ငါးပုဏ္ဏား
ပုံပန်းသွင်ပြင်
(ငပုဏ္ဏား မှ ပြန်ညွှန်းထားသည်)
Polynemus paradiseus | |
---|---|
preserved specimen Pakistan | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Perciformes |
မျိုးရင်း: | Polynemidae |
မျိုးစု: | Polynemus |
မျိုးစိတ်: | P. paradiseus
|
ဒွိနာမ | |
Polynemus paradiseus Linnaeus 1758
| |
Synonyms[၂] | |
ငါးပုဏ္ဏားကို ပါဏဗေဒအရ 'ပိုလီနီမပ် ပါရာဒီစိအပ်(Polynemus paradiseus)'ဟု ခေါ်သည်။ ငါးပုဏ္ဏားသည် မြန်မာနိုင်ငံတွင် ဟင်းလျာအဖြစ် အသုံးများသော ပင်လယ်ငါးမျိုး ဖြစ်၏။ ကိုယ်ပြား၍ အမြီး ပိုင်းကျဉ်း၏။ မျက်စိငယ်၏။ နှာတံဝိုင်း၍ ကျယ်ပြန့်၏။ ပါးစပ်ပေါက်ကျယ်၏။ အမြီးခွစောက်နက်၏။ ရင်ဆူးတောင်ရှိ ဆူးမျှင်များသည် တစ်ခုနှင့်တစ်ခု ဆက်နေကြသည်။ ထိုဆူး တောင်ရင်း၌ ဆူးမျှင်အလွတ် ၇ ချောင်းရှိသည်။ ထိုဆူးမျှင်များ အနက် အပေါ်ဆုံး ၃ မျှင်သည် အသန်ဆုံးနှင့် အရှည်ဆုံး ဖြစ်သည်။ ယင်းတို့သည် ငါးကိုယ်ထက်ပင် နှစ်ပြန်လောက် ရှည်ကြသည်။ ကိုယ်လုံး၌ ရွှေရောင်ရှိ၍ ကျောပိုင်းတွင် မွဲပြာ ရောင်သန်းနေ၏။ ဆူးတောင်ရောင်မှာလည်း ရွှေရောင်ပေါက်နေကြသည်။ ငါးပုဏ္ဏား၏ ကိုယ်အရှည်မှာ ၉ လက်မခန့်အထိ ရှိသည်။[၂] ထိုငါးမှာ အရသာရှိ၍ အသားနူးညံ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Polynemus paradiseus" (2018). IUCN Red List of Threatened Species 2018. IUCN. doi: .
- ↑ ၂.၀ ၂.၁ Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2019 ခုနှစ်)။ "Polyemus paradiseus" ဆိုင်ရာ FishBase ၏ 2019 ခုနှစ် Decemberလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကဏ္ဍများ:
- IUCN အနီရောင်စာရင်းရှိ မျိုးသုဉ်းရန်အန္တရာယ်နည်းပါးသော မျိုးစိတ်
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသောငါး
- အိန္ဒိယနိုင်ငံတွင် တွေ့ရသောငါး
- ပါကစ္စတန်နိုင်ငံတွင် တွေ့ရသောငါး
- ထိုင်းနိုင်ငံတွင် တွေ့ရသောငါး
- ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရသောငါး
- မြန်မာနိုင်ငံတွင် တွေ့ရသောငါး
- လာအိုနိုင်ငံတွင် တွေ့ရသောငါး
- ဗီယက်နမ်နိုင်ငံတွင် တွေ့ရသောငါး
- နီပေါနိုင်ငံတွင် တွေ့ရသောငါး
- ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ရသောငါး
- အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသောငါး
- သီရိလင်္ကာနိုင်ငံတွင် တွေ့ရသောငါး
- ငါး ဆောင်းပါးတိုများ