ခြေလေးချောင်းတော်လှန်ရေး

ဝီကီပီးဒီးယား မှ
Animal Farm
ပထမအကြိမ်ထုတ် မျက်နှာဖုံး
စာရေးသူဂျော့အော်ဝဲ
မူလခေါင်းစဉ်Animal Farm: A Fairy Story
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားနိုင်ငံရေးသရော်စာ
ထုတ်ဝေခြင်း၁၇ ဩဂုတ် ၁၉၄၅ (Secker and Warburg, London, England)
မီဒီယာ အမျိုးအစားပုံနှိပ်
စာမျက်နှာ၁၁၂
OCLC53163540
823/.912 20
LC ClassPR6029.R8 A63 2003b
ယခင်စာအုပ်Inside the Whale and Other Essays
နောက်ထွက်စာအုပ်Nineteen Eighty-Four

ခြေလေးချောင်းတော်လှန်ရေး (အင်္ဂလိပ်: Animal Farm) သည် ပုံခိုင်းရေးဖွဲ့သော ဝတ္ထု (Allegorical novel) ဖြစ်သည်။ ဇာတ်ကောင်အားလုံး သည် တိရစ္ဆာန်များဖြစ်သော်လည်း တကယ်ဆိုလိုချင်သည်မှာ စတာလင်ခေတ် ရုရှားနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်သည်။ ဂျော့အော်ဝဲ သည် Animal Farm ကို ၁၉၄၃ နိုဝင်ဘာနှင့် ၁၉၄၄ ဖေဖော်ဝါရီကြားတွင် ရေးခဲ့ခြင်းဖြစ်သည်.။ ထိုစဉ်က ယူကေ သည် ဆိုဗီယက်ယူနီယံ နှင့် စစ်ကာလ မဟာမိတ် ဖွဲ့ထားလေရာ ဗြိတိသျှ နှင့် အမေရိကန် ထုတ်ဝေသူတော်တော်များများက ကနဦးတွင် ဂျော့်ချ် အော်ဝဲလ်၏ Animal Farm ကိုပယ်ချကြသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ် ၌ Animal Farm ထွက်လာသော အခါ တွင်ကား စာအုပ် မှာ ဝက်ဝက်ကွဲ အောင်မြင် ပြီး ယင်းအောင်မြင်မှုသည် ယခုအချိန်ထိ အရှိန်မသေသေးပေ။

တိုင်းမ် မဂ္ဂဇင်း က ကမ္ဘာ့အကောင်းဆုံး ဝတ္ထု ၁၀၀ ကို စိစစ် ရွေးချယ်ရာ ဂျော့အော်ဝဲ ၏ Animal Farm နှင့် 1984 နှစ်အုပ်လုံး ပါဝင်ခဲ့သည်။

ခြေလေးချောင်းတော်လှန်ရေး ဝတ္ထုကို မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ၁၉၄၉-၁၉၅၀ ခုနှစ်လောက်တွင် ထုတ်ဝေခဲ့ရာ ထိုစဉ်က မြန်မာနိုင်ငံတွင်ခေတ်စားနေသော ကွန်မြူနစ်စနစ်ကို ဆန့်ကျင် တိုက်ပွဲ ဝင်ရာတွင် ဝန်ကြီးချူပ်ဦးနုလူထုအောင်သံ ပြဇာတ်နှင့် သခင်ဘသောင်း ၏ ခြေလေးချောင်း တော်လှန်ရေးသည် ရှေတန်း မှ ပါဝင်ခဲ့သည် ဟု ဆိုနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

https://www.britannica.com/topic/Animal-Farm