အောင်ပြည့်စုံ

ဝီကီပီးဒီးယား မှ
အောင်ပြည့်စုံ
မွေးဖွား၁၉၈၄ (အသက် ၃၉–၄၀)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များဖိုးသား
မိခင်ကျောင်းရန်ကုန်ကွန်ပျူတာတက္ကသိုလ်
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
အိမ်ထောင်ဖက်(များ)မျိုးရတနာထိုက် (m. ၂၀၁၂)
သားသမီးခင်ငြိမ်းချမ်းပြည့်စုံလှိုင်
ခင်ဘုန်းမြတ်ပြည့်စုံလှိုင်
မိဘ(များ)မင်းအောင်လှိုင်
ကြူကြူလှ
ဆွေမျိုးသားချင်းခင်သီရိသက်မွန်

အောင်ပြည့်စုံ (၁၉၈၄ မွေးဖွား) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး လုပ်ငန်းကြီးများဖြစ်သော စကိုင်းဝမ်းဆောက်လုပ်ရေးနှင့် အောင်မြင့်မိုရ်မင်းအာမခံလုပ်ငန်းတို့ကို ပိုင်ဆိုင်သည်။[၁] တယ်လီကွန်းဝန်ဆာင်မှုလုပ်ငန်း မိုင်တဲတွင်လည်း တစ်ဦးချင်းအနေဖြင့် အများဆုံးရှယ်ယာရှင်ဖြစ်ကြောင်း သိရသည်။[၁] မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဖြစ်သောကြောင့် လူမုန်းများသည်။

၎င်း၏ဖခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့်ကာလ သမ္မတ ဦးသိန်းစိန်လက်ထက်၌ ဈေးကွက်အောက် အလွန်နည်းသော ပမာဏဖြင့် ရန်ကုန်ပြည်သူ့ဥယျာဉ်အတွင်းရှိ တန်ကြေးမြင့်စားသောက်ဆိုင်နှင့် ပန်းချီပြခန်းကို နှစ် ၃၀ ငှားခွင့် ရသည်။[၂] ပို့ခွန်သွင်းခွန်ကင်းလွတ်ခွင့်နှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေး၌ အလိုအလျောက်ခွင့်ပြုမိန့်ရသော အေအန္နံမဟာ (A&M Mahar) ပို့ကုန်သွင်းကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်။[၃][၄] မြန်မာနိုင်ငံ၏ အခွန်ဦးစီးဌာနကို ခေါင်းဆောင်သူမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာဟောင်း ကျော်ထင်ဖြစ်သည်။[၄]

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှလည်း ထင်မထားနိုင်လောက်အောင်နည်းသော ငွေပမာဏဖြင့် အရက်ရောင်းချခွင့် ရခဲ့သည်။ ကန်သာယာဆေးရုံ၏ ရှယ်ယာရှင်ဖြစ်ပြီး ချောင်းသာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး စသော ပြည်ပခရီးသွားများကျက်စားရာတို့၌ ဖွင့်ထားသော အဇူရဟိုတယ်တွဲကြီးကိုလည်း အခြားစီးပွားရေးလုပ်ငန်းရှင်တဦးနှင့်အတူ ပူးတွဲပိုင်ဆိုင်သည်။ ချောင်းသာ၌ အဇူရကမ်းခြေအပန်းဖြေစခန်းသည် အကြီးဆုံးဖြစ်သည်။[၅][၆][၇]

မိသားစုဘဝ[ပြင်ဆင်ရန်]

စတယ်လာ(၇) လုပ်ငန်းနှင့်၊ ချမ်းငြိမ်းပြည့်စုံထုတ်လုပ်ရေးလုပ်ငန်း ပိုင်ရှင်ဖြစ်လာမည့် မျိုးရတနာထိုက်နှင့်လက်ထပ်ရာ ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်ဟူသော သမီး ၂ ယောက်ရှိသည်။

နိုင်ငံတကာပိတ်ဆို့မှုများ[ပြင်ဆင်ရန်]

၂၀၁၉ ခု၌ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က အောင်ပြည့်စုံပိုင်သောလုပ်ငန်းများကို အရေးယူရန် တောင်းဆိုဖူးသည်။[၁]

၂၀၂၁ ခု၊ မတ်လ ၁၀ ရက်နေ့တွင် အမေရိကန်အစိုးရက အောင်ပြည့်စုံနှင့် ညီမ ခင်သီရိသက်မွန်ကို စီးပွားရေးပိတ်ဆို့ရန် သတ်မှတ်ခဲ့သည်။[၈][၉][၁၀][၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ တပ်ချုပ်သားပိုင်ကုမ္ပဏီများကို အရေးယူရန် ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ တောင်းဆို (in my)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  2. Military Chief's Son Paid 'Very Low' Rent for His Upscale Restaurant on Government-Owned Land (in en)။ 17 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  3. "ဗိုလ်ချုပ်မှူးကြီးသား ဦးအောင်ပြည့်စုံ ဒါရိုက်တာအဖြစ် ပါဝင်သော A & M Mahar ကုမ္ပဏီလုပ်ငန်းများ အကျိုး စီးပွားပဋိပက္ခရှိနိုင်ဟု ဝေဖန်ခံရ" (in my)၊ Khitthit Media၊ 14 August 2020။ 13 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 February 2021။ 
  4. ၄.၀ ၄.၁ Dirty Secrets #2: Sr. Gen. Min Aung Hlaing's family profiting off of FDA and Customs clearances။ 26 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  5. Who profits from a coup? The power and greed of Senior General Min Aung Hlaing
  6. "ပြည်သူ့ဥယျာဉ်အတွင်း တပ်ချုပ်သား လုပ်ကိုင်ခွင့်ရရှိထားသော လုပ်ငန်းများ" (in my)၊ Myanmar NOW၊ 18 July 2019။ 
  7. "Coup regime’s minister visits hotel owned by military chief’s son to mark ‘resumption’ of tourism in Myanmar" (in en)၊ Myanmar NOW၊ 23 March 2021။ 
  8. "U.S. imposes sanctions on children of Myanmar military leader, companies" (in en)၊ Reuters၊ 10 March 2021။ 
  9. "US sanctions 2 adult children of Myanmar junta leader"၊ www.aa.com.tr၊ 11 March 2021။ 
  10. "US Slaps Sanctions on Adult Children of Myanmar Military Leader" (in en)၊ VOA၊ 10 March 2022။ 
  11. United States Targets Family Members Profiting from Connection to Burmese Coup Leader (11 March 2021)။