ချားလ် ဒစ်ကင်း
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ချားလ် ဒစ်ကင်း | |
---|---|
၁၈၆၇၊ နယူးယောက်ရှိ ဒစ်ကင်း | |
မွေးဖွား | Charles John Huffam Dickens ၇ ဖေဖော်ဝါရီ၊ ၁၈၁၂ Landport, Hampshire, England |
ကွယ်လွန် | ၉ ဇွန်၊ ၁၈၇၀ Higham, Kent, England | (အသက် ၅၈)
ထာဝရ အိပ်စက်ရာ | Poets' Corner, Westminster Abbey |
အလုပ်အကိုင် | Writer |
နိုင်ငံလူမျိုး | British |
ထင်ရှားသည့်လက်ရာများ | |
အိမ်ထောင်ဖက် | Catherine Thomson Hogarth |
သားသမီး | |
လက်မှတ် |
ချားဒစ်ကင်းကို ၁၈၁၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ပို့စ်မောက်ဒေသ၌ ဂျွန်ဒစ်ကင်း နှင့် အဲလိဇဘတ်ဒစ်ကင်း တို့က မွေးပြီး မွေးချင်းတို့တွင် ဒုတိယသား ဖြစ်သည်။ ဖခင်ဖြစ်သူ ဂျွန်ဒစ်ကင်းသည် တော်ဝင်ရေတပ်မတော် ငွေစာရင်းရုံးမှ စာရေးဖြစ်ပြီး တာဝန်ကျရာ ပို့တ်စီးတွင် ဒစ်ကင်းကို မွေးဖွားခြင်းဖြစ်သည်။ ဒစ်ကင်းကိုမွေးဖွားပြီး မကြာမီ နော်ဖော့ခ်လမ်း၊ ဘလွန်းမ်ဘာရီသို့ ပြောင်းရွှေ့သည်။ ထိုမှတဆင့် ဒစ်ကင်းအသက် ၄ နှစ်သို့ရောက်သောအခါတွင် ကန့်ထ်သို့ပြောင်းရွှေ့သည်။ ထိုဒေသတွင် ဒစ်ကင်း ၁၁နှစ်အရွယ်အထိ နေခဲ့သည်။ ဖခင်သည် ငွေရေးကြေးရေးပြဿနာများနှင့် အမြဲလိုလို ရင်ဆိုင်ရသည်။
ဒစ်ကင်းသည် သူ၏ငယ်ဘဝကို သိမ်ငယ်စွာဖြင့်ဖြတ်သန်းခဲ့ကာ၊ သူ့ကို မည်သူကမှ ဂရုတစိုက်မရှိဟူသောအတွေးကို လက်ကိုင်ထားသူလည်း ဖြစ်သည်။ သူ၏ငယ်ဘဝကို အိမ်တွင်ပင် ကပ်သည်မရှိဘဲ ကုန်ဆုံးခဲ့သည်။ သို့သော် စာအုပ်စာပေများကိုမူ သည်းကြီးမဲကြီး ကျားကုပ်ကျားခဲ ဖတ်သည်။ ကလေးဘဝမှ ဓာတ်ပုံကဲ့သို့ မှတ်ဉာဏ်စွဲထင်ခဲ့သော လူများနှင့်အဖြစ် အပျက်များကို နောင်အခါစာရေးရာ၌ ကုန်ကြမ်းအဖြစ်အသုံးပြုသည်။ ထိုစဉ်က ငွေကြေး တတ်နိုင်သဖြင့် ပုဂ္ဂလိကျောင်းများတွင် စာပေသင်ကြားနိုင်ခဲ့သည်။ ၁၈၂၂တွင် ငွေကြေးအခက်အခဲကြောင့် ဒစ်ကင်းတို့ မိသားစုသည် ကန့်ထ်မှ ကမ်မ်ဒန်မြို့သို့ ပြောင်းရွေ့ခဲ့သည်။ ချားဒစ်ကင်း အသက် ၁၂ နှစ်သား၊ ၁၈၂၄ တွင် သူ့ဖခင်သည် အကြွေးမဆပ်နိုင်၍ မာရှယ်လ်စီးအကျဉ်းထောင်တွင် အကျဉ်းကျသည်။ ထိုခေတ်၏ဥပဒေအရ များမကြာမီမှာပင် မိခင်ဖြစ်သူ အဲလိဇဘတ်ဒစ်ကင်းနှင့် အခြားကလေးများမှာလည်း အကြွေးများမဆပ်နိုင်သဖြင့် မာရှယ်လ်စီးအကျဉ်းထောင်တွင် အကျဉ်းကျခဲ့ကြပြန်သည်။ အသက် ၁၂နှစ်အရွယ်ရှိ ချားလ်စ်ဒစ်ကင်းသည် သူတို့မိသားစု၏ မိတ်ဆွေဖြစ်သော အဲလိဇဘတ်ရွိုင်းလေ့စ် ထံတွင် သွား ရောက်နေထိုင်ခဲ့သည်။ မိသားစုကို ကူညီရန် ချား ကျောင်းထွက်ပြီး၊ စက်ရုံဟောင်းကြီး၌ ညစ်ပတ်ပေကျံနေသော ပုလင်းများကို ဆေးကြော သန့်စင်ပြီး တံဆိပ်ကပ်သော အလုပ်ကို လုပ်ခဲ့ရ၍ ခက်ခဲ ကြမ်းတမ်းသော ငယ်ဘဝကို ဘယ်ခါမှ မမေ့ချေ။ သူ့ ဝတ္ထုရှည်နှင့် စာအုပ်များသည် ဆင်းရဲ နွမ်းပါးသော လူများနှင့် သူတို့ ရင်ဆိုင်ရသော ဒုက္ခသုခများကို ရေးသားခဲ့သော အကြောင်းအရာများ ဖြစ်သည်။
လအနည်းငယ်ကြာတွင် ဂျွန်ဒစ်ကင်း၏အဖွားဖြစ်သူ အဲလိဇဘတ်ဒစ်ကင်းကွယ်လွန်သည့်အတွက် သေတမ်းစာအရ စတာလင်ပေါင် ၄၅၀ခန့် ရရှိခဲ့သည်။ ထို့နောက်တွင် ဒစ်ကင်းတို့ မိသားစု ထောင်မှထွက်လာကြသည်။ ထို့နောက် ဒစ်ကင်းသည် လန်ဒန်မြို့မြောက်ဘက်ရှိ ဝယ်လင်တန်ကျောင်းတွင် ပညာသင်ကြားခွင့်ရရှိခဲ့သော်လည်း၊ မိခင်ဖြစ်သူသည် ရှူးဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော ဒစ်ကင်းအား ချက်ချင်းခေါ်ယူခြင်း မပြုပါ။ ထိုဖြစ်ရပ်ကြောင့် ငယ်ရွယ်သော ဒစ်ကင်း၏ စိတ်ထဲတွင် မိန်းမများကို အထင်အမြင်သေးသည့် စိတ်ဓာတ်များ ဝင်ရောက်ခဲ့ပြီး၊ အမျိုးသားများကသာ အိမ်ထောင်ဦးစီး ဖြစ်သင့်သည်ဟူသော အတွေးလည်းဝင်ခဲ့သည်။ နောင်တွင် ချားသည် ကျောင်းကို နှစ်နှစ်ကျော်ကြာ ပြန်တက်သည်။ ဘဝကိုခက်ခဲခါးသီးစွာနှင့် ဖြတ်သန်းခဲ့ကာ ၁၈၂၇ ခု၊ ၁၅ နှစ်သားတွင် ကျောင်းထွက်လိုက်ကာ ဟော်လ်ဘွန်းတရားရုံးမှ ရှေ့နေများ၏ ရုံးခန်းတွင် အငယ်တန်းစာရေးအဖြစ် ၁၈၂၈ ထိ လုပ်ကိုင်ခဲ့သည်။ အားလပ်ချိန်များတွင် လက်ရေးတိုရေးနည်းကိုလည်း လေ့လာဆည်းပူးခဲ့သည်။ ထို့နောက် သတင်းထောက် တစ်ဦး အဖြစ် ရပ်တည်ရန်အတွက် လက်ရှိအလုပ်မှ နုတ်ထွက်ခဲ့သည်။ ဆွေမျိုးတော်စပ်သူ အလွတ်သတင်းထောက် သောမတ်စ်ချာလ်တန်သည် Doctor's Common တွင်အလုပ်လုပ်သည့်အတွက် ထိုသူ၏အကူအညီဖြင့် ဒစ်ကင်းသည် ဥပဒေဆိုင်ရာ သတင်းထောက်အဖြစ် ၄ နှစ်နီးပါးလောက် အလုပ်လုပ်သည်။
၁၈၃၀ ဝန်းကျင်တွင် ဒစ်ကင်းသည် သူ့ဘဝ၏အချစ်ဦးဖြစ်သူ မာရီယာဘိနဲလ်နှင့် ဆုံတွေ့သည်။ သို့သော် မာရီယာ၏ မိဘများသည် ဒစ်ကင်းနှင့် သဘောမတူ၍ မာရီယာကို ပြင်သစ်သို့ပို့ကာ အနေဝေးစေခဲ့သဖြင့် ဒစ်ကင်း၏ပထမဆုံးချစ်ဇာတ်လမ်းလည်း သိမ်းခဲ့လေသည်။
၁၈၃၆ တွင် ဒီပစ်ဝစ်သတင်းစာ (The Pickwick Papers) တွင် စာစရေးသည်။ ရေးသားခဲ့သမျှကို အတွဲလိုက် ထုတ်ဝေပြီး၊ အောင်မြင်မှု အမြင့်ဆုံး ရသည်။ ၂၄ နှစ်တွင် ဂရိတ်ဗြိတိန်နှင့် အမေရိကန်တွင် ထင်ရှားကျော်ကြားသည် စာရေးဆရာ တဦး ဖြစ်လာသည်။
ပရိသတ်က သူ့စာအုပ်များကို ဝယ်သည်။ သူ့ဝတ္ထုများကို အသံကျယ်ကျယ်နှင့် ဖတ်ပြသည်ကို နားထောင်ရန် ငွေပေးကြသည်။ ထိုကာလက ရေဒီယိုတို့၊ ရုပ်မြင်သံကြားတို့ မရှိ၍ ပရိသတ်တွေက စာရေးဆရာများ သူတို့ဝတ္ထုကို ကိုယ်တိုင် ဖတ်ပြသည်ကို နားဆင်လိုသည်။ ဒစ်ကင်းက ပြဇာတ် တပုဒ်ကို သရုပ်ဆောင်နေသကဲ့သို့ ဖတ်ပြသည်။ လှည့်လည် ခရီးသွားကာ သူ့စာအုပ်များကို ဖတ်ပြရင်းမှ ဝင်ငွေများစွာ ရသည်။
ချားဒစ်ကင်းက ဝတ္ထုများကို အသေးစိတ်အောင် ရေးသူ ဖြစ်ပြီး သူရေးသမျှ အရာတိုင်းက မှန်ကန်သော အရာ ဖြစ်နေရသည်။ အိမ်၌ စာရေးစဉ်တွင် သက်ရှိသက်မဲ့ အရာရာတိုင်းသည် သူ့စိတ်တွင် အသက်ဝင်နေသည်။ ပြတင်းပေါက်နားက စာရေးစားပွဲပေါ် တင်ထားသော ပန်းအိုးထဲမှာ အလှဆင်ယင်ထားသော ပန်းများ အစဉ် ထိုးထားလေ့ရှိသည်။ တနေ့ကို စာလုံးရေ ၂၀၀၀ ပုံမှန်ရေးကာ လိုအပ်ပါက ပြည့်စုံသည့်အထိ ရေးသည်။ သူ ရေးသော စာရွက်ကို သုံးပိုင်း ပိုင်းထားလေ့ ရှိသည်။ အဓိက ဝတ္ထုစာသားများကို စာမျက်နှာ အလယ်တွင် ရေးသားပြီး၊ မှတ်စုများကို ညာဘက် သတ်မှတ်ထားသော ဘေးမျဉ်းကွက်လပ်တွင် တေးမှတ်ကာ၊ ဘယ်ဘက်တွင်မူ အခန်းစဉ်များကို တပ်လေသည်။ မိမိ၏ ပုံပန်းသွင်ပြင်ကို အမြဲ ဂရုစိုက်ရာ အိမ်တွင် ကြည့်မှန်များစွာ ထားရှိသည်။ မကြာခဏ ခေါင်းကို ဖြီးနေတတ်သည်။ ညစာ စားပွဲများ တက်ပြီး၊ အဝတ်အစားသစ်များ ဝတ်လေ့ရှိကာ၊ အထူးသဖြင့် ကတ္တီပါဂျာကင်နီများ ဖြစ်သည်။ အမြဲတမ်းလိုလို လက်ချောင်းများတွင် လက်စွပ် ဝတ်တတ်ပြီး ကြည့်လိုက်လျှင် အဝတ်အစားကို ခဏခဏ လဲဝတ်တတ်သည်။
ချားဒစ်ကင်းသည် အယူသည်းသူ တဦး ဖြစ်ကာ၊ သောကြာနေ့များသည် ကံကောင်းတတ်ပြီး သေချာစေရန် ပစ္စည်းများကို သုံးကြိမ် ကိုင်တွယ်ရမည်ဟု ထင်သည်။ အိပ်ရာကို တောင်မြောက်တန်းနေအောင် ခင်းပြီးမှ အိပ်တတ်သည်။ ပရိသတ်နှင့် တွေ့ဆုံသည့်အခါ မည်သူ့ကိုမှ သူ့နံဘေး မထိုင်ခိုင်း။ သူ့ပတ်လည်၌ အရာရာတိုင်း(အထူးသဖြင့် စားပွဲ၊ ကော်ဇော)သည် နီရဲနေရမည်။
၁၈၃၆ တွင် ချားဒစ်ကင်းသည် ကက်သရင်း ဟိုးဂတ်နှင့် လက်ထပ်သည်။ လက်ထပ်ပြီး ၁၆ နှစ်ကြာသော် နှစ်ဦးလုံး လမ်းခွဲသည်။ သားသမီး ဆယ်ဦး ထွန်းကားသည်။ လမ်းခွဲပြီးနောက် ကလေးများက ဒစ်ကင်းနှင့်သာ အတူနေသည်။ ကက်သရင်း၏ ညီမ ဂျော်ဂျီယားနားက ကလေးများကို ကြည့်ရှုရန် ပြောင်းလာပြီး၊ အိမ်မှုကိစ္စ စီမံပေးသည်။
ဒစ်ကင်းက အလုပ်ကြိုးစားသည်။ အိမ်မှာ ရှိစဉ် အချိန်စာရင်းနှင့် အတိအကျ နေ့စဉ် လုပ်သူ ဖြစ်သည်။ မနက် ၇ နာရီမှာ အိပ်ရာ ထပြီး၊ ၈ နာရီမှာ မနက်စာ စားသည်။ ထို့နောက် နေ့လယ် ၂ နာရီထိ စာရေးသည်။ ၂ နာရီနောက်ပိုင်း နေ့လယ်စာ အနည်းငယ် စားပြီး ညနေ ၅ နာရီထိ မြင်းစီးသည်။ ညစာ စားပြီးနောက် စာထပ်ရေးချင် ရေး၊ မရေးဖြစ်က ဇာတ်ပွဲ သွားသည်။ သန်းခေါင်ရောက်မှ အိပ်ရာဝင်သည်။
ဒစ်ကင်းသည် ပိုက်ဆံ ရှာရသည်ကို ကြိုက်သည်။ ငယ်စဉ်က ခက်ခဲလှ၍ နွမ်းပါးမှာ ကြောက်သည်။ ၁၈၆၇ တွင် စာဖတ်ပြပြီး ဝင်ငွေ ရှာရန် ခရီးထွက်သည်။ ဥရောပတိုက် တတိုက်လုံးနှင့် အမေရိကန်သို့ ခရီးထွက်ရာ ခရီးက အလွန် ပင်ပန်းသည်။ ထို့နောက် နာမကျန်းဖြစ်လာပြီး အိမ်ပြန်ရောက်၍ ၂ နှစ်အကြာ အသက် ၅၈ နှစ်အရွယ်၌ ကွယ်လွန်သည်။
ချားဒစ်ကင်းသည် နွမ်းပါးသော လူများအကြောင်းကို အားကောင်းသော၊ ရိုးသား မြင့်မြတ်သော ဇာတ်လမ်းများကို ရေးသားခဲ့၍ အစိုးရကိုယ်တိုင် သူရေးသော ထိတ်လန့်စရာ အကြောင်းအရာများကို ထုတ်ဝေခွင့်ပြုရန် ရပ်ဆိုင်းသည်။ ချားဒစ်ကင်း၏ ထင်ရှားသော ဝတ္ထုများမှာ "ဒေးဗစ်ကော်ပါးဖီး၊ မျှော်တလင့်လင့်၊ အိုလီဗာတွစ်နှင့် ခရစ္စမတ်နာတာလူးသီချင်း"တို့က ချားဒစ်ကင်း ရေးသားသမျှ ဝတ္ထုများထဲ၌ အထင်ရှားဆုံး ဖြစ်ကာ ယနေ့ထက်တိုင် ကျော်ကြားလျက် ရှိသည်။[၁]
ချားလ်စ်ဂျွန်ဟက်ဖ်ဖမ်းမ်ဒစ်ကင်း (Charles John Huffam Dickens) သည် ဝိတိုရိယဘုရင်မကြီးလက်ထက်တွင်လွန်စွာကျော်ကြား ခဲ့သော အင်္ဂလိပ်လူမျိုး စာရေးဆရာ တစ်ဦးဖြစ်သည်။ ကမ္ဘာ့မော်ကွန်းဝင် ဇာတ်ကောင်စရိုက်များကို ဖန်တီးခဲ့သူလည်းဖြစ်သည်။ ထိုခေတ်ထိုအခါက ပြည်သူများ၏ အကြားတွင်ဒစ်ကင်း၏ ဝတ္ထုရှည်များနှင့်ဝတ္ထုတိုများသည် အတော်ပင်ရေပန်းစားခဲ့သည်။
ဒစ်ကင်းကို ပို့စ်မောက်၊အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ထောင်ကျသွားသည့်အတွက် ကျောင်းမှထွက်ခါ မိသားစုဝမ်းရေးအတွက် ရုန်းကန်ခဲ့ရသည်။ ကျောင်းပညာရေးချို့တဲ့ခဲ့သော်လည်း ကြိုးစားမှုကြောင့် အောင်မြင်ကျော်ကြားမှုများ ရရှိခဲ့သည်။ သူ၏တသက်တာတွင် ဝတ္ထုရှည် ၁၅ပုဒ်၊ဝတ္ထုတို ရာပေါင်းများစွာ ရေးသားခဲ့သည့်အပြင် ကလေးငယ်များ၏ အခွင့်အရေး၊ ပညာရေးနှင့် လူမှုရေးပြောင်းလဲမှု အစရှိသည်တို့ အတွက်တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်သည်။
၁၈၃၆တွင်ပုံနှိပ်ထုတ်ဝေခဲ့သော The Pickwick Papersတို့နှင့်အတူ ဒစ်ကင်း၏နာမည်လည်းတရှိန်ထိုး တိုးတက်ခဲ့သည်။ ထို့နောက်နှစ်အနည်းငယ်အတွင်းမှာပင် ကမ္ဘာကျော်စာရေးဆရာ ဖြစ်လာခဲ့သည်။ ၁၈၄၃တွင်ရေးသားထုတ်ဝေခဲ့သော A Christmas Carol ဝတ္ထုသည် သူ၏အကျော်ကြားဆုံးစာအုပ်ဖြစ်ခဲ့သည်။ လီယိုတော်စတွိုင်း၊ ဂီးဘတ်ကိတ်ချယ်စတာတန်၊ ဂျော့ချ်အော်ဝဲလ် အစရှိသည့် ကမ္ဘာကျော်စာရေးဆရာများကပင် ဒစ်ကင်း၏စာပေများကိုချီးကျူးရသည်အထိပင် ကလောင်စွမ်းပြောင်မြောက်သော ပါရမီရှင်တဦး ဖြစ်သည်။