ခင်မောင်စိုး
ဦးခင်မောင်စိုး | |
---|---|
ပြည်သူ့လွှတ်တော်အမတ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၈ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တမာကုန်းရွာ၊ ဝမ်းတွင်းမြို့နယ် | ၃၀ အောက်တိုဘာ၊ ၁၉၅၅
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
မိဘ | ဦးထွန်းရှိန် ဒေါ်ညွန့်မေ |
ပညာရေး | တတိယနှစ်(သင်္ချာ) |
မိခင်ကျောင်း | မန္တလေးတက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ၊ ဗုဒ္ဓဘာသာ |
ဦးခင်မောင်စိုးသည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဝမ်းတွင်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးတိုးတက်ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ်သည်။ [၁]
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ဦးခင်မောင်စိုးကို ၁၉၅၅၊ အောက်တိုဘာလ ၃၀ ရက် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကုန်းရွာတွင် မွေးဖွားခဲ့သည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာကို ဝမ်းတွင်းမြို့နယ် တမာကုန်းရွာ အလယ်တန်းကျောင်း၊ သဲတော-ဝမ်းတွင်း အထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ မကွေးကောလိပ်၊ တောင်ကြီးကောလိပ်တို့၌ ပထမနှစ်နှင့် ဒုတိယနှစ်တို့ကို တတ်ရောက်ခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် သင်္ချာဘာသာဖြင့် တတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]ဦးခင်မောင်စိုးသည် ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ဝမ်းတွင်းမြို့နယ်အလုပ်အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်မှုကြောင့် ထောင် ၁နှစ် ကျခံဖူးခဲ့သည်။