ကူတူပါလောင် ဒုက္ခသည်စခန်း
ကူတူပါလောင် ဒုက္ခသည်စခန်း কুতুপালং শরনার্থী শিবির | |
---|---|
ကူတူပါလောင် ဒုက္ခသည်စခန်းအား အဝေးမှ မြင်ရပုံ (Photo taken by Maaz Hussain/VOA) | |
Country | ဘင်္ဂလားဒေ့ရှ် |
Division | စစ်တကောင်းပြည်နယ် |
District | ကော့ဘဇာ ခရိုင် |
လူဦးရေ (17 October 2017)[၁] | |
• စုစုပေါင်း | ၂၂,၂၄၁ (ပင်မစခန်း) ၅၄၇,၆၁၆ (တိုးချဲ့မြေ) |
ကူတူပါလောင် ဒုက္ခသည်စခန်း ( ဘင်္ဂါလီ: কুতুপালং শরনার্থী শিবির) သည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်း ဖြစ်သည်။ အိမ်နီးချင်း မြန်မာနိုင်ငံမှ လူမျိုးရေးနှင့် ဘာသာရေးပြဿနာများကြောင့် တိမ်းလာသော ရိုဟင်ဂျာ(အငြင်းပွားဖွယ် ဘင်္ဂါလီအသုံးအနှုန်း)တို့ နေသည်။ [၂] [၃] အစိုးရထိန်းသော ဒုက္ခသည်စခန်း ၂ ခုအနက် တခုဖြစ်သည်။ ကျန်တခုမှာ နာယာပါရာ ဒုက္ခသည်စခန်း ဖြစ်သည်။ [၄]
ကူတူပါလောင်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဥရောပယူနီယံ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဖင်လန် ၊ ဆွီဒင် အစိုးရများနှင့် အိုင်ကီယာ ဖောင်ဒေးရှင်းက ထောက်ပံ့သည်။ [၅] [၆]
သမိုင်း
[ပြင်ဆင်ရန်]စခန်းအနေဖြင့် တရားမဝင် ရှိနေသည်မှာ ၁၉၉၁ ခု ကတည်းက ဖြစ်သည်။ ပြည်သာယာ စစ်ဆင်ရေးဖြင့် တရားမဝင် နေထိုင်သူများကို တပ်မတော်က ရှင်းလင်းသည့်အခါ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ထိုနေရာသို့ ပြေးကြသည်။ [၇] [၈]
၂၀၁၇ ခု၊ ဇူလိုင်လကောက် စာရင်းအရ ကူတူပါလောင်နှင့် နာယာပါရာ စခန်းနှစ်ခုတွင် မှတ်ပုံတင်ထားသူ ၃၄၀၀၀ ခန့် ရှိသည်။ [၉] ၂၀၁၇ ခု၊ စက်တင်ဘာလတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်စခန်း ၂ ခု၏ စုစုပေါင်းလူဦးရေသည် ၇၇၀၀၀ ကျော်အထိ တိုးလာသည်ဟု ခန့်မှန်းခဲ့သည်။ [၁၀]
၂၀၁၉ ခု၊ စက်တင်ဘာလ ၁၅ ရက်တွင် တိုးချဲ့မြေရှိ လူများကိုပါ စာရင်းကောက်ရာ လူဦးရေစုစုပေါင်း ၆၁၃ ၂၇၂ ရှိ၍ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်လာသည်။ [၁၁]
တိုးချဲ့မြေမှာ ဆင်သွားလမ်းတွင် ရှိနေသဖြင့် အာရှဆင်တို့ ရန်ပြုသည်လည်း ရှိသည်။ [၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "How Suu Kyi sees the Rohingya crisis"၊ BBC News၊ 25 January 2018။ 26 January 2018 တွင် ပြန်စစ်ပြီး။
- ↑ The young and the hopeless in Bangladesh's camps (in en)။ United Nations High Commissioner for Refugees။ 14 July 2017 တွင် ပြန်စစ်ပြီး။
- ↑ "Rohingya huddled in Bangladesh camps fear plan to move them on"။ 14 July 2017 တွင် ပြန်စစ်ပြီး။
- ↑ Stories from the Rohingya Camps in Bangladesh။ 14 July 2017 တွင် ပြန်စစ်ပြီး။
- ↑ Diary book - 12 May 2014 - Our work at the Refugee camps near Coxs bazaar။ Ikea foundation။ 8 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Vital UNHCR aid arrives in Cox’s Bazar, additional emergency staff deployed။ UNHCR။ 8 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Bangladesh: Rohingya refugees moved from Kutupalong camp to new site။ UNHCR။ 8 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Workign at the Rohingya camp။ Blog - IKEA Foundation။ 8 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Shelter urgently needed for Rohingya fleeing Myanmar violence (in en)။ United Nations High Commissioner for Refugees။ 21 December 2017 တွင် ပြန်စစ်ပြီး။
- ↑ "Rohingya influx strains camp resources in Bangladesh" (in en)၊ United Nations High Commissioner for Refugees။ 4 October 2017 တွင် ပြန်စစ်ပြီး။
- ↑ Population Map : UNHCR, Bangladesh, Cox's Bazar။ United Nations High Commissioner for Refugees။ 11 October 2019 တွင် ပြန်စစ်ပြီး။
- ↑ Why Elephants Pose A Threat To Rohingya Refugees။ 2019-04-17 တွင် ပြန်စစ်ပြီး။