။ ဥရောပ ကွန်မြူနစ်ဝါဒီတို့သည် ၁၉၆၆ ခုနှစ်မှစ၍ သဘောထားကွဲလွဲ လျက်ရှိရာမှ ၁၉၈၄ ခုနှစ် မေလကကျင်းပသော ပါတီ ညီလာခံတွင် ဥရောပကွန်မြူနစ်ဝါဒီတို့က လွှမ်းမိုးစပြုလာကာ ၁၉၈၅ ခုနှစ် မတ်လကကျင်းပသော အရေးပေါ် ညီလာခံ၌ ပိုမိုဩဇာညောင်းလာသည်ဟု ဆိုသည်။

အက်စ်ကေပီ၏အစီအစဉ်သစ်တစ်ရပ်ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ပါတီဗဟိုကော်မတီက ထုတ်ပြန် ခဲ့သည်။ ယင်းအစီအစဉ်တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီနှင့် အရှေ့ဥရောပကွန်မြူနစ်ပါတီတို့နှင့် ဆက်ဆံရေးသည်လည်း အထူးပင် အရေးကြီးလှသည့်နည်းတူ အနောက်ဥရောပ ကွန်မြူနစ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း မစွက်ဖက်ရေးနှင့် တစ်နိုင်ငံက ရွေးချယ်ထားသည့် လမ်းစဉ်ကို အခြားတစ်နိုင်ငံက ရွေးချယ်ထားသည့် လမ်းစဉ်ကို လေးစားရေး မူနှင့်အညီ အလေးအနက်ထား ဆောင်ရွက်သွား အပ်သည်ဟု ဖော်ပြထားသည်။

လူနည်းစု စတာလင်ဝါဒီတို့သည် ၁၉၈၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် အက်စ်ကေပီမှ ခွဲထွက်၍ ဒီမိုကရက်တစ်အော်လ တာနက်တစ်ပါတီကို ထူထောင်သည်။ အက်စ်ကေပီ ဗဟို ကော်မတီတစ်ရပ်လုံး၏ ဒုတိယ ဥက္ကဋ္ဌဟောင်းတာရစ္စတိုဆီနစ် ဆာလိုက ယင်းပါတီ၏ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၈၂ ခုနှစ် က အက်စ်ကေပီ ဥက္ကဋ္ဌရာထူးကို လက်လွှတ်ခဲ့ရသော ဂျိုကို ကာဂျာနိုဂျာက အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဆောင်ရွက်သွားမည်ဖြစ်သည်။ အက်စ်ကေပီနှင့် ဖင်းနစ်ပြည်သူ့ ဒီမိုကရက်တစ်အဖွဲ့ချုပ် (အက်စ်ကေဒီအယ်) တို့၏ မဟာမိတ် အဖွဲ့က ပါလီမန်တွင် ဖွဲ့ထားသော အမတ် ၂၇ ဦးအဖွဲ့မှ လူနည်းစုဂိုဏ်းခွဲကို ထောက်ခံသူ အမတ် ၁ဝ ဦးကို ထုတ်ပယ် လိုက်သည်။ ထို့ကြောင့် ယင်း ၁ဝဦးက ပါလီမန်၌ ဒီမိုကရက် တစ်အော်လတာနယ်တစ်အုပ်စု သီးခြားထူထောင်သည်။ ဖင်လန်နိုင်ငံတွင် ၁၉၅၆ ခုနှစ်မှစ၍ သမ္မတအဖြစ် ဦးဆောင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ကျန်းမာရေးအခြေအနေ ကြောင့် နုတ်ထွက်ခဲ့သော ဒေါက်တာကက်ကိုနင်သည် ၁၉၈၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ (အသက် ၈၆ နှစ်မပြည့်မီ သုံးရက်အလို)တွင် ကွယ်လွန်သွားသည်။


ဆွီဒင်နိုင်ငံ[ပြင်ဆင်ရန်]

ဆွီဒင်နိုင်ငံတွင် ၁၉၆၉ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိနှင့် ၁၉၈၂ ခုနှစ် နောက်ပိုင်းတို့တွင် ဝန်ကြီးချုပ် တာဝန်ယူခဲ့သော အိုလော့ပါးမားသည် ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေ့က စတော့ဟုမ်းမြို့တော်ရှိ ရုပ်ရှင်ရုံတစ်ရုံမှ လမ်းလျှောက် ပြန်လာစဉ် လူမသမာ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သဖြင့် ကွယ်လွန်သွားခဲ့သည်။ ပါးမားနှင့်အတူ လျှောက်လာ သော ဇနီးသည် ဒဏ်ရာအနည်းငယ် ရရှိသည်။ ပါးမား၏ ဆန္ဒအရ မြို့ထဲတွင် လွတ်လပ်စွာ လျှောက်လည်စဉ် သက်တော် စောင့် ကိုယ်ရံတော် ခေါ်လေ့မရှိချေ။ ပါးမားသည် ငြိမ်းချမ်း ရေး၊ လက်နက်ဖျက်သိမ်းရေး၊ တတိယကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတကာတွင် လေးစား ခံရသူဖြစ်သည်။


ပါးမားကို လုပ်ကြံသည်ဟု ကြေညာသော အကြမ်းဖက်ဝါဒီအဖွဲ့များမှာ အနောက်ဂျာမန် တပ်နီဂိုဏ်း (အာအေအက်ဖ်)၊ အာအေအက်ဖ် ဂိုဏ်းကို စတင်တည်ထောင်ခဲ့သူ၏အမည်ကိုစွဲ၍ ခေါ်ဝေါ်ထား သော ဟိုလဂါမိုင်း ကွန်မန်ဒို၊ ဥရောပ အမျိုးသားဝါဒီသမဂ္ဂ အမည်ရှိ မထင်ရှားလှသော ဥရောပနာဇီအုပ်စုတစ်စုတို့ ဖြစ်ကြ သည်။ ဟိုလဂါမိုင်းကွန်မန်ဒိုသည် ၁၉၇၅ ခုနှစ်က စတော့ ဟုမ်းရှိ အနောက်ဂျာမနီသံရုံးကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာ ခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ သတ်ဖြတ်လုပ်ကြံခြင်း၏ အကြောင်းရင်းကို လုံးဝမသိရသေးသည့်ပြင် တရားခံကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။

ဝန်ကြီးချုပ်သစ်အဖြစ် အင်ဂဗာ ကားလဆင်အား တာဝန် ပေးခြင်းကို ၁၉၈၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပါလီမန် (ရစ်ဒတ်)က ထောက်ခံမဲ ၁၇၈ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေ ၁၅၉ မဲဖြင့် အတည်ပြုသည်။ ထောက်ခံသူများမှာ ဆိုရှယ်လစ် ဒီမိုကရက်ပါတီဝင်များနှင့် ကွန်မြူနစ်လက်ဝဲပါတီဝင်များ ဖြစ် ကြသည်။ ကန့်ကွက်နေသူများမှာ လယ်ယာယိမ်းသော အတိုက် အခံ သုံးပါတီအဖွဲ့ဝင်များ ဖြစ်ကြသည်။ ကားလဆင်သည် အလုပ်သမားလူတန်းစား မိသားစုမှ မွေးဖွားခဲ့ပြီး ၁၉၅၈ ခုနှစ် တွင် ဝန်ကြီးချုပ်အယ်လန်းဒါး (၁၉ဝ၁- ၁၉၈၅)၏ အတွင်း ဝန်အဖြစ် စတင်အမှုထမ်းပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ သည်။ ၁၉၈၅ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီးဖြစ်လာခဲ့သည်။ ကားလဆင်၏ အစိုးရအဖွဲ့ တွင်မူ ဒုတိယဝန်ကြီးချုပ် ခန့်ထားခြင်း မပြုဘဲ ကားလဆင် တာဝန် မထမ်းဆောင်သည့် ကာလတွင် အစိုးရအဖွဲ့ အတွင်းရှိ အသက်အကြီးဆုံး ဝန်ကြီးက ကိုယ်စားတာဝန်ယူပေးမည်ဟု ဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)