တိုးနိုးဝက်စ်

ဝီကီပီးဒီးယား မှ

တိုးနိုးဝက်စ် (သို့မဟုတ် တိုးနိုးအက်စ်) သည် ၎င်း၏စပိန်အမည်ဖြစ်သော တူဗလွန် ဖြင့်လည်းသိကြပြီး၊ ၎င်းသည် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု၊ <a href="https://en.wikipedia.org/wiki/Chuuk_State" rel="mw:ExtLink" title="Chuuk State" class="cx-link" data-linkid="6">ချုခ်ပြည်နယ်</a> (ယခင် ထရပ်ခ်)ရှိ ချုခ်သန္တာပင်လယ်အိုင်အတွင်းတည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ဧရိယာ ၈.၈ စတုရန်းကီလိုမီတာရှိပြီး နောက်ဆုံးသန်းခေါင်စာရင်း (၁၉၈၀) တွင် လူဦးရေ ၃,၂၀၀ ရှိသည်။ ကျဉ်းမြောင်းသော တစ်လမ်းသွားလမ်းကြောင်းတစ်ခုသည် ကျွန်းတစ်ပတ်ပတ်ရံထားသဖြင့် ရွာငယ်များ (နီးချပ်၊ ကူချူဝါ၊ ဆန်ကူ၊ အီလင်၊ ယွန်းကူ နှင့် အတ်တန်ကျွန်း)သို့ ကုန်းလမ်းဖြင့်သွားလာနိုင်စေသည်။ ကျွန်းပေါ်ရှိ စာသင်ကျောင်းငါးကျောင်းနှင့် ဂျပန်စစ်ဘက်အပျက်အစီး၊ အကြွင်းအကျန်များဖြစ်သည့် ပင်လယ်ဆင်းလေယာဉ်ကျောက်ချရာနေရာ နှင့် ကြီးမားသော လောင်စာသိုလှောင်ကန်များ ပါဝင်သည်။ ၁၉၂၀-၁၉၃၀ ခုနှစ်များအတွင်း ၎င်းတို့အာဏာတည်စဉ်ကာလမှ ဂျပန်အုပ်ချုပ်ရေးဗဟိုဌာနကို ယခုတိုင် တွေ့ရှိနိုင်ဆဲဖြစ်ပြီး လက်ရှိတွင် အစိုးရအဆောက်အအုံတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။

တူဗလွန်ကျွန်း၊ ချုခ်ပြည်နယ်

တူဗလွန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဘုရင့်တပ်မတော် (IJA) အတွက် ဌာနချုပ်ဖြစ်ခဲ့သည်။ ထိုကျွန်း၏ ဂျပန်အမည်မှာ နတ်ဆု ရှီးမား (သို့မဟုတ် နတ်ဆူရှီးမား) ဖြစ်ပြီး "နွေရာသီကျွန်း" ဟု အဓိပ္ပါယ်ရသည်။ မြေအောက်ဗုံးခိုကျင်းတစ်ခုပါရှိသော IJA ၏ ရုံးချုပ်အဆောက်အအုံများ အား အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော် သမိုင်းဝင်နေရာများမှတ်ပုံတင်ဌာနတွင် စာရင်းတင်ပြ၍ ဖော်ပြထားသည်။


ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]