ငွေတောင်ရွာ၊ ဒီးမော့ဆိုမြို့နယ်

ဝီကီပီးဒီးယား မှ
ငွေတောင်
ရွာ
ငွေတောင်ရွာ
Skyline of ငွေတောင်
ငွေတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ငွေတောင်
ငွေတောင်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°33′37″N 97°10′50″E / 19.5602684020996°N 97.1806030273438°E / 19.5602684020996; 97.1806030273438ကိုဩဒိနိတ်: 19°33′37″N 97°10′50″E / 19.5602684020996°N 97.1806030273438°E / 19.5602684020996; 97.1806030273438
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
ခရိုင်ဒီးမော့ဆိုခရိုင်
မြို့နယ်ဒီးမော့ဆိုမြို့နယ်
ကျေးရွာအုပ်စုငွေတောင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ငွေတောင်ရွာ(အင်္ဂလိပ်: Ngwetaung)သည် ကယားပြည်နယ်ဒီးမော့ဆိုခရိုင်ဒီးမော့ဆိုမြို့နယ်ငွေတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၅၀၆ ဖြစ်သည်။ [၁] ငွေတောင်ရွာသည် ဒီးမော့ဆို-လွိုင်ကော်ကားလမ်းဘေးတွင်ရှိပြီး ခရီးသည်များ တထောက်နားတတ်သဖြင့် စည်ကားသောရွာ ဖြစ်သည်။

၂၀၂၁ ဖြစ်စဉ်[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ မေလ ၂၁ ရက်မှ ဇွန်လ ၁၂ ရက်အကြား ငွေတောင်အခြေစိုက် ခလရ(၁၀၂) နှင့် လှုပ်ရှားစစ်ကူ ခမရ(၄၂၇) တို့က တဘက်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို) တို့က တဘက် တိုက်ပွဲများဖြစ်ရာ ရွာခံလူတို့ စစ်ရှောင်ရသည်။ [၂] ဇွန်လ လလယ်ပိုင်းတွင် အခြေအနေငြိမ်သက်စပြု၍ ရွာသားအချို့ ပြန်လာသည်တွင် အိမ်များ၊ ဆိုင်များ ပျက်စီးနေသည်ကို တွေ့ရ၏။ [၃] ရွာရှိ အထက်တန်းကျောင်းဝင်း၌လည်း အသတ်ခံရသော ရွာမှမဟုတ်သည့် အရပ်သား ၄ လောင်းကို တွေ့သည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. "ဒီးမော့ဆိုတိုက်ပွဲ စစ်ဘေးရှောင် ကလေးငယ်တစ်ဦး သေဆုံး". FRA Burmese. 2021-09-08. "... ခြောက်မိုင် ဒေါပိုးစီတဝိုက်ရယ်၊ ပြီးတော့ ငွေတောင် ဒီးမော့ဆိုနားတဝိုက်ရယ်၊ မနေ့ညကဆိုလို့ရှိရင် ငွေတောင်ဆည်မှာ၊ ဒီးမော့ဆိုမြို့မရဲစခန်းမှာဖြစ်တော့ အဲဒီအနီးအနားက ခန့်မှန်းခြေ ရွာ ၁၀ ရွာဝန်းကျင်လောက်တော့ ရှိလိမ့်မယ်။ အခု ဒီရက်မှာဆိုရင်လည်း တခြားရွာတွေလည်း ဆက်ရှောင်နေတုန်းပဲ ..."
  3. "ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ". Irrawaddy. 2021-06-15. "... တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း စစ်ကောင်စီတပ်များက ငွေတောင်ကျေးရွာတွင် တပ်စွဲခဲ့ ..."
  4. ချစ်သဲညှာ. "ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်း ကြိုးတုတ်ကာ မီးရှို့သတ်ခံထားရသည့် အလောင်း ၄ လောင်း ထပ်တွေ့ Archived 13 September 2021 at the Wayback Machine.". Civil Disobedience Movement Myanmar. 2021-06-17.