မာတိကာသို့ ခုန်သွားရန်

တရားရုံး

ဝီကီပီးဒီးယား မှ
တရားရုံး

ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှန်းလုံး၌ တရားစီရင်ရေး ကိစ္စကို တရားဥပဒေအရ တည်ထောင်ထားသော တရားစီရင် ရေးအဖွဲ့များ၊ တရားရုံးများတွင် တရားဥပဒေနှင့်အညီ ခန့်ထား သော တရားသူကြီးများနှင့် တရားစီရင်ရေးဆိုင်ရာ ကော်မီတီ အဖွဲ့ဝင်များက စီမံအုပ်ချုပ်လေသည်။

ဆိုရှယ်လစ် သဘောလက္ခဏာနှင့်အညီ တရားရုံး၏ သစ္စာ သည် လုပ်သားပြည်သူများ၌ ရပ်တည်ရမည် ဖြစ်သည့်အတိုင်း တရားရုံးများသည် တောင်သူလယ်သမား အလုပ်သမားတို့ အပေါ် အကျိုးပြုသည့် အခြေခံသဘောကို လက်တွေ့အားဖြင့် အသက်သွင်းပေးရန် ဆောင်ရွက်လျက်ရှိသည်။ ယနေ့ တရားရုံး များသည် တိကျမှန်ကန်သော တရားစီရင်မှုမျိုးကို အထူးတရား ခုံရုံးများ၊ အယူခံတရားခုံရုံးများ၊ လုပ်သားပြည်သူတို့၏ ကိုယ် စားလှယ်များ ပါဝင်သော အခြေခံတရားစီရင်ရေး အဖွဲ့များကို ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြည်သူ တို့ အားထားရာ တရားရုံးများအဖြစ် ရောက်ရှိလာလေသည်။ တရားရုံးများသည် ယင်းတို့၏ သုံးပိုင်ခွင့် အာဏာများကို ပြည်သူတို့၏ အကျိုးအတွက် သုံးစွဲရေး၊ နိုင်ငံတော်၏ ရည် မှန်းချက်များကို အထမြောက် အောင်မြင်နိုင်စေရန် အုပ်ချုပ်ရေး စသော နိုင်ငံ၏အင်အားရပ်ကြီးများနှင့်အတူ ပူးတွဲ၍ တစ်တပ် တစ်အားပါဝင်ရေး စသည်တို့သည်လည်း ပြောင်းလဲလာသော အတွေးအခေါ်များပင် ဖြစ်သည်။

အမှန်ဆုံးနှင့် အမြန်ဆုံး စစ်ဆေးစီရင်ရန် တည်ဆဲဥပဒေ အရ ပြစ်ဒဏ်စီရင်နိုင်သည့် အထူးရာဇဝတ်ရုံးများကို ဖွဲ့စည်း ထားသည်။ အထူးရာဇဝတ်ရုံးတွင် အနည်းဆုံး နာယကတစ်ဦး နှင့် အဖွဲ့ဝင်နှစ်ဦး ပါဝင်သည်။ ထိုရုံး၏ ဆုံးဖြတ်ချက်များကို စိစစ်ဆုံးဖြတ်ရန် ပုဂ္ဂိုလ်လေးဦးပါဝင်သော အတည်ပြုအဖွဲ့ကို လည်း ဖွဲ့စည်းထားသည်။ အထူးရာဇဝတ်ရုံးမှ စစ်ဆေးကြားနာ စီရင်၍ အတည်ပြုပြီးဖြစ်သော အမှုများကိုလည်း နည်းဥပဒေ များဖြင့် ပြဠာန်းထားသော ကာလအပိုင်းအခြားနှင့် နည်းလမ်း အတိုင်း အယူခံဝင်နိုင်ရန်အတွက် အထူးရာဇဝတ်ရုံးအယူခံအဖွဲ့ ကိုလည်း ဖွဲ့စည်းထားသည်။

ဒေသပြည်သူ့တရားရုံးများကို ဖွဲ့စည်းရာတွင် တိုင်းလုံခြုံ ရေးနှင့် အုပ်ချုပ်မှုကော်မီတီမှ ရွေးချယ်သော ပုဂ္ဂိုလ်တစ်ဦး၊ ပြည်သူ့ အလုပ်သမားကောင်စီ ကိုယ်စားလှယ်နှစ်ဦး၊ ပြည်သူ့ တောင်သူ လယ်သမားကောင်စီ ကိုယ်စားလှယ်နှစ်ဦးတို့ ပါဝင် သည်။ ပြည်သူ့ အလုပ်သမား ကောင်စီနှင့် ပြည်သူ့တောင်သူ လယ်သမား ကောင်စီများ မဖွဲ့မစည်းရသေးမီ ကာလအတွင်း သက်ဆိုင်ရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ယူနစ်ကိုယ် စားလှယ်များကို ရွေးချယ်ပေးရမည် ဖြစ်သည်။

တောင်သူလယ်သမားများ၏ မြေယာမှုခင်းများကို စစ်ဆေး ဆုံးဖြတ်ဖြေရှင်းနိုင်စေရန် ကျေးရွာ မြေယာကော်မီတီ၊ မြို့နယ် မြေယာကော်မီတီ၊ တိုင်းမြေယာကော်မီတီ၊ ဗဟိုမြေယာ ကော်မီ တီစသော မြေယာကော်မီတီ အဆင့်ဆင့်ကို ဖွဲ့စည်းပေးထား သည်။ မြေယာနှင့် စပ်လျဉ်းသော အမှုအခင်းများကို ယင်းသို့ လျှင် အဆင့်ဆင့်တက်၍ အယူခံဝင်နိုင်သည်။ မြေယာကော်မီတီ များတွင် ဧက၂ဝ အောက်လုပ်ကိုင်သည့် တောင်သူလယ်သမား များသာ ပါဝင်ဆောင်ရွက်ရသည်။

အလုပ်သမားအလုပ်ရှင် ပဋိကက္ခအမှုအခင်းများ စစ်ဆေး စီရင်ရန် သဘာပတိတစ်ဦးနှင့် အဖွဲ့ဝင် နှစ်ဦးကျစီ ပါဝင်သော အလုပ်သမား ဆပ်ကော်မီတီများ ဖွဲ့စည်းဆောင်ရွက်သည်။ ယင်းဆပ်ကော်မီတီ အတွင်းရေးမှူးသည် အလုပ်သမား ဌာန လက်အောက်ခံရုံးများမှ အမှုထမ်းတစ်ဦးဦး ဖြစ်ရသည်။ ကျန်ကော်မီတီများမှ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများရှိ အလုပ်သမားကြီးများထဲမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လက်ခံသက်ဝင်ယုံကြည်သူ၊ ရိုးသားဖြောင့်မတ်၍ အလုပ်သမားထု၏ ယုံကြညာ်းကိုးမှုနှင့် ပြည့်ဝပြီးလျှင် သမာသမတ်ရှိသူ၊ အလုပ်သမားရေးရာတွင် ကျွမ်းကျင်သူတို့ကို ရွေးချယ်ထည့်သွင်းလေသည်။

တရားစီရင်ရေးအဖွဲ့များတွင် ဖြစ်နိုင်သည့် အခြေအနေများ ၌ လုပ်သားပြည်သူများ၏ ကိုယ်စားလှယ်များက ပါဝင်ညှိနှိုင်း ဆုံးဖြတ်စေခြင်းမှာ ပြည်သူ့ရေးရာများတွင် ပြည်သူတို့ကပင် ပါဝင် စီမံခန့်ခွဲစေခြင်း ဖြစ်၏။ တရားစီရင်ရာ၌ တရားဥပဒေ ပညာရပ်နှင့် ပြည်သူတို့၏အတွေ့အကြုံ ဗဟုသုတကို ပေါင်းစပ် ပေးထားခြင်းဖြစ်သည်။ ဤသို့ ညှိနှိုင်းစီရင်ဆုံးဖြတ်ခြင်းဖြင့် တရား စီရင်ရာတွင် အမှန်ဆုံးဖြစ်အောင် ဆောင်ရွက်လေသည်။ တရားရုံးများ ဖွဲ့စည်းပုံကို ပြုပြင်ထားရုံသာမက ကျင့်ထုံး လုပ်နည်းလုပ်ဟန်ကိုပါ ပြင်ဆင်ရာတွင် တရားခွင်၏ အထား အသို၊ ပုံသဏ္ဌာန်မှစ၍ ပြုပြင်ခဲ့လေသည်။ စွပ်စွဲခံရသူ၏ ဂုဏ် သိက္ခာမညှိးငယ်စေရန်လည်း ထိုသူအားလက်ထိပ် မခတ်ဘဲ၊ ရုံးရှေ့တွင် ပြောလိုရာ လွတ်လပ်စွာ ပြောဆိုစေသည်။ ရှေး ယခင်က ကဲ့သို့ ဆိုးရွားစက်ဆုပ်ဖွယ်ရာသော ကျိန်စာအမျိုးမျိုး ပါဝင်သည့် ကျမ်းကို မကိုင်ရဘဲ အမှန်ကိုပြောဆို ပါမည်ဟူ သော ကတိသစ္စာသာပြုစေသည်။

လက်ရှိ တရားစီရင်ရေး စနစ်တွင် ပြစ်ဒဏ်သတ်မှတ်ရာ၌ ပြစ်ဒဏ်ခံရသူများအား ဘဝအညွ့န့်တုံးစေရန်၊ နွံထဲတွင် နစ် သည်ထက်နစ်သွားစေရန်မဟုတ်ဘဲ၊ ပြစ်မှုကျူးလွန်သူကို ပြုပြင် ပညာပေးရေး၊ လူကောင်းတစ်ယောက်အဖြစ် ဘဝသစ်ထူထောင် နိုင်ရန် ကူညီရေးကို မူဝါဒတစ်ရပ်အဖြစ် ကျင့်သုံးလျက် ရှိပေ သည်။ ထို့ပြင် အခြားလူများ တာဝန်မဲ့ ရာဇဝတ်မှုများ မကျူး လွန်စေရန် သတိပေးခြင်း ဟန့်တားခြင်းလည်း ဖြစ်ပေသည်။ တရားရုံးများသည် တစ်ဘက်၌လည်း ပြစ်ဒဏ် သတ်မှတ် ရာ၌ ပြည်သူတို့အား တိုင်းပြည်ကို သစ္စာစောင့်သိရေး၊ ပြည်သူ အကျိုးပြု ဥပဒေများကို လိုက်နာကျင့်သုံးရေး၊ အများပိုင်ပစ္စည်း များကို မိမိကိုယ်ပိုင် ပစ္စည်းကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရေး၊ အလုပ်ခွင် စည်းကမ်းများကို လိုက်နာရေး၊ ပြည်သူတို့၏ ရပိုင် ခွင့် ပြည်သူအချင်းချင်း ဆက်ဆံမှုစည်းကမ်းများကို လေးစား ရေးအစရှိသည့် အတွေးအခေါ်များ ပြောင်းလဲလာရန် ကိုလည်း ဇောက်ချပြုလုပ်လျက်ရှိပေသည်။

တိုင်းပြည်တွင် လူ့ဘောင်သစ်တစ်ရပ်ကို တည်ထောင်နေ ချိန်၌ လုပ်အားအမြောက်အမြား လိုအပ်၏။ ထိုကြောင့် ထောင် ဒဏ် တစ်နှစ်အထက် ပြစ်ဒဏ်ကျခံနေရသူ များအား ပြည်သူ့ အကျိုးပြု တပ်ဖွဲ့များ ဖွဲ့စည်းလျက် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် တတပ်တအား ပါဝင်စေလျက် ရှိ၏။ ဤ လုပ်ငန်းများမှာ ယခုအခါတွင် အထူးအောင်မြင်လျက် ရှိပေ သည်။ ပြစ်ဒဏ်ကျခံရသူမှာလည်း မိမိတို့ လုပ်အားအတွက် ထိုက်သင့်သော အခကြေးငွေများကို ရရှိနေပေသည်။

ပြစ်ဒဏ် သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ၁၉၆၇ ခုနှစ်၊ မေလ ၁၃ ရက်နေ့ မတိုင်မီကအထိ တရားခံတစ်ဦးသည် ရာဇဝတ်ပြစ်မှုတစ်ခုခုကြောင့် ဖမ်းစီးခြင်းခံရပြီးနောက် စီရင် ချက်ချမှတ်သည့်အနေအထိ အချုပ်ခံရသည့် ရက်များကို နုတ် ယူခဲ့ခြင်းမရှိပေ။ သို့သော် ၁၉၆၇ ခုနှစ် မေလ ၁၃ ရက်နေ့မှ စ၍ တရားခံတစ်ဦးအား ပြစ်ဒဏ်သတ်မှတ်ရာတွင် ယင်းတရား ခံသည် ထိုပြစ်မှုနှင့်စပ်လျဉ်း၍ အချုပ်နှင့်နေခဲ့ရလျှင် ထိုအချုပ် ကာလကို ထောင်ဒဏ်မှ ထုတ်နုတ်ရန် နိုင်ငံတော်တရားရုံးချုပ် စုံညီခုံရုံးမှ ဆုံးဖြတ်ညွှန်ကြားခဲ့ပေသည်။

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၄)