ကလွင်ရွာ၊ မြိတ်မြို့နယ်
ကလွင်ရွာ(အင်္ဂလိပ်: Kalwin)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု (Ka Lwin)၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177461 ဖြစ်သည်။ ကလွင်၊ စန္ဒဝတ်တာ အပိုင်း(က) အရှည်ပေ ၃၂၀၀၀ ရှိ ရေငန်တားတာ ဖြစ်ကာ၊ လယ်ဧက ၉၈၃ ကို အကျိုးပြုသည်။ အပိုင်း(ခ)မှာ ပေ ၁၃၀၀၀ ရှည်၍ ၅၃၆ ဧကကို အကျိုးပြုသည်။ အပိုင်း(ဃ)မှာ ပေ ၁၆၁၅၀ ရှည်ကာ၊ လယ် ၁၈၈၆ ဧကကို အကျိုးပြုသည်။ ကျန်သုံးတာကဲ့သို့ သမုတ်မြစ်တွင် တမံတုတ်ထားခြင်း မဟုတ်ဘဲ၊ အပိုင်း(ဂ) ရေငန်းတားတာသည် ကျောက်ဖျာမြစ်တွင် တုတ်ထားပြီး ပေ ၅၃၀၀ ရှည်သည်။ လယ်ဧက ၄၁၅ ကို အကျိုးပြုသည်။ ပါဝါပွိုင့် အပန်းဖြေနေရာ ရှိသည်။ မြိတ်တက္ကသိုလ်သည် ၈၅ ဧက ကျယ် မြေပေါ်တွင် တည်ရှိပြီး၊ ဆရာ/မ ၁၈၀ ကျော်၊ ကျောင်းသား/သူ ၄၄၀၀ ကျော် တက်ရောက်နိုင်သည်။ မြေ ၂ ဧက ကျယ် အလကခွဲ (ကလွင်)တွင် ကျောင်းသား/သူ ၆၀၀ ကျော်၊ ဆရာ/မ ၂၀ နီးပါး ရှိသည်။ ကလွင်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းလည်း ရှိသည်။ သံသရာအေး ဘကကျောင်း ရှိသည်။ ပေါ်တော်မူစေတီသည် ဂေါက်ကွင်းထဲတွင် တည်ထားသည်။ ၁၈ တောင် ရပ်တော်မူဘုရား၊ နဂါးရုံဘုရားတို့သည် ဤကျေးရွာအုပ်စု၌ ရှိသည်။ ကလွင်ကျေးရွာအုပ်စု တစုလုံးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၄၅၀၅ ရှိပြီး၊ လူဦးရေစုစုပေါင်း ၂၃၃၅၆ ဦးနေထိုင်သည်။ [၁] [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes) | MIMU။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2020 တွင် ပြန်စစ်ပြီး။
- ↑ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိတ်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ စက်တင်ဘာ ၂၀၁၉။ ၂၁ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
| ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |