ကကူရံ

ဝီကီပီးဒီးယား မှ
Fourfinger threadfin
Eleutheronema tetradactylum
မသတ်မှတ်ရသေး (IUCN 3.1)(Global)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Perciformes
မျိုးရင်း: Polynemidae
မျိုးစု: Eleutheronema
မျိုးစိတ်:
E. tetradactylum
ဒွိနာမ
Eleutheronema tetradactylum
(Shaw, 1804)
Synonyms[၂]
  • Polynemus tetradactylus Shaw, 1804
  • Polynemus teria Hamilton, 1822
  • Polynemus coecus Macleay, 1878

ကကူရံသည် ပင်လယ်ငါးမျိုးဖြစ်၍ ရခိုင်ပြည်နယ်ဖက်တွင် ငလက်ခွာဟုလည်းကောင်း၊ ထားဝယ်ဖက်၌ ငကွဲယင်ဟုလည်းကောင်း၊ မြိတ်ဘက် ကျွဲယင်ဟု တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ ကကူရံသည် ငပုဏ္ဏားနှင့်အတူ 'ပေါ်လီနီမီဒို' မျိုးရင်းတွင် ပါဝင်၍၊ ဤငါးနှစ်မျိုးလုံးပင် မြန်မာနိုင်ငံ၌ လူကြိုက်များသဖြင့် အရောင်းရ တွင်ကျယ်လေသည်။ ကော်လုပ်ရန် စည်ဖောင်းရသော ပင်လယ်ငါးကြီးတစ်မျိုးဖြစ်သည်။


ကကူရံသည် ခြောက်ပေကျော်ကျော်အထိ ရှည်နိုင်သည်။ နှာယောင်ပွ၍ ဝိုင်းသည်။ မျက်လုံးကြီးသည်။ ပါးစပ်ကြီး၍ ပါးစပ်ပေါက်နက်သည်။ ကျောဆူးတောင်နှစ်ခုပါ၍ ထင်ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်းမျိုး ဖြစ်သည့် အကြေးများမှာ သေးငယ်၍ ထောင်လိုက်ပေါက်သော ဆူးတောင်ဖျားအထိပင် ဖုံးအပ် နေတတ်သည်။ ဤငါး၏ အရောင် မှာ အစိမ်းနှင့်ငွေရောင် ရောစပ်ထားသောအရောင်မျိုးဖြစ်၍ကိုယ်နံဘေး နှင့်ဝမ်းပိုက်ပိုင်းတွင် ဖြူဝါရောင်သို့ ပြောင်းသွား သည်။ ကျောနှင့်အမြီးဆူးတောင်ထိပ်များတို့မှာမည်း၍ သေးငယ်သော အမည်းပြောက်ကလေးများပါသည်။ ဝမ်းနှင့်စအို ဆူး တောင်တို့၏ အနားတစ်လျောက်မှာ အဝါနု ရောင်သန်းနေ၏။

ပါးဟက်ဖုံးပေါ်တွင် အမည်းကွက်တစ်ခုစီပါရှိသည်။ ကကူရံကို အဆိပ်အတောက်ကင်းသည်ဆိုကာ လူဖျားလူနာများ စားသုံး နိုင်သော ငါးမျိုးစာရင်းတွင် ထည့်သွင်းထားသည်။ ကကူရံကို မြန်မာနိုင်ငံပင်လယ်မှ အမြောက်အမြား ဖမ်းဆီးရမိလေ့ ရှိသည့် အတိုင်း၊ လတ်လတ်ရောင်းချရန်ထက် ပိုလျှံနေသော ငါးများကို ငါးပုပ်ခြောက်များ ငါးခြောက်များပြုလုပ်၍ ရောင်းချစားသောက် လေ့ရှိကြသည်။ ကကူရံခြောက်ကို မီးဖုတ်ပြီး ဆီစိမ်ထားကာ စားသုံးနိုင်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. "Eleutheronema tetradactylum https://www.iucnredlist.org/species/46087646/57168342#assessment-information" . IUCN Red List of Threatened Species. IUCN. 
  2. Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2020 ခုနှစ်)။ "Eleutheronema tetradactylum" ဆိုင်ရာ FishBase ၏ 2020 ခုနှစ် Decemberလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)