ဝယ်နယ်

ဝီကီပီးဒီးယား မှ
ဝယ်နယ်
ဒေသန္တရအုပ်ချုပ်ခွင့်ရ မြို့
Skyline of ဝယ်နယ်
နိုင်ငံမိုက်ခရိုနီးရှား ဖယ်ဒရယ် ပြည်ထောင်စု
ဧရိယာ
 • စုစုပေါင်း၁၈.၆ စတုရန်းကီလိုမီတာ (၇.၂ စတုရန်းမိုင်)
လူဦးရေ (2010)
 • စုစုပေါင်း၁၃၈၅၆
 • သိပ်သည်းမှု၇၄၀/km (၁၉၀၀/sq mi)

ဝယ်နယ် (ယခင်အခေါ် မိုအန်) သည် မိုက်ခရိုနီးရှား ဖယ်ဒရယ်ပြည်ထောင်စု (FSM အက်ဖ်အက်စ်အမ်) ချုခ်ပြည်နယ်ကျွန်းပေါ် ဒေသန္တရအုပ်ချုပ်ခွင့်ရ မြို့ တစ်ခုဖြစ်သည်။ ၎င်းသည် FSMတွင် အကြီးဆုံးမြို့ဖြစ်သည်။ ၎င်းတွင် ခန့်မှန်းခြေ ဧရိယာ ၂၀ စတုရန်းကီလိုမီတာ ရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၃,၈၅၆ ဖြစ်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ဝယ်နယ်၏ ယေဘူယျမြင်ကွင်း

၎င်းသည် ချုခ်ပင်လယ်သန္တာအိုင်တွင် တည်ရှိသည်။ ၎င်း၏ရွာများသည် (ကျွန်း၏)အနောက်မြောက်ပိုင်းတွင် (ဆာပုခ်၊ ပန်နီးယား၊ ပန်နီယေစန်၊ တွန်းနုခ်၊ မတ်ချစ်တူ၊ အီရပ်စ်၊ နန်တာကူ၊ နီးပူးကို့စ်၊ မွမ်၊ နယ်ဝယ်၊ ဝီးချက် နှင့် အတ်ပီးနပ်) တည်ရှိပြီး ကုန်သွယ်မှုအချက်အခြာအဖြစ် ရွက်ဆောင်သည်။ ဝယ်နယ်သည် ပြည်နယ်မြို့တော် နှင့် FSMတွင် လူဦးရေ ဒုတိယအထူထပ်ဆုံးမြို့ဖြစ်ပြီး ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၃,၈၅၆ ရှိသည်။[၁]

အမြင့်ဆုံးအပိုင်းမှာ တီရိုကန်တောင် ဖြစ်ပြီး အမြင့် ၃၆၄ မီတာ (၁,၂၁၄ ပေ) ဖြစ်သည်။[၂]

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

<a href="https://en.wikipedia.org/wiki/Chuuk_International_Airport" rel="mw:ExtLink" title="Chuuk International Airport" class="cx-link" data-linkid="88">ချုခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်</a>

ဝယ်နယ်တွင် ပြည်နယ်၏တစ်ခုတည်းသောလေဆိပ် ဖြစ်သော ချုခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိသည်။ လမ်းစနစ်သည် ကျွန်း၏အချို့သောအပိုင်းများတွင် ‌ကောင်းမွန်စွာတည်ဆောက်ထားခြင်းမရှိပေ။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်မရှိသော‌ကြောင့် လာရောက်လည်ပတ်သူများသည် အဌားကား ယာဉ်ငယ်များဖြင့်သာ ကျွန်းတပတ်လည်ပတ်နိုင်ပေသည်။[ကိုးကားချက်လိုသည်][citation needed]

ကုန်သင်္ဘောများနှင့် ခရီးသည်တင်သင်္ဘောများအတွက် စီးပွားရေးသင်္ဘောကျင်းတစ်ခုရှိသည်။ ကျွန်းသားများသည် အမြန်လှေငယ်များ နှင့် သင်္ဘောငယ်များအသုံးပြု၍ အခြားသောပင်လယ်သန္တာအိုင်အတွင်းကျွန်းများ နှင့် အဝေးကျွန်းများသို့ အသွားအပြန်လုပ်ကြသည်။ [ကိုးကားချက်လိုသည်][citation needed]

ရာသီဥတု[ပြင်ဆင်ရန်]

Weno အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 31
(87)
30.2
(86.4)
30.4
(86.7)
30.6
(87.1)
30.9
(87.6)
30.7
(87.2)
30.9
(87.7)
30.8
(87.4)
31
(87.8)
31.3
(88.3)
31.3
(88.3)
30.9
(87.7)
30.83
(87.43)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 24.4
(75.9)
24.6
(76.2)
24.7
(76.4)
24.7
(76.4)
24.5
(76.1)
24
(76)
24
(75)
23.5
(74.3)
23.7
(74.7)
23.6
(74.5)
24.3
(75.8)
24.1
(75.3)
24.18
(75.55)
ပျမ်းမျှ ရွာကျခြင်း mm (inches) 246
(9.7)
206
(8.1)
234
(9.2)
318
(12.5)
312
(12.3)
328
(12.9)
335
(13.2)
358
(14.1)
363
(14.3)
280
(11)
290
(11.4)
274
(10.8)
၃၅၄၄
(၁၃၉.၅)
Source: Weatherbase[၃]

ပညာရေး[ပြင်ဆင်ရန်]

ဝယ်နယ်ကျွန်း မြေပုံ

အထက်တန်းလွန်

ချုခ် ပညာရေး ဝန်ကြီးဌာနမှ လည်ပတ်နေသော အစိုးရကျောင်းများ

  • <a href="https://en.wikipedia.org/wiki/Chuuk_High_School" rel="mw:ExtLink" title="Chuuk High School" class="cx-link" data-linkid="176">ချုခ် အထက်တန်းကျောင်း</a> ၊ နီးပူးကို့စ် (နန်တာကူ)
  • အီရပ်စ် ပြည်သူ့မူလတန်းကျောင်း၊ အီရပ်စ်
  • နယ်ဝယ် မူလတန်းကျောင်း၊ နယ်ဝယ်
  • မွမ် မူလတန်းကျောင်း၊ ဆယ်ဖှင်

ကိုယ်ပိုင်

  • <a href="https://en.wikipedia.org/wiki/Xavier_High_School_(Micronesia)" rel="mw:ExtLink" title="Xavier High School (Micronesia)" class="mw-redirect cx-link" data-linkid="182">ဇေဗီယာ အထက်တန်းကျောင်း</a> ၊ ဆာပုခ်
  • ဆာရာမန် ချုခ် အကယ်ဒမီ၊ နီးပူးကို့စ်
  • သတ္တမမြောက်နေ့ ဥပုသ်အသင်းကျောင်း၊ နယ်ဝယ်
  • အာကွိုင်းကွိုင်းကျောင်း၊ ပန်နီးယား
  • စိန့်စစ်စီလီယာကျောင်း၊ တွန်းနုခ်

အမျိုးသမီးရေးရာ[ပြင်ဆင်ရန်]

ချုခ် အမျိုးသမီးကောင်စီသည် ဝယ်နယ်တွင် အခြေစိုက်၍ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအတွက် လေ့ကျင့်ပေးခြင်းအပါအဝင် ချုခ်ပြည်နယ်တစ်ဝှမ်းရှိ အမျိုးသမီးအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအား ပံ့ပိုးမှုပေးသည်။ [၄]

ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

ချုခ်ပြည်နယ်တွင် ကင်မီယို အိုင်းစက်တည်ထောင်ခဲ့သည့် ရေငုပ်ခြင်းသည် ဝယ်နယ်တွင်ခရီးသွားများ အား အဓိကဆွဲဆောင်ရာလုပ်ငန်း ဖြစ်သည်။ [၅] ကင်မီယို အိုင်းစက် အမှတ်တရပြတိုက်သည် ချုခ်ပြည်နယ်၏ ပထမဆုံး ပြတိုက်ဖြစ်ပြီး ရေငုပ်လုပ်ငန်းမှ ၎င်း၏ အမွေအနှစ်များကို ဂုဏ်ပြုရန် နှင့် ချုခ်၏ ရေအောက်အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ [၆]

လူထုတွင်း နာမည်ကျော်မှု[ပြင်ဆင်ရန်]

'Outback Truckersရုပ်သံဇာတ်လမ်းတွဲ ရာသီ ၅ ၏ အပိုင်း ၁၀ တွင် ဝယ်နယ်ကို အက်ဒလေမှ ဓာတ်အားပေးစက် ၂ခု နှင့် လျှပ်စစ်ခလုတ်ခုံ ‌ပေးပို့ကာ ကျွန်းအတွက် တစ်နေကုန် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးပါသည်ဟူ၍ပါသည်။ [ကိုးကားချက်လိုသည်]</link>[ ကိုးကားလိုအပ်သည် ]

ရှုခင်းများ[ပြင်ဆင်ရန်]

ဝယ်နယ်၏အရှေ့ဘက်တွင် ကက်သလစ်ဘုရားကျောင်းတစ်ခုဖြစ်သော သန့်စင်သော နှလုံးသားပိုင်ရှင် မေရီ ဘုရားရှိခိုးကျောင်း သည် လည်ပတ်ရန်သင့်သည်။ ဘုရားကျောင်းကို (ထောင့်ကိုးရာ)ခြောက်ဆယ်နှစ်များအဆုံးတ္ငင် (အသစ်)လှူဒါန်းခဲ့သည်။ ၎င်းသည် ကာရိုလိုင်းကျွန်းစု၏ ဂိုဏ်းချုပ်ပလ္လင်ဖြစ်သည်။

ဝယ်နယ်၏အရှေ့ဘက် ပန်နီယေစန်ရွာအနီး ဝီချန်မြစ်နှင့်နီး‌‌သောနေရာရှိ ဝီချန် အမျိုးသားများ တွေ့ဆုံခန်းမသည် ကျောက်ထွင်း နံရံပန်းချီများနှင့် ရေကူးကန်တစ်ခု ပါရှိသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Pacific Data Archive။ 2015-12-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-04 တွင် ပြန်စစ်ပြီး။
  2. Bendure, G. & Friary, N. (1988) Micronesia:A travel survival kit. South Yarra, VIC: Lonely Planet.
  3. Weatherbase: Historical Weather for Weno, Federated States of Micronesia။ Weatherbase (2011)။ Retrieved on November 24, 2011.
  4. Chuuk Women's Council Announce New Website and Women's Interest Facility | Chuuk Reform Movement (2021-10-03)။ 2021-10-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-10-03 တွင် ပြန်စစ်ပြီး။
  5. Post၊ Dianne Strong | Special to The Guam Daily (27 January 2019)။ Internationally known, Chuukese-owned dive shop going strong past 45 years (in en)။ 2021-05-14 တွင် ပြန်စစ်ပြီး။
  6. FSM National Government - Chuuk State Commemorates 75th Anniversary of Operation Hailstone။ 5 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-05-14 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]