ငါးစည်ဖောင်းကော်

ဝီကီပီးဒီးယား မှ
ငါးစည်ဖောင်း

ငါးစည်ဖောင်းကော်သည် ပင်လယ်ငါးကြီး တစ်မျိုး၏ စည်ပေါင်းမှ ကြိုချက်ထုတ်လုပ်သော ဂျလယ်တင်း ကော်တစ်မျိုးဖြစ်သည်။ အရက်နှင့် ဘီယာများ သန့်စင်ရာတွင် လည်းကောင်း၊ အစားအစာများ ကြာရှည်ခံအောင် သိုထားရာတွင် လည်းကောင်း အသုံးပြုသည်။ အရောင်မှာ ဖြူ၏။ အလင်း မပေါက်တစ်ပေါက်ရှိ၍ မာသည်။ ထိုကော်၌ ဂျယ်လတင်း ၈၆ - ၉၃ % အထိ ပါသည်။ တခါတရံ ထို့ထက်ပင် ပါရှိသေး၏။ ရုရှားနိုင်ငံ စတားဂျင်ခေါ် ငါးမျိုးမှရသော ငါးစည်ဖောင်းကော်သည် အကောင်းဆုံးဟု အဆိုရှိလေ၏။ အရက်ကို ကြည်လင်အောင် ပြုလုပ်ရာ၌ ငါးစည်ဖောင်းကော်ကို အသုံးပြုကြသည်။ ကျောက်ကျောနှင့် ဟင်းချိုတို့၌ ဂျယ်လတင်းကို အသုံးချသကဲ့ သို့ ငါးစည်ဖောင်းကော်ကိုလည်း အသုံချရလေသည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "ငါးစည်ဖောင်းကော်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်
  2. လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးစည်ဖောင်းကော်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။