ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဝီကီပီးဒီးယား မှ
ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ်
Wattay International Airport
ສະໜາມບິນສາກົນວັດໄຕ
ท่าอากาศยานนานาชาติวัตไต
  • IATA: VTE
  • ICAO: VLVT
    VTE သည် လာအိုနိုင်ငံ တွင် တည်ရှိသည်
    VTE
    VTE
    Location of airport in Laos
အချက်အလက်များ
အမျိုးအစားMilitary/Public/Civil Aviation Authority
စီမံကွပ်ကဲသူMilitary of Laos
တည်နေရာVientiane, Laos
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်းLao Air
Lao Airlines
Lao Central Airlines
ပင်လယ်မျက်နှာပြင် အထက်၅၆၄ ပေ / ၁၇၂ မီတာ
ကိုဩဒိနိတ်17°59′18″N 102°33′48″E / 17.98833°N 102.56333°E / 17.98833; 102.56333ကိုဩဒိနိတ်: 17°59′18″N 102°33′48″E / 17.98833°N 102.56333°E / 17.98833; 102.56333
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
13/31 9,843 3,000 Asphalt
ကိန်းဂဏန်း အချက်အလက်များ (2012)
Passenger movements?
Airfreight movements in tonnes?
Aircraft movements?

ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ် (IATA: VTE, ICAO: VLVT) သည် လာအိုနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့မှ ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ လေဆိပ်တွင် ပြည်တွင်း လေဆိပ်အဆောက်အဦး အဟောင်းတစ်ခု နှင့် ပြည်ပ လေဆိပ်ဆိပ်အဆောက်အဦး အသစ် တစ်ခု ရှိသည်။  လေဆိပ်၏ အဆုံးတစ်ဖက်တွင် လာအို လေတပ် တပ်စွဲရာ လေတပ်စခန်း တစ်ခု တည်ရှိသည်။

လာအိုနိုင်ငံ လေကြောင်းအဖွဲ့အစည်း၏ ရုံးချုပ်သည် လေဆိပ်ဧရိယာအတွင်းတွင် တည်ရှိသည်။ လာအို လေကြောင်းလိုင်း၏ ရုံးချုပ်သည်လည်း လေဆိပ်ဧရိယာတွင် တည်ရှိသည်။ မကြာသေးမှီက လာအိုလေကြောင်းလိုင်းသည် ရန်ကုန်မြို့သို့ ပြန်လည်ချိတ်ဆက် ပျံသန်းခဲ့သည်။

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ[ပြင်ဆင်ရန်]

လေကြောင်းလိုင်းများပျံသန်းရာနေရာ
AirAsia ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ
ဘန်ကောက် လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိ
Cambodia Angkor Air ဟနွိုင်းဖနွမ်းပင်
China Eastern Airlines ကူမင်းNanning
Jin Air ဆိုးလ်-အင်ချွန်
Lao Skyway Sam Neua, Sayaboury
လာအို လေကြောင်းလိုင်း Ban Houayxay, ဘန်ကောက်-သုဝဏ္ဏဘူမိBusan, Changsha, Da Nang, Guangzhou, ဟနွိုင်းဟိုချီမင်းစီးတီးကူမင်းLouang Namtha, Luang Prabang, Oudomxay, Pakse, ဖနွမ်းပင် (Suspended)၊ Savannakhet, Sayaboury, ဆိုးလ်-အင်ချွန်စီရန်ရိစင်ကာပူXieng Khouang
ဆစ်အဲ လေကြောင်းလိုင်း စင်ကာပူ (resumes 31 October 2016)[၁]
Sky Wings Asia Airlines စီရန်ရိ
T'way Airlines Charter: ဆိုးလ်-အင်ချွန်
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း
Thai Airways ဘန်ကောက်-သုဝဏ္ဏဘူမိ
Vietnam Airlines ဟနွိုင်းဟိုချီမင်းစီးတီးဖနွမ်းပင်Vinh

ဝန်ဆောင်မှု[ပြင်ဆင်ရန်]

လေဆိပ်တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများ ရရှိနိုင်သည်။

  • ဘဏ်
  • ဘား
  • စားသောက်ဆိုင်
  • အခွန်လွတ် စတိုးဆိုင်များ
  • စာတိုက်
  • ဈေးဆိုင်များ
  • အင်တာနက် ကဖေး

လေဆိပ်သည် ကုန်စည်ပို့ဆောင်ရေးအတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး စာချုပ်ချုပ်ဆိုထားရှိပြီး လာအို-ဂျပန် လေဆိပ်အဆောက်အဦး ဝန်ဆောင်မှု ကုမ္ပဏီမှ လုပ်ကိုင်နေခြင်းဖြစ်သည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

လေဆိပ်ကို အငှားယာဉ်၊ ကား နှင့် တုတ်တုတ်ဟု ခေါ်သော သုံးဘီးဆိုင်ကယ် များဖြင့် ရောက်ရှိနိုင်သည်။ အငှားယာဉ် ရပ်နားရာ နေရာသည် ဆိုက်ရောက်ခန်းမ အပြင်ဘက်တွင် တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. SilkAir Resumes Laos Service from late-Oct 2016။ airlineroute။ 27 April 2016 တွင် ပြန်စစ်ပြီး။