ချုခ် ပင်လယ်သန္တာအိုင်

ဝီကီပီးဒီးယား မှ
ချုခ် ပင်လယ်သန္တာအိုင်
သန္တာကျွန်းစု
ချုခ် ပင်လယ်သန္တာအိုင်၏ အလံတော်
အလံတော်
နိုင်ငံမိုက်ခရိုနီးရှားနိုင်ငံ မိုက်ခရိုနီးရှား ဖယ်ဒရယ်ပြည်ထောင်စု
ပြည်နယ်ချုခ်ပြည်နယ်
မြို့တော်ဝယ်နယ်
အစိုးရ
 • အုပ်ချုပ်ရေးမှူးအလက်ဇန်းဒါး အာရ်. နာရွန်း (၂၀၂၁ခုနှစ်မှစ၍)
ဧရိယာ
 • စုစုပေါင်း၉၃.၀၇ စတုရန်းကီလိုမီတာ (၃၅.၉၃ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၄၃ မီတာ (၁၄၅၃ ပေ)
လူဦးရေ (၂၀၁၀)
 • စုစုပေါင်း၃၆,၁၅၈
 • သိပ်သည်းမှု၃၉၀/km (၁၀၀၀/sq mi)
ချုခ် ပင်လယ်သန္တာအိုင်၏ အုပ်ချုပ်ရေးဒေသခွဲများ
ချုခ်ကျွန်းစု မြေပုံ
ချုခ်ကျွန်းစုများ

ချုခ် ပင်လယ်သန္တာအိုင် သည် ယခင်အခေါ် ထရပ်ခ် သန္တာကျွန်းစု သည် ပစိဖိတ်အလယ်ပိုင်းရှိ အလယ်တွင် ရေငန်အိုင်ရှိသော သန္တာကျွန်းစုတစ်ခုဖြစ်သည်။ ၎င်းသည် နယူးဂီနီနိုင်ငံ၏ အရှေ့မြောက်ဘက် ၁,၈၀၀ ကီလိုမီတာ (၉၇၀ ရေမိုင်) အကွာတွင် တည်ရှိပြီး မိုက်ခရိုနီးရှား ဖယ်ဒရယ်ပြည်ထောင်စု (FSM) ချုခ်ပြည်နယ် ၏ အစိတ်အပိုင်းဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၂,၁၃၀ စတုရန်း ကီလိုမီတာ (၈၂၀ စတုရန်းမိုင်) ၇၉ by ၅၀ ကီလိုမီတာ (၄၃ ရေမိုင် × ၂၇ ရေမိုင်) ရှိသော သဘာဝဆိပ်ကမ်းတစ်ခုအဖြစ် အကာအကွယ်သန္တာကျောက်တန်းတစ်ခုက ၂၂၅ ကီလိုမီတာ (၁၄၀ မိုင်) ခန့်ဖြင့် ပတ်လည်ဝိုင်းရံထားသည်။ [၁] ၎င်းတွင် လူဦးရေ ၃၆,၁၅၈ ဦး [၂] ရှိပြီး ကုန်းမြေဧရိယာ ၉၃.၀၇ စတုရန်း ကီလိုမီတာ (၃၅.၉၃ စတုရန်းမိုင်) နှင့် အမြင့်ဆုံး အမြင့် ၄၄၃ မီတာ (၁,၄၅၃ ပေ) ရှိသည်။ ဝယ်နယ် (ယခင်အခေါ် မိုအန်) ကျွန်းရှိ ဝယ်နယ် မြို့သည် သန္တာကျွန်းစု၏ မြို့တော် နှင့် ပြည်နယ်မြို့တော်ဖြစ်ပြီး လူဦးရေ ၁၃,၇၀၀ ရှိပြီး FSM တွင် အကြီးဆုံးမြို့ဖြစ်သည်။

ချုခ်ပင်လယ်သန္တာအိုင်သည် ဒုတိယကမ္ဘာစစ်အတွင်းတွင် တောင်ပစိဖိတ် စစ်မျက်နှာပြင် ရှိ ဂျပန်အင်ပိုင်ယာ၏ အဓိကရေတပ်အခြေစိုက်စခန်းဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလတွင် မိုးသီး စစ်ဆင်ရေး (Operation Hailstone)အတွင်း အမေရိကန်တို့၏ အဓိကကျသောတိုက်ခိုက်မှုနှင့် ၁၉၄၅ ခုနှစ် ဇွန်လတွင် အကျဉ်းသားစစ်ဆင်ရေး (Operation Inmate) အတွင်း ဗြိတိန်နှင့် ကနေဒါတပ်ဖွဲ့များ၏ အသေးစားတိုက်ခိုက်မှုဖြစ်ခဲ့သည့် စစ်မြေပြင်နေရာဖြစ်ခဲ့သည်။

နာမည်[ပြင်ဆင်ရန်]

ချုခ် ဟူသည် ချုခ် ဘာသာစကားဖြင့် တောင် ဟု အဓိပ္ပါယ်ရသည်။ ပင်လယ်သန္တာအိုင်ကို ထရပ်ခ် (ရပ်ခ် ၏ အသံထွက်လွဲမှားမှု) ဟု[ကိုးကားချက်လိုသည်]</link> ) ၁၉၉၀ ခုနှစ်အထိ ခေါ်သည်။ အခြားအမည်များမှာ HogoleuTorresUgulat နှင့် Lugulus တို့ဖြစ်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ချုခ်ပင်လယ်သန္တာအိုင်သည် ကယ်ရိုလင်းကျွန်းစုအုပ်စုကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုဧရိယာတွင် အဓိကကျွန်းကြီး ဆယ့်တစ်ကျွန်း (ချုခ်ပင်လယ်သန္တာအိုင်၏ ဒေသန္တရအုပ်ချုပ်ခွင့်ရကျွန်း ဆယ့်တစ်ခုဖြစ်သော တောလ်ဦးလ်ဒေါ့၊ ဖနာပန်းဂတ်စ်၊ ရာမာနမ် နှင့် အုပ် တို့ပါဝင်သော ဖိုင်းချုခ်အုပ်စု နှင့် ဝယ်နယ်ဖယ်လ်ဖန်တိုးနိုးအတ်စ်အူမန်ပါရမ် နှင့် ပစ်စ် တို့ပါဝင်သော နော်မွေးနီးယပ်စ် အုပ်စု) နှင့် သေးငယ်သောကျွန်းငယ် ၄၆ကျွန်းအပြင် သန္တာ‌‌ကျောက်တန်းအနားသတ်ပေါ်ရှိ ၄၁ကျွန်း ပါဝင်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စု၏ အစိတ်အပိုင်းဖြစ်ကာ ယနေ့တွင် ချုခ်ကျွန်းစုဟု လူသိများသည်။

အဓိကကျွန်းကြီးများ[ပြင်ဆင်ရန်]

ဤသည်မှာ ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ ကျွန်းများ၊ ကျေးရွာများနှင့် လူဦးရေစာရင်း ဖြစ်ပါသည်။

ကျွန်း မြို့တော် အခြားမြို့များ ဧရိယာ (စတုရန်းကီလိုမီတာ) လူဦးရေ
ချုခ်သန္တာကျွန်းစု ၉၃.၀၇ ၃၆,၁၅၈
ဖိုင်းချုခ် ၄၁.၈ ၁၁,၃၀၅
ဖနာပန်းဂတ်စ် နိပီတူ ပန်းနီးယားမွမ်၊ ဝီးချပ်၊ စေစိမ်း၊ ဆာပိုတူ ၁.၆၂ ၆၇၂
ပါတ္တာ ဆပါတ္တာ ချူကူဖယ်ဖင်း၊ နူးကပ်ဖ်၊ အတ်ပင်၊ ပိုကိုချူး၊ အတ်တယ်မာ၊ အိုးနပ်စ် ၄.၄ ၁၁၀၇
ပွဲလည် နီပါနိုနောင် ချူကာရမ်၊ နယ်သွမ်၊ မာလာအို၊ အူနီကပ်ပီ၊ ဆာပိုး၊ မီယာရီ၊ နယ်ရီနမ် ၉.၃ ၁၄၉၆
ရာမာနမ် ဝင်နီဆီ ချိုရွင်၊ နီပို ၀.၈၅၆ ၈၅၆
တောလ် ဖော်ဆွန် ချူးကီးနု၊ ဝီချူကူနို၊ ဝိုးနစ်ပ်၊ နယ်ချိုချို၊မူနီယမ်၊ ဖာရို၊ ဝင်နီဖေး၊ ဖော့ပို၊ ဖော့ပ် ၁၀.၃ ၄၅၇၉
ဦးလ်ဒေါ့ ဖာနိုမို တွန်းနုက်၊ ဝိုးနစ်ပ်၊ ဦနီချန်၊ မော့နိုဝီ၊ ချူကီဆမ်နုက်၊ မွမ်နီတူ၊ ပန်းနီးယား ၄.၅ ၁၆၈၀
အိုနေးလ် နမ်ဘို အွန်းနပ်၊ ဖနာတို၊ နီးပို့စ်၊ ပန်းနီးယားတာ၊ ဆာပိတူ၊ အာနာကွန်၊ တိုးလို့ကတ်စ်၊ ရပ်စ် ၁၀ ၆၃၈
နော်မွေးနီးယပ်စ် မြောက်ပိုင်း ဝယ်နယ် ၂၀.၇၆ ၁၄,၆၂၀
ဖော်နို ဖန်းနစ် <a href="https://en.wikipedia.org/wiki/Mesor" rel="mw:ExtLink" title="Mesor" class="mw-redirect cx-link" data-linkid="204">မယ်ဆေ်</a> ၀.၃၄၂ ၃၈၈
ပစ်စ် နူကန် ဆာပါတူ ၀.၃၂ ၃၆၀
ဝယ်နယ် ဝယ်နယ် နေဝေ၊ မွမ်၊ နီးပူးကို့စ်၊ အီရပ်စ်၊မတ်ချစ်တူ၊ တွန်းနုက်၊ ပန်းနီဆေးဆန့်၊ ပန်းနီးယား၊ ဝီးချပ် ၁၉.၁ ၁၃,၈၅၄
နော်မွေးနီးယပ်စ် တောင်ပိုင်း ၃၀.၄၂ ၁၀,၂၃၃
[၁]ဖယ်လ်ဖန် မတ်ဆာ ဆာပိုတာ၊ အွန်း၊ ဆာပိုး၊ အတ်ဝိန်း၊ ဖာဆွန်း၊ ဝီးနီးနစ်စ်၊ ပိုင်းအစ်စ်၊ အူနူနို၊ ဖွန်ဂန်၊ အိုးနိုးငေါက်၊ ဖေးနီ၊ မွင်၊ ဆာပိုရာနောင်၊ မာနူကွန်၊ မတ်ဆယ်ကူ၊ ကူကူဝူ၊ ဆိုပိုး ၁၂.၁၅ ၃၄၇၁
[၂]တိုးနိုးအတ်စ် နီမွန်နောင် ပွဲနေ၊ ချွန်၊ နီးချပ်၊ တိုးနော့ဖ်၊ ပါတာ၊ ဝမ်ပေပီ၊ မတ်ဆာရမ်၊ ဖမ်ကာချောင်၊ ဆာပိုး၊ ရိုရို၊ ပန်းနီး‌ရော၊ နူကာနပ်ဖ်၊ ပန်းနီးနုက်၊ ဆာပိုနောင်၊ ဆူပွန်၊ နူကန် ၈.၉၄ ၃၂၉၄
[၃]အူမန် နီပွန်နိုနောင် ဆာပိုး၊ နယ်ပွန်၊ ဆာပိုတူ၊ ဆာပိုတာ၊ နတ်ဆာရောင်၊ ဆန်းနုက်၊ မိုချွန်၊ နူကန်၊ မာနူကန် ၃.၈၆ ၂၅၄၀

ရာသီဥတု[ပြင်ဆင်ရန်]

ချုခ်ကျွန်းစု အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 30
(86)
30
(86)
30
(86)
31
(87)
31
(87)
31
(87)
31
(87)
31
(87)
31
(87)
31
(87)
31
(87)
30
(86)
30.7
(86.7)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 25
(77)
25
(77)
25
(77)
25
(77)
25
(77)
24
(76)
24
(76)
24
(75)
24
(76)
24
(76)
24
(76)
25
(77)
24.5
(76.4)
ပျမ်းမျှ ရွာကျခြင်း mm (inches) 226
(8.9)
170
(6.7)
224
(8.8)
312
(12.3)
363
(14.3)
300
(12)
348
(13.7)
353
(13.9)
320
(12.6)
345
(13.6)
287
(11.3)
307
(12.1)
၃၅၅၅
(၁၄၀.၂)
Source: Weatherbase [၃]

သမိုင်း[ပြင်ဆင်ရန်]

၁၉၃၀ ခုနှစ်များက ဂျပန်ပိုင် ထရပ်ခ်ကျွန်းမှ ‌‌ဒေသခံ မိုက်ခရိုနီးရှားလူမျိုးများ
၁၉၃၀ ခုနှစ်များက ဂျပန်ပိုင် ထရပ်ခ်ကျွန်းရှိ ဒေသခံ မိုက်ခရိုနီးရှားလူမျိုးသင်ကြားရေးလက်ထောက် (ဘယ်) နှင့် ရဲသားများ (အလယ်နှင့် ညာဘက်)။ ထရပ်ခ် သည် ပထမကမ္ဘာစစ်တွင် ဂျာမနီရှုံးနိမ့်ပြီးနောက် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ခွင့်ပြုချက်ဖြင့် ဂျပန်အင်ပါယာ၏ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။ [၄]

သမိုင်းမတင်မီ[ပြင်ဆင်ရန်]

ချုခ်ကျွန်းစုများတွင် လူတို့ မည်သည့်အချိန်က စတင်အခြေချခဲ့သည်ကို မသိရသေးသော်လည်း ရှေးဟောင်းသုတေသနအထောက်အထားများအရ ဘီစီအီး ပထမနှင့် ဒုတိယရာစုနှစ်များတွင် ဖယ်လ်ဖန် နှင့် ဝယ်နယ်ကျွန်းများ၌ လူသားများအခြေချနေထိုင်ခဲ့ကြောင်း ညွှန်ပြနေခဲ့သည်။ နှောင်းပိုင်းအထောက်အထားများအရ အေဒီ ၁၄ ရာစုနှစ်အတွင်း ချုခ်တွင် လူသားအခြေချနေထိုင်မှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်ခဲ့ကြောင်း ညွှန်းဆိုခဲ့သည်။ [၅]

ကိုလိုနီပြုခံရခြင်း[ပြင်ဆင်ရန်]

ဥရောပသားများ၏ ပထမဆုံးတွေ့မြင်ရခြင်းမှတ်တမ်းကို ၁၅၂၈ခုနှစ် ဩဂုတ် သို့မဟုတ် စက်တင်ဘာလ အတွင်းတွင် ဖလော်ရီဒါ သင်္ဘောပေါ်မှ စပိန်ရေကြောင်းပြ အယ်ဘာရို ဒီ ဆားဗတ်ဒရာ က မှတ်တမ်းတင်ခဲ့သည်။ [၆] ထို့နောက် ၁၅၆၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စပိန်လူမျိုး အလွန်ဆို ဒီ အာရယ်လာနိုက ရွက်သင်္ဘောကြီး ဆန်လူးကတ်စ် San Lucas ဖြင့် ၎င်းတို့ထံ လာရောက်ခဲ့သည်။[၇]

ကယ်ရိုလိုင်းကျွန်းစုများ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ထရပ်ခ်ကို စပိန်အင်ပါယာက ပိုင်ဆိုင်ခဲ့သည်ဟု ‌ကြေငြာနိုင်ခဲ့သော်လည်း ၁၉ ရာစု နှောင်းပိုင်းတွင်မူ ကျွန်းများကို ထိန်းချုပ်နိုင်ရန် အားကုန်ထုတ်ခဲ့ရသည်။ ချုခ် သန္တာပင်လယ်အိုင်တွင် ကြိုကြားကြိုကြား အချင်းချင်းစစ်ဖြစ်နေသော မျိုးနွယ်စုများမှအပ နိုင်ငံခြားသား ကုန်သည်များနှင့် သာသနာပြုများ အနည်းငယ်သာ နေထိုင်ကြသည်။ ကျွန်းစုများအပေါ် စပိန်တို့၏ ထိန်းချုပ်နိုင်မှုမှာ အမည်ခံသာဖြစ်သည်။ စပိန်တို့သည် ၁၈၈၆ခုနှစ်တွင် ချုခ်ကို လက်လွှတ်ခဲ့သော်လည်း ၁၈၉၅ခုနှစ် တွင်မူ အခိုင်အမာ ပြန်လည်ထိန်းချုပ်နိုင်ရန်အပြင် အချင်းချင်းစစ်ဖြစ်နေသော ချုခ်မျိုးနွယ်စုများအကြား ငြိမ်းချမ်းရေးဆွေး‌နွေးပေးရန် ကြိုးပမ်းမှုအဖြစ်အတွက်ပါ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့ရာတွင် စပိန်တို့ အမြဲအခြေချနေထိုင်နိုင်ခြင်းမျိုးမရှိခဲ့ဘဲ ဂျာမနီကိုလိုနီခေတ်အထိ လူမျိုးစုအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ [၈] စပိန်-အမေရိကန်စစ်ပွဲအပြီးတွင် စပိန်တို့ ပစိဖိတ်ဒေသမှ ဆုတ်ခွာခဲ့ရပြီးနောက် ၁၈၉၉ခုနှစ်တွင် ကယ်ရိုလိုင်းကျွန်းစုများကို ဂျာမန်အင်ပါယာ ထံ ရောင်းချခဲ့သည်။

ပထမကမ္ဘာစစ် အတွင်းတွင် ဂျပန်တော်ဝင်ရေတပ်သည် ဂျာမန်တို့၏ အရှေ့အာရှတပ်စု[၉]ကို ရှာဖွေချေမှုန်းရန်နှင့် ပစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မဟာမိတ်တို့၏ ကုန်သွယ်မှုရေလမ်းကြောင်းများကို ကာကွယ်ရန် တာဝန်ပေးခံခဲ့ရသည်။[၁၀] ဤစစ်ဆင်ရေးအတွင်း ၁၉၁၄ ခုနှစ် အောက်တိုဘာလတွင် ဂျပန်ရေတပ်သည် မာရီယာနာကျွန်းစုများ၊ ကယ်ရိုလိုင်းကျွန်းစု၊ မာရှယ်ကျွန်းစုနှင့် ပါလောင်းကျွန်းစုများရှိ ဂျာမန်ပိုင်နက်များကို သိမ်းပိုက်ရရှိခဲ့သည်။[၁၁] ဂျာမနီအရေးနိမ့်ပြီးနောက် တောင်ပင်လယ်ကျွန်းစုများပိုင်ဆိုင်ခွင့်အရ ချုခ်သည် ဂျပန်အင်ပါယာ၏ သိမ်းပိုက်ခြင်းခံခဲ့ရသည်။ [၁၂][၁၁][၁၃][၁၄]

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

၁၉၄၃ ခုနှစ်တွင် ထရပ်ခ်ကျွန်းစုအနီး ဂျပန်တိုက်သင်္ဘော ယာမာတို နှင့် မူဆာရှီတို့ ကျောက်ချရပ်နားခဲ့စဉ်
မိုးသီးစစ်ဆင်ရေးအတွင်း ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထရပ်ခ်သန္တာပင်လယ်အိုင်ရှိ ဂျပန်တို့၏ သင်္ဘောများ အတိုက်ခိုက်ခံရစဉ်

ထရပ်ခ်သန္တာပင်လယ်အိုင်ရှိ ထရပ်ခ် ‌ရေတပ်ဌာနချုပ် သည် ဒုတိယကမ္ဘာစစ်၏ ပစိဖိတ်တောင်ပိုင်း စစ်မျက်နှာပြင်တွင် ဂျပန်အင်ပိုင်ယာ၏ အဓိကအခြေစိုက်စခန်းဖြစ်သည်။ ထရပ်ခ်သည် နယူးဂီနီ နှင့် ဆော်လမွန်ကျွန်းစုများရှိ မဟာမိတ်တပ်များကို ရင်ဆိုင်ရန် ဂျပန်၏ စစ်ဆင်ရေးအတွက် အခိုင်အမာခံတပ်အခြေစိုက်စခန်းဖြစ်ပြီး ဂျပန်တော်ဝင်‌ရေတပ် (IJN) အတွက် ရှေ့တန်း ကျောက်ချစခန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ထရပ်ခ်သန္တာပင်လယ်အိုင်သည် ပစိဖိတ်ဒေသတွင်းရှိ ဂျပန်တို့၏ အမာခံနယ်မြေအားလုံးတွင် ကြောက်ခမန်းလိလိအဖြစ်ရဆုံးဟု ထည့်သွင်းစဉ်းစားခြင်းခံခဲ့ရသည်။ ကျွန်းအမြောက်အများပေါ်တွင် ဂျပန်မြို့ပြအင်ဂျင်နီယာဌာနနှင့် ရေတပ်တည်ဆောက်ရေးဌာနတို့က လမ်းများ၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများနှင့် လိုဏ်ဂူများကို တည်ဆောက်ခဲ့ကြသည်။ စစ်ပွဲအတွင်း လေယာဉ်ကွင်းငါးကွင်း၊ ပင်လယ်ပြင်ဆင်းလေယာဉ်အခြေစိုက်စခန်းများ၊ တော်ပီဒိုသင်္ဘောငယ်စခန်းတစ်ခု၊ ရေငုပ်သင်္ဘောပြုပြင်ရေးကျင်းများ၊ ဆက်သွယ်ရေးစခန်းတစ်ခုနှင့် ရေဒါစခန်းတစ်ခုတို့ကိုတည်ဆောက်ခဲ့သည်။ အဆိုပါ အဆောက်အဦအမျိုးမျိုးကို ကာကွယ်ရန် ကမ်းရိုးတန်းတလျှောက် ကာကွယ်ရေးသေနတ်အမြောက်များ နှင့် မော်တာများကို နေရာချထားရှိခြင်းများရှိခဲ့သည်။

၎င်း၏ သဘာဝကော၊ လူလုပ်ထားခြင်းပါသည့် တောင့်တင်းခိုင်မာလှသောခံတပ်များကြောင့် ထရပ်ခ်ရှိ အခြေစိုက်စခန်းအား "ပစိဖိတ်သမုဒ္ဒရာ၏ ဂျီဘရော်လ်တာ " ဟု မဟာမိတ်တပ်များက သိထားကြသည်။ [၁၅][၁၆] အချို့ကလညိး ထရပ်ခ်သည် အမေရိကန်တို့၏ ပုလဲဆိပ်ကမ်းနှင့် ညီမျှသော ဂျပန်၏(ရေတပ်အခြေစိုက်စခန်း)ဟု ဖော်ပြကြသည်။ [၁၇]

ဂျပန်ရေတပ်ဖွဲ့၏ အရေးပါသော တစိတ်တပိုင်းသည် တိုးနိုးအတ်စ် (ဝယ်နယ်၏ တောင်ဘက်) တွင် ၎င်း၏ အုပ်ချုပ်ရေးဗဟိုဌာနချုပ်နှင့်အတူ ထရပ်ခ်တွင် အခြေစိုက်ခဲ့သည်။ သန္တာပင်လယ်အိုင်အတွင်းရှိ ကျောက်ချစခန်းတွင် တိုက်သင်္ဘောများလေယာဉ်တင်သင်္ဘောများခရူဇာတိုက်သင်္ဘောများဖျက်သင်္ဘောများဆီတင်သင်္ဘောများကုန်တင်သင်္ဘောများတွန်းသင်္ဘောများ(ရေပြင်မှမြေပြင်ပစ်) အမြောက်တင်သင်္ဘောများမိုင်းရှင်းသင်္ဘောများကမ်းတက်ရေယာဉ်များ နှင့် ရေငုပ်သင်္ဘောများရှိသည်။ အထူးသဖြင့် တိုက်သင်္ဘော ယာမာတို နှင့် မူဆာရှီတို့ ၁၉၄၃ခုနှစ်ဝန်းကျင်တွင် ထရပ်ခ်၌ လအတန်ကြာ ကျောက်ချထားခဲ့ပြီး တိုက်ပွဲတွင်မပါဝင်နိုင်ခဲ့ပေ။ ဂျပန်မြို့စောင့်တပ်အင်အားအဖြစ် ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး မာဆာမီ ကိုဘာယာရှီ၏ကွပ်ကဲမှုအောက်၊ နောင်တွင်ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ချူအီချီ ဟာရာ၏ကွပ်ကဲမှုအောက်တွင် တော်ဝင်ရေတပ်သား ၂၇,၈၅၆ ဦး နှင့် တော်ဝင်ကြည်းတပ်သား ၁၆,၇၃၇ ဦးတို့ ပါဝင်သည်။ [၁၈]

မိုးသီးစစ်ဆင်ရေးအတွင်း ၁၉၄၄ခုနှစ်တွင် ထရပ်ခ်၏ ရေတပ်ဌာနချုပ်အဖြစ် စွမ်းဆောင်နိုင်ရည်သည် ရေတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ‌ချေမှုန်းခံလိုက်ရသည်။ အမေရိကန်တို့၏ စီးနင်းမှုမတိုင်မီ တစ်ပတ်အလိုတွင် ထောက်လှမ်းရေး၏ကြိုတင်သတိပေးချက်အရ ဂျပန်တို့သည် ၎င်းတို့၏ အကြီးစားစစ်သင်္ဘောများ (ခရူဇာတိုက်သင်္ဘောကြီးများနှင့် လေယာဉ်တင်သင်္ဘောများ) ကို ပါလောင်း သို့ ဆုတ်ခွာခဲ့သည်။ အမေရိကန်တပ်များသည် မာရှယ်ကျွန်းစုများကိုသိမ်းပိုက်ရရှိသည်နှင့် ၎င်းတို့ကို ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်အစောပိုင်းတွင် ထရပ်ခ်သန္တာအိုင်ကို စစ်ဆင်ရန်အတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ မိုးသီးစစ်ဆင်ရေးသည် သုံးရက်တာကြာမြင့်ခဲ့ပြီး အမေရိကန်လေယာဉ်တင်သင်္ဘောအခြေစိုက်တိုက်လေယာဉ်များသည် ဂျပန်စစ်သင်္ဘောငယ်များ (အပေါ့စား ခရူဇာများ၊ ဖျက်သင်္ဘောများနှင့် အရန်သင်္ဘောများ) ၁၂ စင်း နှင့် ကုန်သည်သင်္ဘော ၃၂ စင်းတို့ကို နှစ်မြုပ်ခဲ့ပြီး လေယာဉ် ၂၇၅ စင်းကို အများအားဖြင့် မြေပြင်ပေါ်တွင် ဖျက်ဆီးနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှု၏အကျိုးဆက်ကြောင့် "ထရပ်ခ်သန္တာအိုင်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး သင်္ဘောရေသင်္ချိုင်း" ဖြစ်လာခဲ့သည်။ [၁၉] [၂၀]

တိုက်ခိုက်မှုအများစုကြောင့် ထရပ်ခ်သည် ပစိဖိတ်အလယ်ပိုင်း မဟာမိတ်တို့၏ စစ်ဆင်ရေးများအတွက် အဓိကခြိမ်းခြောက်မှုအဖြစ်မှ အဆုံးသတ်စေခဲ့သည်။ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့တွင် စတင်ခဲ့သော ကျူးကျော်မှုအတွင်း အန်နီဝီးတုခ် ရှိ ဂျပန်မြို့စောင့်တပ်သည် ဖြစ်နို်င်ချေရှိသမျှ စစ်ကူနှင့်ထောက်ပို့အကူအညီ မျှော်လင့်ချက်ဟူသမျှကို ငြင်းပယ်ခဲ့‌သောကြောင့် အမေရိကန်တပ်များ ထိုကျွန်းအားသိမ်းပိုက်နိုင်ရေးတွင် များစွာအထောက်အကူပြုခဲ့သည်။ မဟာမိတ်တပ်များ အခြားပစိဖိတ်ကျွန်းများဖြစ်သည့် ဂူအမ်ဆိုင်ပန်ပါလောင်း နှင့် အီဝိုဂျီးမားတို့ကို ကျူးကျော်ရင်း ဂျပန်ပြည်မဘက်သို့ ဉီးတည်ချီတက်‌တည်ချီတက်နေစဉ် ထရပ်ခ်ကို (ဂျပန် ထောက်ပို့တို့ထံမှ) သီးခြားခွဲထုတ်ထားခဲ့သည်။ ထရပ်ခ်သည် ၁၉၄၅ ခုနှစ် ဇွန်လ ၁၂ ရက်မှ ၁၆ ရက် အကျဉ်းသားစစ်ဆင်ရေးအတွင်း ဗြိတိသျှ ပစိဖိတ်ရေတပ်ဖွဲ့တစိတ်တဒေသ၏ ထပ်မံတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ထောက်ပို့ များဖြတ်တောက်ခံထားရသဖြင့် ထရပ်ခ်နှင့် အခြားပစိဖိတ်အလယ်ပိုင်းကျွန်းစုများရှိ ဂျပန်တပ်ဖွဲ့များသည် ရိက္ခာနည်းပါးလာကာ ၁၉၄၅ခုနှစ် သြဂုတ်လတွင် ဂျပန်လက်နက်ချခြင်းမပြုမီအထိ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည် [၂၁]

စီးပွားရေးနှင့် အခြေခံအဆောက်အအုံ[ပြင်ဆင်ရန်]

ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ်

လမ်းများနှင့် သယ်ယူပို့ဆောင်ရေးစနစ်အများစုသည် ညံ့ဖျင်းနေ သို့မဟုတ် ပျက်စီးယိုယွင်းနေပေသည် - လက်ရှိရေဆိုးမြောင်း၊ သုံးရေနှင့် မုန်တိုင်းရေနုတ်မြောင်းစနစ်များကို အစအဆုံး ပြန်လည်တည်ဆောက်ရန်အပြင် ဝယ်နယ်၏ ကျေးရွာအများစုတွင် ကွန်ကရစ်လမ်းများ ဖောက်လုပ်ရန်တို့ပါဝင်သော အဆင့်ငါးဆင့် စီမံကိန်းတစ်ခုကို ‌ဒေသတဝှမ်း အခြေခံအဆောက်အအုံများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် စတင်ခဲ့ပြီးဖြစ်သည်။

ချုခ် အပြည်ပြည်ဆိုင်ရာလေဆိပ် ( အိုင်အေတီအေ လေဆိပ်ကုဒ် TKK) သည် မိုအန်းအုပ်ချုပ်ရေး‌‌‌ဒေသပိုင်ကျွန်း (ဝယ်နယ်) ပေါ်တွင် တည်ရှိသည်။ ယူနိုက်တက်လေကြောင်းလိုင်း မှ ဝန်ဆောင်မှုပေးပါသည်။

အစိုးရက ရေဒီယိုအသံလွှင့်ဌာနတစ်ခု စီမံလည်ပတ်နေသည်။ ကျွန်းတစ်ခုနှင့်တစ်ခုကြား ဆက်သွယ်ရေးကို စီဘီရေဒီယိုအသုံးပြု၍ ပြုလုပ်လေ့ရှိသည်။ တယ်လီဖုန်းဝန်ဆောင်မှုများသည် ချုခ်တွင် အကန့်အသတ်ရှိနေသည် - ဆယ်လူလာကွန်ရက်သည် ပင်လယ်အိုင်အတွင်းရှိကျွန်းအချို့တွင်သာ ဖြန့်ကျက်ထားနိုင်ပြီး မဝေး‌သောအနာဂတ်တွင် ပြင်ပကျွန်းများတွင်ပါ ဖြန့်ကျက်နိုင်ပေမည်။ ADSL မြန်နှုန်းမြင့်အင်တာနက်အသုံးပြုခြင်းကို ၂၀၁၀ ခုနှစ် မေလမှ စတင်၍ မိုအန်း (ဝယ်နယ်)ကျွန်းတွင် လစဉ်ကြေးပေးသွင်းမှုဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။

ခရီးသွားလုပ်ငန်း အထူးသဖြင့် ထရပ်ခ်ပင်လယ်အိုင်၏ သင်္ဘောအပျက်အစီးများကြားတွင် စကူဘာကိရိယာသုံး ရေငုပ်ခြင်းသည် ကျွန်း၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည်။ ကော့ပရာ (အုန်းသီးအသားခြောက်)သည် တစ်ခုတည်းသော ငွေဝင်သီးနှံဖြစ်ပြီး အထွက်နှုန်းမှာ မပြောပလောက်ပေ။ အစွန်အဖျားကျွန်းများတွင် နေထိုင်သူအများစုသည် တပိုင်တနိုင် သက်မွေးလုပ်ငန်းများသာ လုပ်ကိုင်လေ့ရှိသည်။

အပန်းဖြေရေငုပ်ခြင်း[ပြင်ဆင်ရန်]

မိုအန်း မြင်ကွင်း
ချုခ်သန္တာကျွန်းစု

၁၉၆၉ ခုနှစ်တွင် ဝီလ်ယမ် ‌အေ.ဘရောင်းသည် ပြင်သစ်အဏ္ဏဝါဗေဒပညာရှင် ဂျက် ကူစတို နှင့်သူ၏အဖွဲ့တို့နှင့်အတူ ထရပ်ခ်သန္တာအိုင်ကို လေ့လာစူးစမ်းခဲ့ကြသည်။ ကူစတို၏ ၁၉၇၁ ခုနှစ်ထုတ် သန္တာအိုင်နှင့် တစ္ဆေဆန်ဆန် အကြွင်းအကျန်များအကြောင်း ရုပ်မြင်သံကြားမှတ်တမ်းရုပ်ရှင်ထွက်ရှိပြီးနောက်တွင် ၎င်းသန္တာကျွန်းစုသည် စကူဘာကိရိယာသုံး ရေငုပ်သူများကို ညို့ငင်ရာဖြစ်လာပြီး ကမ္ဘာတစ်ဝှမ်းမှ အပျက်အစီးများအကြား ရေငုပ်ခြင်း ဝါသနာအိုးများအား ၎င်း၏ များပြားလှစွာ‌သော၊ အကောင်းပကတိနီးပါး ကြွင်းကျန်နစ်မြုပ်နေသောသင်္ဘောများကို လာ‌ရောက်ရှုစားရန် ဆွဲဆောင်နိုင်ခဲ့သည်။ သင်္ဘောပျက်များနှင့် အကြွင်းအကျန်များကို တစ်ခါတစ်ရံ "ထရပ်ခ်သန္တာအိုင်၏ တစ္ဆေ‌ရေတပ်ဖွဲ့"ဟု ရည်ညွှန်းကြသည်။ ထရပ်ခ်ကျွန်းစုများဖြစ်သော တိုးနိုးအတ်စ်အတ်တန်၊ ဖယ်လ်ဖန် နှင့် အူမန်ကျွန်းများတစ်ဝိုက်တွင် အများအားဖြင့် ပြန့်ကျဲနေသော သင်္ဘောပျက်အများအပြားသည် သလင်းကဲ့သို့ကြည်လင်သောရေပြင်အောက် ၁၅ မီတာ (၅၀ ပေ) တွင် လှဲလျောင်းတည်ရှိနေပါသည်။ ပုံမှန်သမုဒ္ဒရာရေစီးကြောင်းများမရှိသောရေထဲတွင် ရေငုပ်သမားများသည် ဓာတ်ငွေ့ကာမျက်နှာဖုံးများ၊ ရေငုပ်သင်္ဘောဖျက်မိုင်းများဖြင့် ရှုပ်‌‌‌ပွေနေသောကုန်းပတ်များကို ဖြတ်ကျော်ကူးခတ်နိုင်ပြီး ကုန်းပတ်အောက်တွင်မူ လူသားရုပ်ကြွင်း သာဓကများကို တွေ့ရှိနိုင်သည်။ များပြားလှသင်္ဘောကြီးများတွင် တိုက်လေယာဉ်များ၊ တင့်ကားများ၊ ဘူဒိုဇာများ၊ ရထားတွဲများ၊ မော်တော်ဆိုင်ကယ်များ၊ တော်ပီဒိုများ၊ မိုင်းများ၊ ဗုံးများ၊ ခဲယမ်းသေတ္တာများ၊ ရေဒီယိုများအပြင် အခြားထောင်ပေါင်းများစွာသော လက်နက်များ၊ အပိုပစ္စည်းများနှင့် အခြားရှေးဟောင်းပစ္စည်းအကြွင်းအကျန်များကို မြင်နိုင်သည်။ ၎င်းတို့ထဲတွင် အထူးစိတ်ဝင်စားစရာမှာ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားရင်း ‌ပျောက်ဆုံးသွားခဲ့သော ရေငုပ်သင်္ဘောအိုင်-၁၆၉ ရှင်နိုဟာရာ၏ သင်္ဘောပျက်ဖြစ်သည်။ ၎င်းရေငုပ်သင်္ဘောသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ပုလဲဆိပ်ကမ်း တို်က်ခိုက်မှုတွင် ပါဝင်ခဲ့သည်။

သန္တာကျောက်များဖြင့် ဖုံးအုပ်ထား‌သောအပျက်အစီးများသည် မန်တာငါးလိပ်ကျောက်များ၊ ပင်လယ်လိပ်များ၊ ငါးမန်းများနှင့် သန္တာကျောက်များ အပါအဝင် အမျိုးမျိုးသော အဏ္ဏဝါသက်ရှိများကို ဆွဲဆောင်သည်။ ၂၀၀၇ ခုနှစ်တွင် သန္တာကျောက်တန်းငါးမျိုးစိတ် ၂၆၆မျိုးအား မြေကမ္ဘာစောင့်ကြည့်ရေးအဖွဲ့မှ မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ရှားပါးသန္တာကျောက် Acropora pichoni ကို ရှာဖွေတွေ့ရှိခဲ့သည်။ [၂၂]

၂၀၁၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် သြစတြေးလျရုပ်သံလွှင့်ကော်ပိုရေးရှင်း အစီအစဉ် နိုင်ငံခြားသတင်းထောက်တွင် အလက်စကာတွင် ဖြစ်ပွားခဲ့သော အတ်ဆွန်ဗယ်လ်ဒတ်စ် ရေနံယိုဖိတ်မှု၏ အကျိုးဆက်နှင့် တူညီနိုင်သော ချုခ်သန္တာအိုင်အတွင်းတွင် သံချေးတက်ပျက်စီးနေသည့်ဂျပန်စစ်သင်္ဘောများမှ ရေနံတန်ချိန်ထောင်ပေါင်းများစွာကို သန္တာကျောက်တန်းအတွင်း အမြောက်အမြားထုတ်လွှတ်နိုင်ခြေရှိ‌နေခြင်း၏ အကျိုးဆက်ကို အစီရင်ခံထုတ်လွှင့်ခဲ့သည်။ [၂၃] သို့ရာတွင် ၁၉၄၄ ခုနှစ်အတွင်း ဂျပန်တို့၏ညံ့ဖျင်းလှသော စစ်ပြင်ဆင်မှုအခြေအနေကြောင့် သင်္ဘောအများစုသည် ၎င်းတို့၏ဆီလှောင်ကန်များတွင် လောင်စာဆီ အနည်းငယ်မျှသာ ရှိကောင်းရှိနေနိုင်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များသည် ဂျပန်သုတေသနပညာရှင်များနှင့်တို်င်ပင်ကာ သင်္ဘောများ၏ကိုယ်ထည်အတွင်း၊ အထူးသဖြင့် နစ်မြုပ်နေသော ရေနံတင်သင်္ဘောသုံးစင်းတွင် လောင်စာရေနံမည်မျှရှိနိုင်သည်ကို ဆုံးဖြတ်ရန် ကြိုးပမ်းနေရင်း သင်္ဘောပျက်များကိုလည်း စစ်တမ်းကောက်ယူလျက်ရှိသည်။ [၂၄] [၂၅] အဆိုပါ သင်္ဘောပျက်များကို ဂျပန် စစ်သင်္ချိုင်းအဖြစ် သတ်မှတ်ထားပြီး အပြီးသတ်ရှင်းလင်းရေးတွင် ဂျပန်အစိုးရမှ ပါဝင်ဆောင်ရွက်ရန်လိုအပ်နေသည်။

သင်္ဘောပျက်ပြခန်း[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

  • အမေရိကန်ပြည်ထောင်စုရှိ ဓနသဟာယနှင့် နယ်မြေများ၊ ဆက်စပ်ပြည်နယ်များနှင့် နိုင်ငံခြားပြည်နယ်များရှိ United States အမျိုးသားသမိုင်းဝင် အထင်ကရနေရာများစာရင်း
  • အမေရိကန်ရေတပ်အခြေစိုက်စခန်း ကာရိုလိုင်းများ
  • ရေကန်ထဲက အပျက်အစီးစာရင်း

မှတ်စုများ[ပြင်ဆင်ရန်]

  1. 1989 Census p. 1
  2. 2010 Census p ii
  3. Weatherbase: Historical Weather for Chuuk Islands, Federated States of Micronesia။ Weatherbase (2011)။ 2020-10-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-09 တွင် ပြန်စစ်ပြီး။ Retrieved on November 24, 2011.
  4. League of Nations chronology။ 2015-04-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-26 တွင် ပြန်စစ်ပြီး။
  5. Under Heaven's Brow: Pre-Christian Religious Tradition in Chuuk။ 1 January 2002။ pp. 17–18။
  6. Coello, Francisco (1885). "Conflicto hispano-alemán". Boletín de Sociedad Geográfica de Madrid 19: 234, 266. 
  7. Coello, Francisco (1885). "Conflicto hispano-alemán". Boletín de Sociedad Geográfica de Madrid 19: 241, 242, 289. 
  8. Hezel၊ Francis X. (1995)။ Strangers in Their Own Land: A Century of Colonial Rule in the Caroline and Marshall Islands။ Honolulu: University of Hawai'i Press။ p. 70ISBN 978-0-8248-2804-2
  9. Dan E. Bailey (2001)။ WWII Wrecks of the Truk Lagoon။ 2020-04-01 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2020-05-26 တွင် ပြန်စစ်ပြီး
  10. Stephenson၊ Charles (2017)။ The Siege of Tsingtau: The German-Japanese War 1914။ Pen and Sword။ pp. 67–68။ ISBN 978-1-52670-295-1
  11. ၁၁.၀ ၁၁.၁ Ponsonby-Fane 1962, p. 348.
  12. Mizokami၊ Kyle။ "Japan's baptism of fire: World War I put country on a collision course with West"၊ 27 July 2014။ 
  13. Myers & Peattie 1984, p. 200.
  14. League of Nations chronology။ 2015-04-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-26 တွင် ပြန်စစ်ပြီး။
  15. Costello၊ John (1982)။ The Pacific War, 1941–1945။ New York: Quill။ ISBN 978-0-688-01620-3
  16. Truk Lagoon and the Lost Japanese Ghost Fleet – The Adventure Couple။ Live-adventurously.com (2012-03-08)။ 2016-08-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-11-21 တွင် ပြန်စစ်ပြီး။
  17. Truk Lagoon and the Lost Japanese Ghost Fleet – The Adventure Couple။ Live-adventurously.com (2012-03-08)။ 2016-08-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-11-21 တွင် ပြန်စစ်ပြီး။
  18. Japanese garrisons on the by-passed Pacific Islands 1944–1945Forgotten Campaign: The Dutch East Indies Campaign 1941–1942 (1999–2000)။ 2016-01-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  19. Video: Castle Films Yanks Smash Truk (1944)Castle Films။ 1944February 21, 2012 တွင် ပြန်စစ်ပြီး
  20. Trumbull၊ Robert။ "The 'Graveyard' Lure of Truk Lagoon"၊ April 30, 1972။ 
  21. Stewart, 1986
  22. Scientists Find Oil Leak Threatening Chuuk Lagoon Archived 2019-06-12 at the Wayback Machine. Newswise, Retrieved on August 28, 2008.
  23. Chuuk Islands – The Blue and the Black – Foreign Correspondent။ ABC (2011-05-20)။ 2016-03-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-11-21 တွင် ပြန်စစ်ပြီး။
  24. Paradise island threatened by wrecked WWII oil tanker – environment – 02 September 2008။ New Scientist (2008-09-02)။ 2014-08-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-11-21 တွင် ပြန်စစ်ပြီး။
  25. Rainforest Conservation | Volunteer For Animals | Earthwatch News။ Earthwatch.org။ 2019-10-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-11-21 တွင် ပြန်စစ်ပြီး။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]