မေဝင်းမောင်
| အကယ်ဒမီ မေဝင်းမောင် | |
|---|---|
| မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
| အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင် |
| အိမ်ထောင်ဖက်(များ) | သက်ဝင်း |
| သားသမီး | သိင်္ဂါမောင်သူရဝင်း၊ မေသန္ဒီနဝရတ်ဝင်း |
| ရရှိသည့်ဆုများ | မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အမျိုးသမီးဇာတ်ဆောင် ၁၉၈၀) |
မေဝင်းမောင် (၁၉၅၆ -) သည် မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။[၁]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၅၆ ခု၊ မေလ ၂၄ ရက်တွင် ဒုတိယဗိုလ်မှူးကြီး ဝင်းမောင်၊ ဒေါ်ခင်မြင့်ဝေ တို့က မွေးသည်။ မွေးချင်း ၃ ယောက်အနက် ဒုတိယမြောက် ဖြစ်၏။
စိန့်ဖီလိုမီနာ (ယခု အထက(၂)စမ်းချောင်း) မှ ဆယ်တန်းအောင်ပြီး ၁၉၇၆ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာအထူးပြုဖြင့် သိပ္ပံဘွဲ့ ရသည်။
အနုပညာခရီး
[ပြင်ဆင်ရန်]မိတ်ဆွေတဦးဖြစ်သော ကိုလှရီမှတဆင့် ရှုမဝဦးချစ်စိန်နှင့် သိကျွမ်းသည်။ သုခုမရုပ်ရှင်အတွက် ဦးချစ်စိန်က ရိုက်ပေးသော လှချင်ရက်စက်စက်ယို ဇာတ်ကားတွင် ကျော်ဟိန်းနှင့်တွဲ၍ စသရုပ်ဆောင်သည်။
၁၉၈ဝ ပြည့်တွင် ယမုံနာရုပ်ရှင်အတွက် ဒါရိုက်တာ ကြီးမြင့် ရိုက်ကူးသည့် ကြည်ပြာ ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ကို ရသည်။
သမန်းကျားအုပ်စုနှင့် တွဲကာ သီချင်းစီးရီးများ ထုတ်ဝေသည်။ ပြက္ခဒိန်ရာသီတိုင်းတွင် မေဝင်းမောင်၏ အလှဓာတ်ပုံများ ပါဝင်လေ့ရှိသည်။
ပါဝင်ခဲ့သောဇာတ်ကားများ
[ပြင်ဆင်ရန်]| ရုံတင်နှစ် | ဇာတ်ကားအမည် | ဒါရိုက်တာ | တွဲဖက်သရုပ်ဆောင်များ | မှတ်ချက် |
|---|---|---|---|---|
| ၁၉၇၃ | လှချင်ရက်စက်စက်ယို | ကျော်ဟိန်း | ||
| ၁၉၇၄ | စိမ်(သို့မဟုတ်)စိန် | ကျော်ဟိန်း | ||
| ၁၉၇၅ | ၃ သို့မဟုတ် ၄ | မောင်သန်းဝင်း | ||
| ၁၉၇၅ | ရွှေလက်မြဲမြဲ တွဲပါ့မယ် | ကျော်စွာဝင်း | ||
| ၁၉၇၆ | ဒီလိုဆို ချစ်ဘူးကွယ် | လင်းထင် | ||
| ၁၉၇၆ | ခေတ္တရာခရီးသည် | ကိုမြင့် | ||
| ၁၉၇၇ | ကျွန်းကလေးမှာနှစ်ယောက်တည်း | ကျော်မောင်မောင်သွင် | ||
| ၁၉၇၇ | ရွှေတံခါးကြီးဖွင့်ပါဦး | လင်းထင် | ||
| ၁၉၇၇ | အပေါ်ထပ်နှင့်အောက်ထပ် | မောင်သန်းဝင်း | ||
| ၁၉၇၇ | မိန်းကလေးရှင်ရဲ့ဆန္ဒ | |||
| ၁၉၇၈ | ပုလဲအရောင်မမှိန် | ခင်မောင်ချင်း | ||
| ၁၉၇၈ | အတ္တမဆန်သောအတ္တ | ညွန့်ဝင်း၊ သုမောင် | ||
| ၁၉၇၉ | ယုန်ထောင်ကြောင်မိ | ညွန့်ဝင်း | ||
| ၁၉၇၉ | စုံနံ့သာမြိုင် | ညွန့်ဝင်း | ||
| ၁၉၇၉ | ကျွန်တော် မောင်စပ်စု | စပ်စု | ||
| ၁၉၇၉ | ဇမ္ဗူပေါ် လူကျော် | ခင်မောင်ချင်း | ||
| ၁၉၈၀ | စိမ့်မြိုင်ကစောင်းသမား | တေဇာမင်း | ||
| ၁၉၈၀ | မျဉ်းပြိုင်ကြားမှရွှေမင်းသား | ခင်မောင်ချင်း | ||
| ၁၉၈၀ | ချိုကြီး ချိုလေး | ညွန့်ဝင်း၊ လင်းထင် | ||
| ၁၉၈၀ | ဖေဖေ့သား | ကောလိပ်ဂျင်နေဝင်း | ||
| ၁၉၈၁ | သူရဲကောင်းလေးများ | ဇော်ဝမ်း | ||
| ၁၉၈၁ | ကံကောင်းလို့ခေါ်ပါ | ထွန်းထွန်းဝင်း | ||
| ၁၉၈၁ | မမေ့ဆယ်ကမ္ဘာ | ကျော်ဟိန်း | ||
| ၁၉၈၁ | လိုရာဆန္ဒပြည့်ပါစေ | အောင်အောင် | ||
| ၁၉၈၁ | ပုဝါနီနီ | ကျော်ဟိန်း၊ လင်းထင် | ||
| ၁၉၈၁ | ကြည်ပြာ | ထွန်းထွန်းဝင်း | ||
| ၁၉၈၂ | အချစ်သစ်ပင် | ကျော်ဟိန်း | ||
| ၁၉၈၂ | ချစ်ပါရဲ့လား မေးစမ်းချင် | ကျော်ဟိန်း | ||
| ၁၉၈၂ | ဝေလု | ဝင်းဦး၊ အေးမင်းဝင်း | ||
| ၁၉၈၂ | ရှံစားရဲ့ ရှံစား | အောင်အောင် | ||
| ၁၉၈၂ | ကိုကိုလူလည်ကြီး | ကျော်ဟိန်း | ||
| ၁၉၈၂ | ဒေါက်တာဖေငယ် | ညွန့်ဝင်း | ||
| ၁၉၈၂ | အရွယ် | ဇော်ဝမ်း၊ သုမောင် | ||
| ၁၉၈၂ | ဇော်ဆွဲ | အောင်အောင် | ||
| ၁၉၈၂ | ခိုင်ငြိမ်းအေး | အောင်အောင်၊ သုမောင် | ||
| ၁၉၈၂ | နှစ်ယောက်တည်းနေချင်တယ် | ဝင်းဦး၊ အေးမင်းဝင်း | ||
| ၁၉၈၃ | ချစ်တဲ့သူငယ်လေ | မောင်ရူပ | ||
| ၁၉၈၃ | သွေးသောက်ကျော်စွာ | အောင်အောင် | ||
| ၁၉၈၃ | မုန်းချင်သလောက်သာ မုန်းလိုက်စမ်း | အောင်အောင် | ||
| ၁၉၈၃ | ဟေ့ ချစ်ချစ် | စိန်မြင့် | ||
| ၁၉၈၃ | အလယ်လူ | ဆိုးပေ၊ မောင်မဲ | ||
| ၁၉၈၃ | ချစ်အိမ်ထဲက မိသားစု | ညွန့်ဝင်း | ||
| ၁၉၈၃ | လူသစ်စိတ်သစ် | ထွန်းထွန်းဝင်း | ||
| ၁၉၈၄ | ဂျက်မ | ကျော်ဟိန်း | ||
| ၁၉၈၄ | ဆန္ဒရဲ့မျှော်လင့်ချက် | ကျော်ဟိန်း | ||
| ၁၉၈၄ | ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ | တိုးညွန့် | ||
| ၁၉၈၄ | သဘင်သည် မဝင်ရ | ကောလိပ်ဂျင်နေဝင်း၊ စိန်မြင့် | ||
| ၁၉၈၅ | လူထဲကလူ | ကျော်ဟိန်း | ||
| ၁၉၈၅ | သစ္စာသည်သာ | စိုးသူ၊ ဇော်ဦး | ||
| ၁၉၈၅ | ရတနာကျွန်း | ကျော်သူ | ||
| ၁၉၈၅ | ပန်းကလေးများလို လန်းဆန်းပါစေ | ကျော်သူ | ||
| ၁၉၈၅ | သိန်း ၃၀ နှင့် လူစိမ်းတသိုက် | ကျော်သူ | ||
| ၁၉၈၅ | ဒီမျက်နှာလေးကိုချစ်တာ | ပြေငြိမ်း | ||
| ၁၉၈၇ | သားတို့မေမေ | စိုးသူ | ||
| ၁၉၈၇ | လူနောက် | ဇာဂနာ | ||
| ၁၉၈၇ | နွေဦးရောက်ပြီ ကိုကို | ရန်အောင်၊ လွှမ်းမိုး | ||
| ၁၉၈၇ | မုန်းစကားမဆိုနဲ့ မိမိမုန်း | ကျော်သူ | ||
| ၁၉၈၉ | အလွမ်းပြေပေါ့ ကိုကိုရယ် | ပြေငြိမ်း | ||
| ၁၉၈၉ | ဒိုး | ကျော်သူ | ||
| ၁၉၉၀ | မလိမ်မိုးမလိမ္မာ | ပြေငြိမ်း | ||
| အာသီသ | ||||
| ဘယ်သန်ညာသန် | ||||
| အိပ်မက်ထဲကလို အဖြစ်မျိုး | ||||
| မြတ်လေးရွှေဒါးဗိုလ် | ||||
| ရင်ထဲမှာသာတဲ့လ [၁] | ||||
| ၂၀၂၃ | ကျိုးပဲ့အိပ်မက်များ | ဝေး |
ပါဝင်ခဲ့သော ရုပ်သံဇာတ်လမ်းတွဲများ
[ပြင်ဆင်ရန်]| ထုတ်လွှင့်နှစ် | ဇာတ်လမ်းတွဲအမည် | ရုပ်သံလိုင်း | မှတ်ချက် |
|---|---|---|---|
| ၂၀၂၁ | နယူးအမ်စတာဒမ် [၂] | အန်ဘီစီ |
မိသားစုဘဝ
[ပြင်ဆင်ရန်]ဦးသက်ဝင်းနှင့် လက်ထပ်ရာ သား သိင်္ဂါမောင်သူရဝင်းနှင့် သမီး မေသန္ဒီနဝရတ်ဝင်း ထွန်းကားသည်။[၃] အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ တွင် မိသားစုနှင့်အတူ နေထိုင်သည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မေဝင်းမောင်
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ရင်ထဲမှာသာတဲ့လ (စ/ဆုံး) - မေဝင်းမောင်၊ လင်းအောင်၊ ခင်လေးဆွေ။ Mount-TV Channel။ ၂၀၂၃ ဒီ ၃၀။
- ↑ အမေရိကန် TV Series မှာ သရုပ်ဆောင်ခဲ့တဲ့ မေဝင်းမောင်။ Myanmar Celebrity။ ၂၀၂၁ အောက် ၂၁။
- ↑ သားဖြစ်သူကို ရန်ကုန်မှာ... 20 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .။ ပေါ်ပြူလာ။ အတွဲ ၁၃၊ အမှတ် ၁၂။ ၂၀၁၇ ဇူလိုင် ၁၀။