ကျိုးပဲ့အိပ်မက်များ

ဝီကီပီးဒီးယား မှ
Broken Dreams:
Stories from the Myanmar Coup
အခြေခံအချက်အလက်
ဒါရိုက်တာThe Ninefold Mosaic
ထုတ်လုပ်သူ
  • မြတ်နိုး
  • မန်းသက်ဝင်း
သရုပ်ဆောင်အောင်
မြတ်နိုးအေး
Priscilla Bawicia
နေခြည်
ဂျပန်ကြီး
နိုဗန်ထူး
Poe Meh
Kyaw Meh
လမိုး
အောင်မြင့်မြတ်
Preh Reh
ရပ်ဆဲ
ပိုင်ဖြိုးသု
ချစ်သုဝေ
မေဝင်းမောင်
Flynn the Fish
ဂီတမှူး
  • လင်းထက်
  • လင်းလင်း
  • ဇေဇေ[၁]
ဓာတ်ပုံ
  • ရစ်မိုးသွန်း
  • မနီလာ
တည်းဖြတ်The Ninefold Mosaic
ကြာမြင့်ချိန်
၁၂၈ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • စက်တင်ဘာ ၇၊ ၂၀၂၃ (၂၀၂၃-၀၉-၀၇) (FCCT)
  • ဒီဇင်ဘာ ၁၀၊ ၂၀၂၃ (၂၀၂၃-၁၂-၁၀) (Kolkata Film Festival)

ကျိုးပဲ့အိပ်မက်များ (အင်္ဂလိပ်: Broken Dreams: Stories from the Myanmar Coup) သည် ၂၀၂၃ ခုနှစ်ထွကန် မြန်မာ စာညွန့်ရုပ်ရှင်ဖြစ်ပြီး ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းနှင့် ပြည်တွင်းစစ်တို့နှင့် ဆက်စပ်သော ဇာတ်လမ်း ကိုးခု ပါဝင်သည်။ အမည်မဖော်သော ရုပ်ရှင်ဖန်တီးသူအုပ်စု ရှစ်ဖွဲ့ပါဝင်သည့် Ninefold Mosaic က ရိုက်ကူးတည်းဖြတ်ထားသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Foreign Correspondents' Club of Thailand တွင် ပထမဆုံး ပြသခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ၂၉ ကြိမ်မြောက် ကာလကတ္တားရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ရာ NETPAC ဆုကို ရရှိခဲ့သည်။

ဇာတ်လမ်းတိုများ[ပြင်ဆင်ရန်]

  • သံသရာ (ဒါရိုက်တာ - နေနီလှိုင်းခ)
သရုပ်ဆောင် - အောင်
  • Dark Tangle (ဒါရိုက်တာ - ရစ်)
သရုပ်ဆောင် - ချစ်သုဝေ
  • Un (ဒါရိုက်တာ - Rek)
သရုပ်ဆောင် - Flynn the Fish
  • Two Souls (ဒါရိုက်တာ - မြတ်နိုး)
သရုပ်ဆောင် - အောင်မြင့်မြတ် နှင့် ရပ်ဆဲ
  • အိမ် (ဒါရိုက်တာ - ဝေး)
သရုပ်ဆောင် - Priscilla Bawicia နှင့် မေဝင်းမောင်
  • To a Dear Little Seedling (ဒါရိုက်တာ - နေခြည်မြတ်နိုးဝင့်)
  • The Dictator's Bathroom (ဒါရိုက်တာ - အယ်လ် မင်းပြည့်မွန်)
သရုပ်ဆောင် - မြတ်နိုးအေး၊ နိုဗန်ထူး နှင့် ဂျပန်ကြီး
  • Dancing in the Dark (ဒါရိုက်တာ - ဘိုသက်ထွန်း)
သရုပ်ဆောင် - La Moe, Poe Meh, Preh Reh and Kyaw Meh
  • Late Pyar (ဒါရိုက်တာ - ရစ်)
သရုပ်ဆောင် - မြတ်နိုးအေး နှင့် ပိုင်ဖြိုးသု

ထုတ်လုပ်ရေး[ပြင်ဆင်ရန်]

ကျိုးပဲ့အိပ်မက်များ၏ ရိုက်ကူးရေးနှင့် သရုပ်ဆောင်အများစုမှာ တိမ်းရှောင်နေကြရသူများ ဖြစ်သည်။[၂] Ninefold Mosaic အုပ်စုရှိ ဒါရိုက်တာအချို့မှာ ၂၀၂၂ ခုနှစ် ရုပ်ရှင် မြန်မာဒိုင်ယာရီကို အတူရိုက်ကူးခဲ့ကြသူများဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Broken Dreams: Stories from the Myanmar Coup - Credits။ 20 January 2024 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Film Screening "Broken Dreams: Stories from the Myanmar Coup"။ 20 January 2024 တွင် ပြန်စစ်ပြီး။ “After its premiere screening at the Foreign Correspondents' Club of Thailand and subsequent editing...”

ပြင်ပလင့်များ[ပြင်ဆင်ရန်]