ခင်မောင်ဝင်း (နိုင်ငံရေးသမား၊ ဆရာဝန်)

ဝီကီပီးဒီးယား မှ
ဒေါက်တာခင်မောင်ဝင်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် ၁၁
အနိုင်ရမဲ အရေအတွက်၂၈,၂၆၄ မဲ[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1955-05-23) ၂၃ မေ၊ ၁၉၅၅ (အသက် ၆၈)
ဝါးဘိုးစုကျေးရွာဓနုဖြူမြို့နယ်ဧရာဝတီတိုင်း
လူမျိုးကရင်၊ ဗမာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်အေးသီတာ
မိဘဦးတုတ်၊ ဒေါ်စောမြင့်
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်

ဒေါက်တာခင်မောင်ဝင်း (၂၅ မေ ၁၉၅၅ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၁ ကိုယ်စားပြု တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ [၂] [၃]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ဒေါက်တာခင်မောင်ဝင်းကို ၁၉၅၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဓနုပဖြူမြို့နယ်၊ ဝါးဘိုးစုရွာ၌ မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်ဆေးတက္ကသိုလ် မှ ဆေးပညာဘွဲ့ရရှိခဲ့သည်။ သူ၏ ယခင်အလုပ်အကိုင်မှာ ဆရာဝန်ဖြစ်သည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၁ မှ ၂၈,၂၆၄ မဲဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ သူသည် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]