မာတိကာသို့ ခုန်သွားရန်

ဂြိုဟ်စု

ဝီကီပီးဒီးယား မှ
အရွယ်အစားနှင့် အကွာအဝေးပြ အချိုးနှုန်းဆ (scale) မမှန်စွာ၊ မြင်သာအောင်၊ ဆွဲပြထားသော ဂြိုဟ်စု(planetrary system) တစ်ခုပုံ

လောက(Universe)ကြီး အတွင်းရှိ ကြယ်ပတ်ဂြိုဟ်စု (သို့) ဂြိုဟ်စု (အင်္ဂလိပ်: planetary system) တစ်ခု ဆိုသည်မှာ ဒြပ်ဆွဲမှုသက်ရောက်စုဝေးပေးမှုကြောင့်

ကြယ်နှင့် ဂြိုဟ်များ အစုအဝေး တစ်ခုစီကို ညွှန်းဆိုခြင်း ဖြစ်၏။
ယေဘုယျခြုံငုံမိစွာ ဆိုရလျှင်၊ ဤသို့ ဂြိုဟ်စု တခုခုအတွင်း၌ လက်ရှိနက္ခတ္တဗေဒအရ "ဂြိုဟ်" မည်သော မြောက်သော အရာများအပြင် ဂြိုဟ်သိမ်များ (dwarf planets)ဂြိုဟ်ရံ ဒြပ်စိုင်များ (natural satellites)ဥက္ကာမျောများ (astroids)ဥက္ကာကြွေများ (meteroids)ကြယ်တံခွန်များ (comets)၊ စသည်တို့လည်း ပါဝင်တတ်ပေ၏။[၁][၂] ၎င်းတို့အပြင် ဗဟိုဒြပ် (အလယ်ရှိ ကြယ်)ကို ပတ်လှည့်နေသည့် ကျောက်၊ ရေခဲ စသည့်ဖြင့် ဒြပ်သားမျိုးစုံသည်လည်း ကြယ်ပတ်ဂြိုဟ်စု (Planetary System) တခုတခုစီ၏ အစိတ်အပိုင်းများသဖွယ် ယူဆဖွယ်ရှိ၏။

ဤ လူသားတို့ (မျက်နှာပြင် မြေသားပေါ်ဝယ်) နေထိုင်ရာ ကမ္ဘာဂြိုဟ်နှင့် တကွ အခြားသော ဂြိုဟ် ၇ လုံးက နေဟူသော ကြယ်ကို ဗဟိုပြု လှည့်ပတ်နေသည်ဟု ဆိုနိုင်ပြီး ကျွန်ုပ်တို့ ရှိရာ ဤကြယ်ပတ်ဂြိုဟ်စုကိုမူ "နေအဖွဲ့အစည်း (ခေါ်) နေပတ် ဂြိုဟ်စု" ဟု ကျွန်ုပ်တို့က အမည်ခွဲပေးထားကြ၏။[၃][၄]

အကိုးအကား[ပြင်ဆင်ရန်]

  1. p. 394, The Universal Book of Astronomy, from the Andromeda Galaxy to the Zone of Avoidance, David J. Dsrling, Hoboken, New Jersey: Wiley, 2004. ISBN 0-471-26569-1.
  2. p. 314, Collins Dictionary of Astronomy, Valerie Illingworth, London: Collins, 2000. ISBN 0-00-710297-6.
  3. p. 382, Collins Dictionary of Astronomy.
  4. p. 420, A Dictionary of Astronomy, Ian Ridpath, Oxford, New York: Oxford University Press, 2003. ISBN 0-19-860513-7.