ဂင်းစဗုတ်တောဆိတ်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ဂင်းစဗုတ်တောဆိတ်ကို ဂျမ်းဘော့တောဆိတ်၊ ဂင်းစဗုတ်ဆိတ်သမင်၊ ဂျမ်းဘော့ဆိတ်သမင်ဟုလည်း ခေါ်သည်။ အာဖရိကတိုက်တောင်ပိုင်းရှိ ခြောက်သွေ့သောအရပ်များတွင် ကျက်စားသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ နမီးဘီးယား၊ ဘော့ဆွာနာနှင့် တောင်အာဖရိကနိုင်ငံများတွင် တွေ့ရသည်။ ထိုတောဆိတ်၏ အမွေးရောင်မှာ မွဲပြာရောင်ဖြစ်သည်။ မျက်နှာနှင့် ခြေထောက်များတွင် အဖြူနှင့် အမည်းရောင်များသည် ထူးခြားစွာ ကျားလျက်ရှိသည်။ ဂင်းစဗုတ်တောဆိတ်၌ ဖြောင့်၍ ရှည်သောဦးချိုများရှိသည်။ ရန်သူကို ရဲရင့်ကျင်လျင်စွာ ထိုဦးချိုများနှင့် ခုခံတိုက်ခိုက်တတ်သည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)