မြွေဟောက်

ဝီကီပီးဒီးယား မှ

မြွေဟောက်
Temporal range: MioceneHolocene
ပါးပြင်းထောင်နေသော အိန္ဒိယ မြွေဟောက် (Naja naja)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးစဉ်သေး:
မျိုးရင်း:
en:Elapidae (အချို့မှာ ချွင်းချက်အနေဖြင့်)

Laurenti, 1768

မြွေဟောက် ဆိုသည်မှာ အဆိပ်ရှိ မြွေ မျိုးစုံအား ခြုံငုံ၍ ခေါ်ဆိုလေ့ရှိသော အများသုံးအမည်ဖြစ်ပြီး အများစုမှာ ပါဏဗေဒအလိုအရ နာဂျာ (Naja) ဟု အမည်ရသော မြွေမျိုးစုဝင်များ ဖြစ်သည်။ [၁]

ဇီဝဗေဒ[ပြင်ဆင်ရန်]

လူသိများသော မြွေဟောက်အားလုံးသည် အဆိပ်ရှိကြပြီး အများစုမှာ ၎င်းတို့အပေါ်သို့ အန္တရာယ်တစုံတခုကျရောက်မည်ဟု သိရှိခံစားမိသည့်အခါတွင် ပါးပြင်းထောင်နိုင်စွမ်းရှိကြသည်။ [၂]

"မြွေဟောက်" ဟု သိရှိထားကြသည့် အခြားမြွေများ[ပြင်ဆင်ရန်]

"မြွေဟောက်" ဟု ခေါ်ဆိုလေ့ရှိကြသည့် ပါးပြင်းထောင်နိုင်သော မြွေ မျိုးစုနှင့် မျိုးစိတ်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • လည်ပင်းအရစ်ပါ အဆိပ်မှုတ် မြွေဟောက် (Hemachatus haemachatus) သည် အန္တရာယ်ကျရောက်လာသောအခါတွင် ပါးပျဉ်းထောင်၍ ပါးစပ်မှ အဆိပ်ဖြင့် မှုတ်တတ်သော အလေ့အထရှိသည်။ [၃]
  • တောကြီးမြွေဟောက် (သို့) ငန်းပုပ် (Ophiophagus hannah) [၄]
  • သစ်တက်မြွေဟောက် နှစ်မျိုးဖြစ်သော Goldie's tree cobra (Pseudohaje goldii) နှင့် black tree cobra (Pseudohaje nigra)
  • နှာတံတိုမြွေဟောက် မျိုးစိတ် နှစ်မျိုးဖြစ်သော ကိပ်သန္တာမြွေ ( Aspidelaps lubricus ) နှင့် နှာတံတို မြွေဟောက် (Aspidelaps scutatus)[၅]:p.76
  • ကန္တာရ မြွေဟောက်နက် (သို့) ကန္တာရ မြွေနက် မျိုးစိတ်များဖြစ်သော (Walterinnesia aegyptia) နှင့် (Walterinnesia morgani) [၅] :p.65
  • အရှေ့ပိုင်းသန္တာမြွေ (သို့) အမေရိကန် မြွေဟောက် (Micrurus fulvius) [၅] :p.30

ရေမြွေဟောက် (Hydrodynastes gigas) သည် Elapidae ၏ အဖွဲ့ဝင်မဟုတ်သော တစ်ခုတည်းသော "မြွေဟောက်" မျိုးစိတ်ဖြစ်သည်။ ဤမြွေဟောက်မျိုးသည် ပါးပြင်းထောင်နိုင်ခြင်းမရှိဘဲ ခြိမ်းခြောက်ခံရသောအခါတွင် လည်ပင်းအနည်းငယ်ပြားလာကာ အဆိပ်အနည်းငယ်သာရှိသည်။[၅]:p.53

ကိုးကား[ပြင်ဆင်ရန်]

  1.  Chisholm၊ Hugh, ed. (1911)။ "Cobra" Encyclopædia Britannica6 (11th ed.)။ Cambridge University Press။ p. 613။ Cite has empty unknown parameters: |HIDE_PARAMETER15=|HIDE_PARAMETER13=|HIDE_PARAMETER14c=|HIDE_PARAMETER14=|HIDE_PARAMETER9=|HIDE_PARAMETER3=|HIDE_PARAMETER1=|HIDE_PARAMETER4=|HIDE_PARAMETER2=|HIDE_PARAMETER8=|HIDE_PARAMETER20=|HIDE_PARAMETER5=|HIDE_PARAMETER7=|HIDE_PARAMETER10=|separator=|HIDE_PARAMETER14b=|HIDE_PARAMETER6=|HIDE_PARAMETER11=, နှင့် |HIDE_PARAMETER12= (အကူအညီ)
  2. Two kinds of non-venomous snake, the hognose snakes and the striped keelback, also rear upwards and produce hoods but are not considered "cobras"; likewise, some venomous elapid snakes, such as the black mamba, are also capable of producing hoods but are not called "cobras".
  3. Wolfgang Bücherl; Eleanor E. Buckley; Venancio Deulofeu (17 September 2013)။ Venomous Animals and Their Venoms: Venomous Vertebrates။ Elsevier။ p. 492။ ISBN 978-1-4832-6363-2
  4. United States. Department of the Navy. Bureau of Medicine and Surgery (2013)။ Venomous Snakes of the World: A Manual for Use by U. S. Amphibious Forces။ Skyhorse။ p. 217။ ISBN 978-1-62087-623-7
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ Mark O'Shea (20 February 2008)။ Venomous Snakes of the World။ New Holland။ p. 74။ ISBN 978-1-84773-086-2[လင့်ခ်သေ]