မာတိကာသို့ ခုန်သွားရန်

ကချင်ကာကွယ်ရေးတပ်ဖွဲ့

ဝီကီပီးဒီးယား မှ
ကချင်ကာကွယ်ရေးတပ်ဖွဲ့
Kachin Defense Army
ခေါင်းဆောင်များမထုနော်[]
စတင်လှုပ်ရှားခြင်း၁၉၆၁ (၁၉၆၁)–ဇန်နဝါရီ ၂၀၁၀ (၂၀၁၀-၀၁)
ဌာနချုပ်ကောင်းခါးရွာရှမ်းပြည်နယ်
လှုပ်ရှားနယ်မြေရှမ်းပြည်နယ်
နိုင်ငံရေးအယူဝါဒကချင်အမျိုးသားရေး
မဟာမိတ်မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ
ပြိုင်ဘက်များ ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (၁၉၈၈ အထိ)

Union of Burma (၁၉၆၂ အထိ)
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခ
အလံ

ကချင်ကာကွယ်ရေးတပ်ဖွဲ့ (အင်္ဂလိပ်: Kachin Defense Army; အတိုကောက် KDA) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်တိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကချင်ကာကွယ်ရေးတပ်ဖွဲ့သည် ယင်း၏ မိခင်အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ မှ မခွဲထွက်မီက ကချင်လွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ ၄ ဖြစ်သည်။ ခွဲထွက်ပြီးနောက် ဌာနချုပ်ကို ရှမ်းပြည်နယ်ကွတ်ခိုင်မြို့နယ်ရှိ ကောင်းခါးရွာသို့ ပြောင်းရွှေ့ခဲ့သည်။[] မုန်းတိုင်းတပ် ပြိုကွဲသွားပြီးနောက် မုန်းတိုင်းတပ်၏ နယ်မြေဒေသများကို ကချင်ကာကွယ်ရေးတပ်ဖွဲ့က ရရှိခဲ့သည်။[]

၂၀၁၀ ခုနှစ်တွင် ကချင်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာနိုင်ငံ အစိုးရဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကမ်းလှမ်းချက်ကို လက်ခံကာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့သည်။ ကမ်းလှမ်းချက်သည် ကချင်ကာကွယ်ရေးတပ်ဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ကချင်လူမျိုးများ၏ လုံခြုံရေးအတွက် ဖြစ်သော်လည်း တပ်ဖွဲ့၏ အဖွဲ့ဝင် ၁,၅၀၀ အား လက်နက်ချစေခဲ့သည်။ ကချင်ကာကွယ်ရေးတပ်ဖွဲ့၏ လက်နက်ကြီးများနှင့် မော်တာများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ အပ်နှံခဲ့သည်။ တပ်ဖွဲ့ကို အဖွဲ့ဝင် ၁၀၀ ပါဝင်သော အဖွဲ့ငယ် နှစ်ခုအဖြစ် ခွဲထုတ်ခဲ့သည်။[]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 "Burmanet » Kachin News Group: KDA transformed to militia groups by Burma junta"၊ www.burmanet.org 22 January 2016 တွင် ပြန်စစ်ပြီး Archived from the original on 27 January 2016။
  2. Kachin Defense Army 9 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2018 တွင် ပြန်စစ်ပြီး။