မာတိကာသို့ ခုန်သွားရန်

ချန်မာဖီ

ဝီကီပီးဒီးယား မှ
ချန်မာဖီ
ချန်မာဖီ(ခ)Chan Mah Phee
မွေးဖွား၁၈၄၈-၁၉၂၀
အမွိုင်, တရုတ်
နိုင်ငံလူမျိုးHoklo Chinese
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမား
သားသမီးချန်ချောခိုင်, ချန်ချောပိုင်, ချန်ချောလှိုင်

ချန်မာဖီ ( တရုတ်: 曾廣庇 ) Chan Mah Phee(၁၈၄၈-၁၉၂၀) သည် မြန်မာနိုင်ငံသား၊ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်နှင့် ပရဟိတသမား ဖြစ်သည်။

ချန်မာဖီကို ၁၈၄၈ ခုတွင် တရုတ်နိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ရှာမင် (အမွိုင်) ၊ ထုံအမ်းခရိုင် ၊ ချန်ယိန်ကျေးရွာ တွင်မွေးဖွား သည်။ ဖခင်မှာ လယ်သမားကြီး ချန်အီရှင်း ဖြစ်သည်။

မြန်မာပြည် ရောက်လာခြင်း

[ပြင်ဆင်ရန်]

အသက် ၁၄ နှစ် အရွယ်တွင် ပီနန်သို့ ထွက်လာရာ လမ်းခုလတ်တွင် စင်္ကာပူဆိပ်ကမ်း ၌ အလုပ်လုပ်သည်။ ၁၈၆၄ ခုနှစ် တွင် ရန်ကုန်ပြောင်းလာပြီး အလုပ်သမား အဖြစ်လုပ်ကိုင်ပြီးနောက် ၊ ငှက် သဗ္ဗာန် ခတ်သည်။ ဒေးဒရဲမှ ရွာသူကြီး ဦးအောင်ဘက ယုံမှတ်သဖြင့် လူယုံမွေးရာ ဆန်လှေများကို ကြီးကြပ်ရသည်။

၁၈၈၃ ခုနှစ် တွင် တိတ်လျောင်ကုမ္ပဏီကို ရန်ကုန် ၊ ကမ်းနားလမ်း၊ အမှတ် ၇၅ တွင် ရုံးခန်း ဖွင့်လှစ် တည်ထောင်သည်။ ရေနံ၊ ဆန်နှင့်ဆေးရွက်ကြီး အသွင်းအပို့လုပ်သော လုပ်ငန်းဖြစ်သည်။ ထို့နောက် ရုံးခန်း ကို နေရာပိုမိုကျယ်ဝန်းသော ကမ်းနားလမ်း ၊ အမှတ် ၅၇ သို့ပြောင်းရွှေ့ဖွင့်လှစ် ခဲ့သည်။ ထို့နောက် တရုတ်မီးသင်္ဘောကုမ္ပဏီ ဒါရိုက်တာ ဖြစ်လာသည်။ [] ၁၈၉၄-၉၉ ကာလတွင် ဆန်ရောင်းဝယ်ရေး၌ အရေးပါသူအဖြစ် ထင်ရှားသည်။ []

ရန်ကုန်၏ အကြီးဆုံး မြေရှင်ဖြစ်ပြီး ဝင်ဒါမီယာ (ယခု သံလွင်လမ်း) အပါအဝင် မြေ ၉၉ ကွက် ပိုင်ဖူးသည်။ သူ၏ ပထမဦးဆုံး ဝယ်ယူသည့် စံအိမ်မှာ အလုံ (ယခု ကြည့်မြင်တိုင် မြို့နယ်) ၊ အောက်ကြည့်မြင်တိုင်လမ်း ၊ အမှတ် ၅၉၁ ဖြစ်ပြီး ၊ အနီးရှိ အလုံမြို့နယ် တွင် ချန်မဖီသားဖွား‌ဆေးရုံ ကို တည်ထောင်လှုဒါန်းကာ ၊ လစဥ် ကုန်ကျစရိတ် ကိုလည်း ထောက်ပံ့ လှုဒါန်းသဖြင့် ထိုဆေးရုံရှိရာလမ်းကို ချန်မာဖီလမ်း ဟု အင်္ဂလိပ်အစိုးရက ခေါ်တွင်ခဲ့သည်။ ထို့ကြောင့် ချန်မဖီလမ်း သည် ရန်ကုန်မြို့တွင် အင်္ဂလိပ်အစိုးရ က ပထမဦးဆုံး အနေဖြင့် အာရှသား တစ်ဦး ၏ အမည် ကို ခေါ်တွင်စေသည့် လမ်း ဖြစ်လာခဲ့သည်။

လူမှုအသိုင်းအဝိုင်းအလိုက် ခွဲခြားနေထိုင်ကြသည့် ရန်ကုန်တွင် တရုတ်အသိုင်းအဝိုင်းကို ကျော်ကာ အဆက်အသွယ် များစွာရှိသည့် ထင်ရှားသောပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဦးအောင်ဘ ၊ ‌ဒေါ်နှင်း တို့၏ စတုတ္ထမြောက် သမီး ဒေါ်အေးမြနှင့် လက်ထပ်ခဲ့ပြီး ချန်ချောလှိုင် (曾祖來)၊ ချန်ချောခိုင် (曾祖恺)၊ ချန်ချောပိုင် (曾祖百) ဟူသော သား ၃ယောက်နှင့် ဂျုတ်ကီး၊ ဂျုတ်လျန် ၊ ဂျုတ်စော ဟူသော သမီး ၃ ယောက်ထွန်းကားခဲ့သည်။

ချန်မဖီ (၁၈၄၈-၁၉၂၀)၊ ဒေါ် အေးမြ (၁၉၂၁) ၊ သားကြီး ချန်ချောလှိုင် (ခ) Chan Chor Lye (1882 - 1925)၊ သားလတ် ချန်ချောခိုင် က (၁၉၃၄)၊ သားငယ် ချန်ချောပိုင် က (၁၉၃၃) လောက်မှာ ဆုံးပါးခဲ့ ကြပါတယ် ။ ချန်မဖီ  + ဒေါ် အေးမြ တို့က မြေ နဲ့ တိုက် အများအပြား ကို ၁၈၈၀ နှောင်းပိုင်း မှာ စတင် ဝယ်ယူခဲ့ရာ ၁၉၁၀ တွင် တိုက်အိမ်ပေါင်း ၉၉ လုံး ပိုင်ဆိုင်တယ် လို့ မှတ်တမ်း ရှိပါတယ်။

ချန်မာဖီ တို့မိသားစုဟာ လသာ လမ်း နှင့် ကမ်းနားလမ်း ထောင့် က  တိုက်အိမ်ကြီး မှာ ၁၉၂၀ အထိ နေခဲ့ကြပါတယ်။ နောင် တွင် ထို‌နေရာသည် "Overseas Chinese Banking Corporation (OCBC)" ရဲ့ ရန်ကုန် ဘဏ်ခွဲ ဖြစ်လာပြီး ယခု အခါမြန်မာ့စီးပွားရေးဘဏ် ဖွင့်ထား ပါသည်။

ပရဟိတလုပ်ငန်း

[ပြင်ဆင်ရန်]

ချန်မာဖီနှင့် ဒေါ်အေးမြတို့ ရွှေတိဂုံဘုရား ၊ မြောက်ဖက် ၊ အောင်မြေ အနီးတွင် ချန်မဖီ ၊ ‌ဒေါ်အေးမြ တန်ဆောင်း ကို လှူဒါန်းခဲ့ပါသည်။ မာဖီယားတန်ဆောင်း ဟုခေါ်််တင်ကြသည်။ ရွှေတိဂုံဘုရား တပေါင်းပွဲ တွင်လည်း စတုဒီသာ အလှုလုပ်လေ့ရှိသည်။

၁၉၂၀ ခုနှစ်တွင် ဟွာကျုံး တရုပ်အထက်တန်းကျောင်း (နောက် အမှတ် ၃ ဒေသကောလိပ်၊ ယခု အမှတ် (၃) အစိုးရအထက်တန်းကျောင်း ကြည့်မြင်တိုင်) ကို အမှတ် ၅၉၁ ၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ် ရှိ ချန်မဖီ အမည်ပေါက်ပိုင်ဆိုင်သော မြေ ၁၀ ဧကကျော် ကျယ်ဝန်းသော မြေပေါ်တွင် ရူပီး ငွေ ၅ သိန်း ကျော် အကုန်အကျခံ တည်ဆောက်လှူဒါန်းခဲ့သည်။ နှစ်ထပ်အဆောက်အဦ တ ခု ကို ချန်မဖီခန်းမ ဟု အမည်ပေးကာ ဂုဏ်ပြုထားသည် ။

တရုပ်တန်း၌ ချိန်ဖူကုန်း ဖူကျင်းကွမ်ရင်ဘုရားကျောင်း လှူသည်။ []

၁၉၀၃ ခုတွင် ရန်ကုန် ဟုတ်ကိန် တို့၏ လျောင်စန်တောင်အသင်း ကို အမှတ် ၅၃ ၊ ကျုံးကြီးလမ်း (ယခု အနော်ရထာလမ်း) ၊ ၂၁ လမ်း နှင့် ၂၂ လမ်း ကြား ၊ လသာမြို့နယ် တွင် တည်ဆောက်ရာ၌ ပင်မအလှူရှင် ဖြစ်သည်။

အလုံ ၊ ချန်ဖမီလမ်း (ယခု နှင်းဆီလမ်း) ၌ လမ်းကိုယ်ဝန်ဆောင် မီခင်နှင့်ကလေးများ စောင့်ရှောက်ရေး အသင်း ကိုတည်ထောင်ကာ ချန်မဖီသားဖွားဆေးရုံ တည်ဆောက်ပေးသည် အပြင် လစဥ် အသုံးစရိတ်များကိုလည်း လှုဒါန်းခဲ့သည် ။

ဖူကျန့်မိန်းကလေးကျောင်း ကို လမ်းမတော်မြို့နယ် ၊ ရွှေတောင်တန်းလမ်း ကို တည်ထောင်ရာတွင် ပင်အ အလှုရှင် ဖြစ်ပြီး ၊ နာယက အဖြစ်ဆောင်ရွက်ခဲ့သည်။

ပီနန် ၌တရုပ်ဘုရားကျောင်းများ ဆောက်လှူသေးသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "The Chinese Steamship Co., Limited (advertisement)"။
  2. Charney၊ Michael (2009)။ A History of Modern Bruma။ Cambridge University Press။ pp. 22–23။ ISBN 978-0-521-61758-1
  3. ရန်ပိုင် (၁၆ ဇူလိုင် ၂၀၁၉) ဘတ်စ်ကားမှတ်တိုင်သစ်တွင် အမည်ရင်းပျောက်ခဲ့ရသည့် သူဌေးကြီးချန်မာဖီ။ ဧရာဝတီ။