ကြံတောသုသာန်
အသေးစိတ် | |
---|---|
ပိတ်သိမ်း | ၁၉၉၆ - ၁၉၉၇ |
တည်နေရာ | ကမာရွတ်မြို့နယ်, ရန်ကုန်မြို့ |
နိုင်ငံ | မြန်မာ |
ကိုဩဒိနိတ် | 16°48′56″N 96°07′53″E / 16.815641°N 96.131456°Eကိုဩဒိနိတ်: 16°48′56″N 96°07′53″E / 16.815641°N 96.131456°E |
ကြံတောသုသာန်သည် ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၉၆ နှင့် ၁၉၉၇ အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်အဖြစ် ပြန်လည်မတည်ဆောက်မီအထိ ရန်ကုန်မြို့၏ အကြီးဆုံး သုသာန်ဖြစ်ခဲ့သည်။[၁]၁၉၉၆ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတော်အစိုးရမှ ပြန်လည်နေရချထားရန် အမိန့်ပေးခဲ့သည်။[၂] အကျိုးဆက်အနေနှင့် တစ်လအတွင်း ရန်ကုန်မြို့အပြင်ဘက် ရေဝေးသုသာန်၊ လှိုင်သာယာမြို့ရှိ ထိန်ပင်သုသာန်များသို့ ပြောင်းရွေ့ပေးရန် သတိပေးစာ ပေးပို့ပေးခဲ့သည်။[၃] ကြံတောသုသာန်သည် ၅၀ ဧက (၂၀ ဟက်တာ) ပိုင်ဆိုင်ပြီး ရန်ကုန်တက္ကသိုလ်မှ မိုင်ဝက် (၀.၈၀ ကီလိုမီတာ) ခန့် အဝေးတွင် တည်ရှိသည်။[၄] ၎င်းကို ကိုလိုနီခေတ်က တည်ထောင်ခဲ့သည်။[၄] ကြံတောသုသာန်သည် ဗုဒ္ဓဘာသာဗမာများ မြှပ်နှံရာ အဓိကနေရာ ဖြစ်သည်။ သို့သော် ခရစ်ယာန်၊ တရုတ်၊ ဟိန္ဒူ၊ အစ္စလာမ် စသည့်ဘာသာဝင်၊ လူမျိုးတို့အတွက်လည်း သင်္ချိုင်းများလည်း ရှိသည်။[၅] ဟိန္ဒူများအတွက် သုသာန်နေရာသည် ၁.၆ ဟက်တာ (၄ ဧက) ကျယ်ဝန်းသည်။[၆]
၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့တော်ကော်ပိုရေးရှင်း (ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) သည် St. John's Cantonment သုသာန်ရှိ ဂူများကို ကြံတောသို့ ပြောင်းရွေ့စေခဲ့သည်။[၆] အုတ်ဂူများတွင် ဗြိတိသျှစစ်သားများ၏ အုတ်ဂူများ ပါဝင်ခဲ့သည်။[၆] ၁၉၉၄ ခုနှစ်တွင် စစ်တပ်က တာမွေသုသာန်မှ ကျန်ရှိနေသော မြှုပ်နှံထားသည်များကို ကြံတောသုသာန်သို့ စူပါမားကတ်တစ်ခု ဆောက်လုပ်ရန် ရွေ့ပြောင်းစေခဲ့သည်။[၇]
အထင်ကရ မြှုပ်နှံထားသူများ
[ပြင်ဆင်ရန်]- ဗိုလ်အောင်ကျော်[၈] - ရန်ကုန်တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ဗြိတိသျှရဲမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
- ဦးနု[၉] - မြန်မာနိုင်ငံငံ ဝန်ကြီးချုပ် ဖြစ်သည်။
- ရဲဘော်သုံးကျိပ် မှ ရဲဘော်အများအပြား[၉]
- ဂျာနယ်ကျော် ဦးချစ်မောင်[၁၀]
- ဂျာနယ်ကျော် မမလေး[၁၀]
- ခင်မေသန်း[၁၁] - နေဝင်း ၏ ဇနီး
- ၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး) ဆန္ဒပြသူများ[၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Seekins, Donald M. (Summer 2005). "The State and the City: 1988 and the Transformation of Rangoon". Pacific Affairs 78 (2): 267. University of British Columbia. doi: .
- ↑ Min၊ Hla။ Union of Myanmar။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ "RIP: Rest In Pieces"၊ The Irrawaddy၊ January 1997။ 14 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 9 August 2011။
- ↑ ၄.၀ ၄.၁ Morley၊ Ian (2012)။ City profile: Rangoon။ Cities။ Elsevier။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ "BURMA: Solidarity"၊ TIME၊ 9 December 1946။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ ၆.၂ "GOVERNMENT TAKES OVER CHRISTIAN CEMETERY IN YANGON"၊ UCA News၊ 27 August 1991။ 19 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ "KYANDAW CEMETERY TO MOVE"၊ Burma Alert၊ March 1997။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Seekins၊ Donald M. (2006)။ Historical Dictionary of Burma (Myanmar)။ Scarecrow Press။ pp. 91။ ISBN 9780810864863။
- ↑ ၉.၀ ၉.၁ Seekins၊ Donald M. (2014)။ State and Society in Modern Rangoon။ Routledge။ p. 168။ ISBN 9781317601548။
- ↑ ၁၀.၀ ၁၀.၁ Ma Ma Lay (2008)။ A Man Like Him: Portrait of the Burmese Journalist, Journal Kyaw U Chit Maung။ SEAP Publications။ pp. 37–38။ ISBN 9780877277774။
- ↑ Taylor၊ Robert (2015)။ General Ne Win: A Political Biography။ Institute of Southeast Asian Studies။ p. 433။ ISBN 9789814620130။
- ↑ Egreteau၊ Renaud။ "The repression of the August 8-12 1988 (8-8-88) uprising in Burma/Myanmar"၊ Online Encyclopedia of Mass Violence၊ February 2009။ 19 July 2015 တွင် ပြန်စစ်ပြီး။