ဝတ္ထုတို

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဝတ္ထုတို (အင်္ဂလိပ်: short story) ဆိုသည်မှာ စကားပြေဖြင့်ရေးသားထားသော ဇာတ်လမ်းကြောင်းရာအပိုင်းအစတစ်ခုဖြစ်၍ စံနမူနာအားဖြင့် တစ်ထိုင်တည်း ဖတ်ရှုနိုင်သည်။ ဝတ္ထုတိုပါ အဖြစ်ပျက်အကြောင်းအရာတစ်ခု (သို့) ချိတ်ဆက်ဆက်သွယ်ထားသော အဖြစ်ပျက်များစွာတို့သည် ပြည့်စုံ၍ မှီခိုခြင်းကင်းသည့်အပေါ် အလေးထားဖွဲ့ဆိုကာ ခံစားမှုရသတစ်ခု (သို့) စိတ်ခံစားချက်တစ်ခု ကိုနှိုးဆွပေးသော ရည်ရွယ်ချက်ပါဝင်လေသည်။ ဝတ္ထုတိုသည် စာပေများ၏ ရှေးအကျဆုံးပုံစံတစ်မျိုးဖြစ်၍ ကမ္ဘာတလွှားရှိ ရှေးကျသော လူမှုအဖွဲ့အစည်းအသီးသီးတွင် ရာဇဝင်၊ ဒဏ္ဍာရီပုံပြင်၊ ရိုးရာပုံပြင်၊ စာတိုပေတို စသည့်ပုံစံများဖြင့် တည်ရှိခဲ့ကြသည်။ ခေတ်ပေါ်ဝတ္ထုတိုများသည် ၁၉ ရာစုအစောပိုင်းမှစတင် ဖြစ်ထွန်းတိုးတက်လာခဲ့ကြသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

ဝတ္ထုတိုများသည့် သူ့နဂိုပုံစံအားဖြင့် သေချာစွာပြင်ဆင်ရေးသားထားသော ပုံစံဖြစ်သည်။ ဝတ္ထုရှည်တွင်ကဲ့သို့ ဝတ္ထုတိုများသည် ဇာတ်ကွက်၊ စိတ်/ခံစားချက်လှုံးဆော်နိုင်မှုအား နှင့် အခြားသော အဆက်မပြတ်ပြောင်းလဲနေသည့် အစိတ်အပိုင်းများကို အသုံးချကြသည်။ ဝတ္ထုတိုတစ်ပုဒ်သည် လုံးချင်းဝတ္ထုရှည် (သို့) လုံးချင်းဝတ္ထုတို တစ်ပုဒ်နှင့် များသောအားဖြင့် ကွဲပြားခြားနားသော်လည်း စာရေးဆရာများက ဘုံတူညီသော စာပေအတတ်ပညာများကိုပင် ယူငင်အသုံးချကြသည်။

ရှည်လျှားသော ဇာတ်လမ်းပုံစံများမှ ဝတ္ထုတိုကို တိတိကျကျ ခွဲခြားဆုံးဖြတ်ပေးရာတွင် ပြဿနာရှိ၏ ။ ရှေးအစဉ်လာခွဲခြားနည်းတစ်ခုက တစ်စုံတစ်ဦးသည် တစ်ထိုင်တည်းဖြင့် ဖတ်ရှုနိုင်ရမည်ဖြစ်၍ ထင်ရှားစွာညွှန်းပုထားသည့်စာမှာ အက်ဂါ အလန်ပိုး၏ အက်ဆေးစာပေဖြစ်သော The Philosophy of Composition (၁၈၄၆) ဖြစ်သည်။[၁]

အချိုးစာရေးဆရာများက ဝတ္ထုတိုသည် တိကျကျဉ်းမြောင်းသော ပုံစံရှိရမည်ဟုလည်း ငြင်းခုံဆွေးနွေးကြ၍ ဆမ်းမားဆက် မောမ် (Somerset Maugham) က ဝတ္ထုတို၌ တိကျသောပုံစံတညါဆောက်ပုံရှိရမည်ဖြစ်ပြီး ပြောင်းလဲသွေဖယ်သည့်အချက် (a point of departure) ၊ ဇာတ်အထွတ်အထိပ်ရောက်မှု (climax) ၊ စစ်ဆေးစမ်းသပ်မှုအချက် (a point of test) တို့ပါဝင်ရမည် (တစ်နည်းဆိုရသော် ဇာတ်လမ်းဇာတ်ကွက် ပါဝင်ရမည်ဖြစ်သည်။) ။ သိူ့ရာတွင် ရုရှားစာရေးဆရာ အန်တွန် ချက်ကော့ဗ် က ထိုအဆိုကို ကန့်ကွက်၍ ဝတ္ထုတိုတစ်ပုဒ်သည် ဇာတ်လမ်းအစလည်းမပါဝင်ရ၊ ဇာတ်လမ်းအဆုံးလည်း မထည့်ထားရ၊ ဝတ္ထုတိုသည် နစ္စဒူဝဖြစ်ပျက်မှုများ၏ အရှိသဘောတင်ပြခြင်း (slice of life) ဖြစ်သင့်၍ အရိပ်ပြသည့်သဘောဖြင့်သာ တင်ဆက်သင့်သည်ဟု တွေးတောယူဆသည်။[၂]

ဝတ္ထုတိုဖွဲ့ဆရာများသည် ၎င်းတို့၏လက်ရာများကို အနုပညာဆန်၍ ပုဂ္ဂိုလ်ရေးဖော်ကျူးချက်၏ အစိတ်အပိုင်းအဖြစ် အနက်ယူနိုင်ကောင်း ယူနိုင်သည်။ ၎င်းတို့သည် အမျိုးအစားခွဲခြင်းနှင့် တိကျသော ပုံစံသတ်မှတ်ခြင်းကိုလည်း ဆန့်ကျင်နိုင်ကောင်း ဆန့်ကျင်ကြမည်။[၂]

ဝတ္ထုတိုများသည် နက်နဲသော အခြေခံအုတ်မြစ်ရှိကြကာ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နှစ်ရာချီ၍လည်း ဝတ္ထုတိုများ၏ စွမ်းပကားကိုညအသိအမှတ်ပြုခဲ့ကြသည်။

ဗြိတိသျှစာရေးဆရာ ဝီလျံ ဘွိုက် (William Boyd) က ဤသို့ဆို၏ ။

ထူးထူးခြားခြားတစ်ခုခုကို ဖန်တီးတဲ့အလား၊ ကျွန်ုပ်တို့အတွေ့အကြုံများရဲ့အနှစ်သာရအချို့ကို သုံးသပ်အချုပ်ပြောဆိုတဲ့အလား၊ သေခြင်းတရားနဲ့ အနိစ္စတရားသို့ သွားရာ ပုံမှန်ခရီး၊ လှိုင်းလေထန်တဲ့ခရီးများထဲက ထှုတ်နှုတ်ထားတဲ့ ယာယီ အသိစိတ်/ဆင်ခြင်တုံတရား များဖြစ်တဲ့အလား ဇာတ်လမ်းကိုပြောပြနေစဉ် ဝတ္ထုတိုများသည် ကျွန်ုပ်တို့ရဲ့ သဘာဝတရားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ တစ်ခုခုနဲ့ ကိုက်ညီနေပုံပါပဲ။[၃]

ဝတ္ထုရှည်ဟု ခေါ်ရန်မဖြစ်သော ပို၍ရှည်လျှားသော ဇာတ်လမ်းများကို လုံးချင်းဝတ္ထုတို (novellas သို့ novelettes) ဟု ရံခါ ခေါ်ဆိုယူဆနိုင်သည်။ ရံဖန်ရံခါတွင် လုံးချင်းဝတ္ထုရှည် နှင့် လုံးချင်းဝတ္ထုတို များရေးရန် ငွေကြေး၊ အချိန်မရကြသော စာရေးဆရာများသည် ထိုအစား ဝတ္ထုတိုများရေးသားကြကာ အကျိုးအမြတ်အတွက် မဂ္ဂဇင်း နှင့် လူကြိုက်များသော ဝက်ဘ်ဆိုဒ်များတွင် ထည့်သွင်းဖော်ပြကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Poe၊ Edgar Allan (1984)။ Edgar Allan Poe: Essays and Reviews။ Library of America။ pp. 569–77။
  2. ၂.၀ ၂.၁ Fatma, Gulnaz A Short History of the Short Story: Western and Asian Traditions Modern History Press 2012, p.2-3
  3. Boyd၊ William။ "A short history of the short story" (in en-US)။