ဂျော့အော်ဝဲ
အဲရစ် အာသာ ဘလဲ (အင်္ဂလိပ်: Eric Arthur Blair) သည် အင်္ဂလိပ်လူမျိုး ဝတ္ထုရေးဆရာ၊ အက်ဆေးစာပေဆရာ၊ သတင်းထောက်နှင့် စာပေဝေဖန်သူ တစ်ဦးဖြစ်၍ ၎င်း၏ ကလောင်အမည် ဂျော့အော်ဝဲ (အင်္ဂလိပ်: George Orwell) အနေဖြင့် ထင်ရှားကျော်ကြားသည်။[၁]
အော်ဝဲကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မွေးဖွားသည်။ အီတန်၌ ပညာသင်သည်။ ၁၉၂၂ မှ ၁၉၈၂ ထိ အိန္ဒိယနိုင်ငံ ပုလိပ် အဖွဲ့တွင် အမှုထမ်းသည်။ နောက် နှစ်နှစ်ခန့် မြန်မာ နိုင်ငံ၌ အမှုထမ်းကာ အင်္ဂလန်သို့ ပြန်သည်။ ကျောင်းဆရာအလုပ် ၊ စာအုပ်ဆိုင် ဝန်ထမ်း အလုပ် လုပ် ပြီး ၁၉၃၇ ခုနှစ်တွင် စပိန်သို့ သွားကာ စပိန်ပြည်တွင်းစစ်တွင် ရီပတ်ဗလီကင် ဘက်မှ ဝင်တိုက် ရာ ဒဏ်ရာ ရခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းတွင် Home Guard အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ပြီး ဘီဘီစီ အတွက်လည်း အလုပ်လုပ်ခဲ့သည်။
Down and Out in London and Paris , Burmese Days စသည့် စာအုပ်များ ရေးပြီး ၁၉၄၅ ခုနှစ်တွင် ရေးသော Animal Farm (1984) စာအုပ်များဖြင့် ကမ္ဘာကျော်ခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ George Orwell။ 4 October 2019 တွင် ပြန်စစ်ပြီး။
![]() | ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |