ကျောက်မဲဆရာတော်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (၁၄ နိုဝင်ဘာ ၁၉၄၉ မွေးဖွား) သည် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာတော် ဖြစ်သည်။
ဖွားမြင်ခြင်း
[ပြင်ဆင်ရန်]ဆရာတော်ကို မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၌ ခမည်းတော် ဦးဝန်ဘ+ မယ်တော် ဒေါ်သင်းကြိုင်တို့မှ ၁၃၁၁-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့၊ ခရစ်သက္ကရာဇ် ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။
ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုပြီး ခံယူလျက် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ပရိယတ္တိစာပေ သင်ယူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် စကျင်ရွာ၊ မဟာသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တတိဿ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သက်တော်ရှည်ကျောင်းဆရာတော် (စံကင်းဆရာတော်ကြီး) ဘဒ္ဒန္တစန္ဒာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဇယမေဒနီဝါဆိုဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဃိယ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ မတ္တရာသူဌေးဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ (ကထိကရဟန်း) (အဂ္ဂမဟာပဏ္ဍိတ)၊ မင်္ဂလာဗိမာန်ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ တိပိဋကနိကာယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက) စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူလေ့လာခဲ့သည်။
အောင်မြင်ခဲ့သော စာမေးပွဲများ
[ပြင်ဆင်ရန်]- သကျသီဟသာမဏေတန်း ပထမဆင့်
- သာသနဓဇသိရီပဝရဓမ္မာစရိယ
- ဝိနယဓရ
- B.A (ဒဿနိက) (ရန်ကုန်တက္ကသိုလ်)
- M.A (Sri Lanka)
- Ph.D (Punea University, India)
သာသနာရေး ဆောင်ရွက်ခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်၊ ပြင်ဦးလွင်မြို့၊ ဇယမေဒနီအောင်မြေကျောင်းတိုက်၊ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ မဟာအောင်မြေကျောင်းတိုက်တို့ကို ပဓာနနာယကဆရာတော်အဖြစ် စီမံအုပ်ချုပ်တော်မူခြင်း၊ ပရိယတ္တိစာပေများ သင်ကြားပို့ချတော်မူခြင်း၊ ဘာသာရေးဆိုင်ရာ စာတမ်းများ၊ ကျမ်းဂန်စာပေများ၊ ဆောင်းပါးများ ရေးသားခဲ့ခြင်း၊ အရဟံဖောင်ဒေးရှင်း၊ အရဟံသာသနာပြုဓမ္မကောလိပ်နှင့် အခြားသော အရဟံသာသနာပြုလုပ်ငန်းများ၏ ဩဝါဒါစရိယဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊ သံဃာအဖွဲ့အစည်းအဆင့်ဆင့်တို့၌ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ တွဲဘက်အကျိုးတော်ဆောင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်လျက်ရှိသည်။[၁]
ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များ
[ပြင်ဆင်ရန်]- အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် (၂၀၂၁)[၂]
- အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် (၂၀၂၂)[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://www.mahana.org.mm/?page_id=1925
- ↑ "သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း" (in my)၊ MDN - Myanmar DigitalNews၊ ၄ ဇန်နဝါရီ ၂၀၂၁။
- ↑ "သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆပ်ကပ်လှူဒါန်း" (၄ ဇန်နဝါရီ ၂၀၂၂). ကြေးမုံ.