မာတိကာသို့ ခုန်သွားရန်

ကြူကြူလှ

ဝီကီပီးဒီးယား မှ
ဒေါ်

ကြူကြူလှ
ဒေါ်ကြူကြူလှ (၂၀၂၅)
နိုင်ငံတော်သမ္မတကတော်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ယခင်လူဒေါ်ချိုချို
dddddd
နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဒေါ်ခင်ခင်ဝင်း
ဆက်ခံသူဒေါ်စမ်းစမ်းအေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-04-13) ၁၃ ဧပြီ၊ ၁၉၅၄ (အသက် ၇၂)
ရန်ကုန်မြို့
လူမျိုးရခိုင်လူမျိုး
ကြင်ဖော်မင်းအောင်လှိုင်
သားသမီးခင်သီရိသက်မွန်
အောင်ပြည့်စုံ
မိဘဦးမောင်မောင်လှ
ဒေါ်အုန်းလှ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ကထိက

ဒေါ်ကြူကြူလှ သည် အငြိမ်းစား တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၁၅ ဦးမြောက် နိုင်ငံတော်သမ္မတကတော် ဖြစ်သည်။ []

မိဘများသည် ရခိုင်ပြည်နယ် သံတွဲမြို့နယ်ဇာတိဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ကထိက ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ ရာထူးများအရ သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဖြစ်ခဲ့သည်။

အဖ ဦးမောင်မောင်လှ ၊ အမိ ဒေါ်အုန်းလှ တို့က ၁၉၅၄ ခုနှစ် တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။   ၁၉၇၀ ပြည့်နှစ် မတ်လ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် သို့ တက်ရောက်သည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာစာမေဂျာဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။  ၁၉၈၁ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရသည်။ []

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

၁၉၈ဝ ပြည့်နှစ် တွင် စာစဉ်နည်းပြအဖြစ် ပညာရေးဝန်ကြီးဌာန တွင် အလုပ်ဝင်ခဲ့သည်။  ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) နှင့်  ၁၉၈၆ ခုနှစ်တွင် တောင်ကြီးဒီဂရီကောလိပ် တို့တွင်  နည်းပြအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) သို့ လက်ထောက်ကထိကအဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလတွင် အမှုထမ်းခြင်းမှ နုတ်ထွက်သည်။

စာရေးသားခြင်း

[ပြင်ဆင်ရန်]

ဒေါ်ကြူကြူလှသည် သီရိပြည့်စုံမေ (မြန်မာစာ) ဟူသော ကလောင်အမည်ဖြင့် စာပေ ရေးသားလေ့ရှိသည်။[] သူမသည် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခံခဲ့ရသည့် မြန်မာ့လေတပ်၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကဗျာတစ်ပုဒ် "စိန်ရတုတပ်မတော် (လေ) သို့" ကို ရေးသားခဲ့သည်။ []

စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်းများ၏ နှစ်ပတ်လည်အထူးထုတ်များတွင် စစ်ဘက်ဆိုင်ရာ လိုလားသော ဆောင်းပါးများနှင့် ကဗျာများကို ရေးသားလေ့ရှိပြီး အဆိုပါကဗျာသည် ဖားကန့်မြို့တွင် အရပ်သား သေကြေပျက်စီးစေသော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများစွာကို ဆောင်ရွက်ခဲ့သည့် မြန်မာ့လေတပ်အား ချီးကျူးဂုဏ်ပြုထားသည်။ []

အရေးယူပိတ်ဆို့ခံရမှု

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဇူလိုင်လတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် အချို့၏ ဇနီးများကိုပါ အမေရိကန်က ဒဏ်ခတ်အရေးယူရာ သူလည်း ပါဝင်ခဲ့သည်။ ၎င်း၏ သားသမီးများဖြစ်ကြသည့် ခင်သီရိသက်မွန်နှင့် အောင်ပြည့်စုံမှာလည်း အရေးယူခြင်း ခံထားရသူများဖြစ်သည်။[][][][][၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  2. နှစ်ပေါင်းတစ်ရာ တက္ကသိုလ်နှင့် ရင်ထဲကမြန်မာစာ Myanmar Digital News (၁ ဒီဇင်ဘာ ၂၀၂၀)။ 7 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နှစ်ပေါင်းတစ်ရာ တက္ကသိုလ်နှင့် ရင်ထဲကမြန်မာစာ (in my)။ 2026-04-17 တွင် ပြန်စစ်ပြီး။
  4. စိန်ရတုတပ်မတော် (လေ) သို့ | News and Periodical Enterprise 2026-04-17 တွင် ပြန်စစ်ပြီး။
  5. Irrawaddy၊ The (2022-12-17)။ Junta Watch: Regime Boss Ties ‘Patriotism’ to Fuel Bills as Wife Pens Ode to Air Force (in en-US)။ 2023-01-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-01-09 တွင် ပြန်စစ်ပြီး။
  6. "Wife of military chief wishes ‘best of luck’ to jailed USDP supporter"၊ Coconuts၊ 28 May 2017။
  7. "Myanmar Coup Maker’s Birthday Greeted With Curses, Nationwide Condemnation"၊ The Irrawaddy၊ 3 July 2021။
  8. "US Sanctions More Myanmar Junta Members, Their Relatives and Chinese Firms"၊ The Irrawaddy၊ 3 July 2021။
  9. "စစ်ကောင်စီအဖွဲ့ဝင် ခုနှစ်ဦးနဲ့ စစ်ခေါင်းဆောင်မိသားစုဝင် ၁၅ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူမည်"၊ Radio Free Asia၊ 2 July 2021။
  10. "အကြမ်းဖက်စစ်ခေါင်းဆောင်၏ဇနီး အပါအဝင် ၂၂ ဦး ကို အမေရိကန်က ဒဏ်ခတ်အရေးယူ"၊ DVB၊ 3 July 2021။