ကောလိယတိုင်း

ဝီကီပီးဒီးယား မှ

ကောလိယတိုင်း၊ ရာမဂါမမြို့ ကောလိယတိုင်းမှာ မြတ်စွာဘုရားလက်ထက်တော်၌ များစွာသော သုတ်, ဝိနည်း ဒေသနာတော်မြတ် ဟောကြားပညတ်တော်မူရာ ဌာနဖြစ်သည့်အပြင် ရှေးသာကိယဇာတ် ဖြစ်လတ်စဉ် အခါကလည်း သက္ကတိုင်း, ကောလိယတိုင်း, ဒေဝဒဟတိုင်း-ဟု သာကီဝင် ၃-တိုင်း ကွဲပြားလာခဲ့ကြကြောင်း ပိဋကတ် ကျမ်းဂန်များတွင် ထင်ရှားကုန်၏။ သို့ရာတွင် မြတ်စွာဘုရားလက်ထက်တော်၌မှာမူ ဒေဝဒဟတိုင်းသည် တိုင်းကစ်ခု အသီးအခြား မင်းများ အုပ်ချုပ်စိုးစံလျက်၎င်း၏မြို့တော်မှာ ရာမဂါမဖြစ်ကြောင်း မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ဓာတ်တော်များ တောင်းဆိုရာ၌—

၎င်းတို့လည်း မင်းမျိုးများဖြစ်ကြောင်း မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ရယူပူဇော်ထိုက်ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ လာသဖြင့် သာ၍ထင်ရှား၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)