ချန်ပန်ဇောင်

ဝီကီပီးဒီးယား မှ

ချန်ပန်ဇောင် သည် " CZ " ဟု အများသိကြသော တရုတ်-ကနေဒါ စီးပွားရေး အမှုဆောင်တစ်ဦးဖြစ်သည်။ ဇောင် သည် ကုန်သွယ်မှုပမာဏ အများဆုံး (၂၀၂၂ ခုနှစ် ဇူလိုင်လအထိ) ခရစ်တို အိတ်ချိန်း ဖြစ်သော ဘိုင်းနန့် အိတ်ချိန်း ၏ ပူးတွဲ တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သည်။ [၁] တရုတ်နိုင်ငံ Jiangsu တွင်မွေးဖွားခဲ့ပြီး ငယ်ရွယ်စဉ်တွင် မိသားစုနှင့်အတူ ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လက်ရှိ စင်ကာပူမှာ အခြေစိုက်နေထိုင်သည်။ [၂]

Bloomberg Billionaires Index ၏ အဆိုအရ ဇောင် သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ခန့်မှန်းခြေ အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၃၃ ဘီလီယံဖြင့် ကမ္ဘာ့အဆင့် ၃၀ ‌‌မြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်း ခံရသည်။ [၃] [၄]

ငယ်စဉ်ဘဝ နှင့် ပညာရေး[ပြင်ဆင်ရန်]

ဇောင် သည် တရုတ်နိုင်ငံ Jiangsu ပြည်နယ်တွင် မွေးဖွားခဲ့သည်။ သူ့အသက် ၁၂ နှစ်အရွယ် ၁၉၈၀ နှောင်းပိုင်း နှစ်များတွင် သူ၏ မိဘများ မိသားစုနှင့် အတူ ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ ဗန်ကူးဗား တွင် အခြေချနေထိုင်ခဲ့သည်။ မိဘ နှစ်ပါးစလုံးက တရုတ်ပြည်မှာ ကျောင်းဆရာ ဆရာမတွေဖြစ်သည်။ သူ့အဖေသည် "ဘူဇွာ ဘက်လိုက် ပညာတတ်" ဟု တံဆိပ်ကပ် မခံရမီထိ တက္ကသိုလ်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး ဇောင် မွေးဖွားပြီး မကြာမီ ကျေးလက် ဒေသများသို့ အတင်းပြောင်းရွှေ့ နေထိုင်စေခြင်း ခံခဲ့ရသည်။ [၅] ဆယ်ကျော်သက်အရွယ်တွင် ဇောင် သည် မက်ဒေါ်နယ် အပါအဝင် လုပ်ငန်းများစွာမှာ လုပ်ပြီး မိသားစုကို ကူညီထောက်ပံ့ခဲ့သည်။ [၆]

ဇောင် သည် Montreal ၊ Quebec ရှိ McGill တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ဖြင့် အဓိကတက်ရောက်ခဲ့သည်။ [၆]

အသက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဇောင် သည် တိုကျိုစတော့အိတ်ချိန်း ဆပ်ကန်ထရိုက် တဦး၏ အလုပ်သင်အဖြစ် အရွေးခံခဲ့ရပြီး စတော့ အရောင်းအဝယ်များ အတွက် ဆော့ဖ်ဝဲလ်ကို ရေးသားခဲ့သည်။ ထို့နောက် သူသည် Bloomberg Tradebook တွင် စတော့ လေပတ်ကား အတွက် ဆော့ဖ်ဝဲလ်ရေးသားခဲ့ပြီး ထိုတွင် လေးနှစ်ကြာ အလုပ်လုပ်ခဲ့သည်။ [၆]

၂၀၀၅ ခုနှစ်တွင် ရှန်ဟိုင်း မြို့သို့ ပြောင်းရွှေ့ပြီး Fusion Systems ကို တည်ထောင်ခဲ့သည်။[၇] [၆]

၂၀၁၃ တွင်၊ သူသည် Blockchain.info ကိုတီထွင်သည့်အဖွဲ့၏ အဖွဲ့ဝင် တဦးဖြစ်ပြီး OKCoin ၏ နည်းပညာအရာရှိချုပ် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ [၆]

Binance[ပြင်ဆင်ရန်]

ဇူလိုင်လ ၂၀၁၇ ခုနှစ်တွင် ဘိုင်းနန့် အိတ်ချိန်း ကို စပြီး လွှင့်တင် တည်ထောင်ခဲ့သည်။ နောက်ဆယ့်တစ်ရက်အကြာတွင်ပင် ခရစ်တိုကွိုင် ကနဦး ရင်းနှီးမြုပ်နှံမှု တစ်ခု အတွက် ဒေါ်လာ ၁၅ သန်းထိ ရရှိအောင် ဆော်ဩ နိုင်ခဲ့သည်။ [၈] ရှစ်လမပြည့်မီမှာပင် ကုန်သွယ်မှုပမာဏ (ဧပြီ ၂၀၁၈ ခုနှစ်အထိ) အများဆုံး အိတ်ချိန်း အဖြစ် တိုးတက် လာခဲ့သည်။ [၉] [၈] ကုန်သွယ်မှု ဝန်ဆောင်ခ အပေါ် လျှော့ဈေးပေးသော ဘိုင်းနန့်ကွိုင် တခုကိုလည်း ၂၀၁၇ တွင် စတင် ဖန်တီးခဲ့သည်။ [၁၀] ၂၀၁၉ ခုနှစ် ဧပြီတွင်၊ Ethereum နှင့် အပြိုင်ဖြစ်သည့် smart contract ပါသော Binance Smart Chain ကို စတင်နိုင်ခဲ့သည်။ [၁၁]

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Forbes သည် ၎င်းတို့၏ "ခရစ်တို လူချမ်းသာများ" စာရင်းတွင် ဇောင် ကို ခန့်မှန်းခြေအသားတင် တန်ဖိုး $1.1 မှ 2 ဘီလီယံ ဖြင့် တတိယနေရာ ထည့်ခဲ့သည်။ [၉] [၁၂]

၂၀၁၉ ခုနှစ်တွင် ဇောင် သည် ဘိုင်းနန့်၏ အမေရိကန် လုပ်ငန်းခွဲ ကို စတင်ခဲ့သည်။ [၁၃] ဘိုင်းနန့် သည် ၂၀၂၁ ခုနှစ်တွင် စင်္ကာပူ အခြေစိုက် ခရစ်တို အိတ်ချိန်း ၏ လုပ်ကိုင်ခွင့် လျှောက်လွှာကို ပြန်ရုပ်သိမ်းခဲ့သည်။ [၂]

သူ့အမြင်များ[ပြင်ဆင်ရန်]

နယူးယောက်တိုင်းစ် နှင့်အင်တာဗျူးတွင် ဇောင် က "ခရစ်တို ဈေးကွက် ကြီးလာတာနှင့်အမျှ လူများဝင်လာပြီး ခရစ်တိုကို အသုံးချရမည့် အစား အရောင်းအဝယ် လုပ်ပြီး ငွေရှာကြလိမ့်မယ်၊ သို့သော်လဲ ဈေးကွက်က သူ့အလိုလို ပြန်ပြင်နိုင်လိမ့်မယ်" ဟုပြောကြားခဲ့သည်။ [၁၄] သူ၏ ချက်ချင်းသုံးနိုင်သည့် ပိုင်ဆိုင်မှုများ အားလုံးနီးပါးမှာ ခရစ်တို အနေနှင့်သာ ဖြစ်ကြောင်း ၂၀၂၁ ဧပြီလ ၆ ရက် တွင် ဇောင် က Bloomberg Markets အား ပြောကြားခဲ့သည်။ [၁၅]

၂၀၂၂ ခုနှစ်တွင် ဇောင် သည် အီလွန်မက်စ် မှ တွစ်တာ ကို ဝယ်ယူခြင်း အတွက် ဘိုင်းနန့် မှ တဆင့် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။ [၁၆]

ပုဂ္ဂလ ဘဝ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်တွင် ဘစ်ကွိုင်ကို ဝယ်ယူရန် သူ၏ ရှန်ဟိုင်းတိုက်ခန်းကို ရောင်းချခဲ့သည်။ [၁၇] ဇောင် က သူ၏ ချမ်းသာကြွယ်ဝမှု ၉၉% ကို တခြား သူဌေးတွေလိုပဲ လှူဒါန်းဖို့ စီစဉ်နေတယ် ဟု ဆိုသည်။ " Peabody မှ ဒီနေ့ထိ အခြားသော စွန့်ဦးတီထွင်သူများ သို့မဟုတ် တည်ထောင်သူများလို ကျတော့ရဲ့ ကြွယ်ဝမှု အများစုကို လှူသွားဖို့ ရည်ရွယ်ထားပါတယ်၊ ကျတော့ ချမ်းသာမှုရဲ့ ၉၀၊ ၉၅ ဒါမှမဟုတ် ၉၉ ရာခိုင်နူန်း အထိ လှူသွားဖို့ ရည်ရွယ်ထားပါတယ်။" [၁၈]

ရိုက်တာ ၏ ဘိုင်းနန့် နှင့် ပတ်သက်သော စုံစမ်းမှု ဇာတ်လမ်းတစ်ပုဒ်အရ ဇောင် သည် တရုတ် ခရီးသွား ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူနှင့် ဘိုင်းနန့် ပူးတွဲတည်ထောင်သူ ရီဟီ နှင့် နှစ်ပေါင်းများစွာ အချစ်ရေးရှိခဲ့သည် ဟု ဆိုသည်။ နောက်ပိုင်းတွင် သူမသည် အမေရိကန်၌ သားတယောက် မွေးဖွားခဲ့သည်။ [၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Browne၊ Ryan (2022-07-18)။ Crypto exchange Binance fined $3.4 million by Dutch central bank for operating illegally။ 2022-07-18 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Binance ends its Singapore application to run a local crypto exchange။ 26 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 November 2022 တွင် ပြန်စစ်ပြီး။
  3. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "Bloomberg Billionaires Index: Changpeng Zhao"၊ Bloomberg.comBloomberg L.P.။ Archived from the original on October 5, 2022။ 
  4. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "World's Biggest Crypto Fortune Began With a Friendly Poker Game"၊ Bloomberg L.P.၊ 9 January 2022။ Archived from the original on 2022-01-12။ 
  5. 赵长鹏与币安的崛起 (in zh)။ 2021-11-09 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄

    You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "From Zero To Crypto Billionaire In Under A Year: Meet The Founder Of Binance"၊ February 28, 2018။ Archived from the original on 2018-03-08။ 
  7. Catch Binance CEO Changpeng Zhao at TechCrunch's blockchain event on July 6TechCrunch (2018-05-04)။ 2018-05-04 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁

    You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "How a Billionaire Crypto King Built the No. 1 Exchange in Just 8 Months"၊ 2018-03-28။ Archived from the original on 2018-05-04။ 
  9. ၉.၀ ၉.၁

    You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "Despite Bitcoin Bubble Popping, Crypto Exchanges Are Making Billionaires Richer"၊ 2018-04-03။ Archived from the original on 2018-04-24။ 
  10. Fee Structure on Binance။ Binance.com။ 12 September 2022 တွင် ပြန်စစ်ပြီး။
  11. An Introduction to BNB Smart Chain (BSC)။ binance.com။ 28 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2022 တွင် ပြန်စစ်ပြီး။
  12. The Richest People In Cryptocurrency (February 6, 2018)။ 2018-03-08 တွင် ပြန်စစ်ပြီး။
  13. Our US Partner, Binance.US, Opens for Registration and Deposits | Binance။ 2022-07-11 တွင် ပြန်စစ်ပြီး။
  14. Lipton၊ Eric (2021-07-23)။ 'I Feel Conflicted': Crypto's Offshore Trading Moguls Talk Shop။ 2021-11-25 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-11-28 တွင် ပြန်စစ်ပြီး။
  15. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    Kharif၊ Olga။ "Binance CEO Goes All-in on Tokens: 'I Just Want to Keep Crypto'"၊ 6 April 2021။ Archived from the original on 1 September 2021။ 
  16. Crypto CEO says Elon Musk has no plan for Twitter, and reveals why he wrote him a $500 million 'blank check'
  17. Zhao၊ Changpeng။ I wish I could tell you my lame story from 2015, when the btc price "crashed" to below $200, and I just sold my house and bought in at $600 a few months earlier...။ Twitter.com။ 12 September 2022 တွင် ပြန်စစ်ပြီး။
  18. Shoes၊ Eloisa (2021-11-17)။ Bilionário da Binance vai doar quase todo seu dinheiro (in pt-BR)။ 2021-11-21 တွင် ပြန်စစ်ပြီး။
  19. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "How Binance CEO and aides plotted to dodge regulators in U.S. and UK" (in en)။ Archived from the original on 2022-10-17။