ကျွန်တော်သိသော တစ်ရံရောအခါများ (စာအုပ်)

ဝီကီပီးဒီးယား မှ
ကျွန်တော်သိသော တစ်ရံရောအခါများ
စာအုပ်မျက်နှာဖုံးပုံ
စာရေးသူကိုကိုမောင်ကြီး
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာဘာသာ

ကျွန်တော်သိသော တစ်ရံရောအခါများ သည် စာရေးဆရာ၊ နိုင်ငံရေးသမား ကိုကိုမောင်ကြီး ရေးသားသော ကိုယ်တိုင်ရေး ဘဝ အတွေ့အကြုံ စာအုပ်ဖြစ်သည်။ အသက် ၁၃ နှစ် အရွယ်ကပင် သပိတ်မှောက်ကျောင်းသား အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် မ.ဆ.လ ပါတီ Founder အပါအဝင် အဆင့်မြင့် တာဝန် များကို တာဝန် ထမ်းဆောင်ခဲ့သူ စာရေးသူက အမှာစာတွင် ရေးသားထားရာ၌ "ဤစာအုပ် သည် အချိန်ကာလတည်း ဟူသော ခရီး လမ်းကြောင်း အတိုင်း ဖြတ်သန်းရသူ အချိန် ခရီးသည် တစ်ဦး၏ ခရီးသွား ဆောင်းပါး အစဉ်ကြီး တစ်ခုသာ ဖြစ်ပါတော့သည် ဟု ဆိုရပါမည်" ဟု ရေးသားထားသည်။ [၁]

စာအုပ်အကျဉ်း[ပြင်ဆင်ရန်]

မျက်စိဆရာဝန်ဝန်ကြီး ဦးသန်းမောင်၊ စာရေးဆရာမဒေါ်ကြွယ်ကြွယ်၊ သမီး၊တူမ ကိုအေးသိန်း-မအေးချို၊ ဗမကစောမြင့် (မဟေသီ)၊ မြတ်ထန် (ဗမကတင်မောင်)၊ မိုးမိုးတာရောစန် (ဗခက ခင်မောင်သောင်း) တို့ကို ကျေးဇူးတင်စကား ရေးသားထားသည်။ စာရေးသူ ကိုကိုမောင်သည် ရင်းနှီးသော ဗိုလ်မှူးကိုကိုပြောပြချက်များကို ကိုးကားပြီး၊ ဦးနေဝင်းနှင့်နီးစပ်ပြီး အရေးပါ ရာထူးကို ယူခဲ့သော ဗိုလ်မှူးကြီးစောမြင့်များ ကို ညွှန်းပြီးရေးသားထားသည်။

ဦးနေဝင်း ကိုယ်ရေးဘဝကို စာရေးသူချစ်လှိုင်တွင် တာဝန်မရှိ ဟုဆိုကာ မရေးသားပါ။ ရွှေဘိုမုဆိုးခြုံတွင် ဗိုလ်တွန်နှင့် ဆွေမျိုး ဆက်စပ်သလို ရေးသားထားသည်။ စာရေးသူ ကိုကိုမောင်သည် မ.ဆ.လ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဦးနေဝင်း နှင့်အတူ တည်ထောင်ခဲ့ခြင်းကို လက်ရှော့ဟန်မတူသည့် ပုံစံရေးထားသည်။ ဦးနေဝင်း၏ နိုင်ငံရေးဘဝကို သူ့ဆရာသမားအနေဖြင့် ရေးသား ထားသည်။ ဦးနေဝင်းအကြောင်းများကို ထပ်မံကိုးကားရေးသားရာတွင်၊ ဒေါက်တာမောင်မောင်စာအုပ်၊ ဦးနေဝင်း ၏ ညီဖြစ်သူ ဦးသိန်းညွှန့် ပြောစကားများ "နာစရာရှိလျှင် လွမ်းစရာတွေနဲ့ပေါ့" ဟုလည်းကောင်း၊ ဖ.ဆ.ဖ.လ ဦးကျော်ငြိမ်း ကိုလည်း ထောင်သွင်း အကျဉ်းချခဲ့ကြောင်းများကို ရေးသားထားသည်။ ဦးနု အကြောင်းကို သူ့အမြင် ရေးသား ဖော်ပြထားသည်။ စာရေးသူကိုကိုမောင် တွေ့ဆုံရသူများတွင် (၆) ဦးကို အမွှမ်းတင် ရေးသားကာ စာအုပ်ကို အဆုံးသပ်ထားသည်။ ထို ၆ ဦးမှာ သခင်စိုးဗိုလ်ချုပ်အောင်ဆန်းဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးအောင်ကြီး၊ ဦးဗဆွေဦးသိန်းဖေမြင့် တို့ဖြစ်သည်ဟု ဆိုသည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. ကျွန်တော်သိသော တစ်ရံရောအခါများ။ ၁ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မေ ၂၀၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ကျွန်တော်သိသော တစ်ရံရောအခါများ ၊ ဝတ်မှုန် (စင်ကာပူ)။ 8 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၁ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မေ ၂၀၁၂ တွင် ပြန်စစ်ပြီး။