ဥရှနာရာယန်း

ဝီကီပီးဒီးယား မှ
ဥရှနာရာယန်း
တင့်တင့်
ဘယ်မှညာသို့: ဥရှ, ကေအာ နာရာယန်း, Lyudmila Putina နှင့် ဗလာဒီမီယာ ပူတင် (3 October 2000)
အိန္ဒိယ သမ္မတကတော်
တာဝန်ထမ်းဆောင်
25 July 1997 – 25 July 2002
ယခင်လူVimala Sharma
ဆက်ခံသူDevisingh Ransingh Shekhawat
အိန္ဒိယ ဒုတိယ သမ္မတကတော်
တာဝန်ထမ်းဆောင်
21 August 1992 – 24 July 1997
ယခင်လူVimala Sharma
ဆက်ခံသူShreemathi Suman
ကိုယ်ရေး အချက်အလက်များ
မွေးဖွားတင့်တင့်
၁၉၂၃
ရမည်းသင်းမြို့, မြန်မာ
ကွယ်လွန်Did not recognize date. Try slightly modifying the date in the first parameter. (အသက် ၈၄)
Rajendra Nagar, Delhi, အိန္ဒိယနိုင်ငံ
နိုင်ငံသားအိန္ဒိယ
ကြင်ဖော်(များ)K. R. Narayanan (လက်ထပ် ၁၉၅၁; ဆုံး ၂၀၀၅)
သားသမီးChitra Narayanan
Amrita Narayanan

ဥရှနာရာယန်း (ဗမာနာမည် ဒေါ်တင့်တင့်) သည် ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အိန္ဒိယနိုင်ငံ၏ သမ္မတကတော် ဖြစ်ခဲ့သည်။ သူသည် အိန္ဒိယနိုင်ငံ၏ ဆယ်ဦးမြောက် သမ္မတ ကေ အာ နာရာယန်း နှင့် အိမ်ထောင်ပြုခဲ့သည်။ ဒေါ်တင့်တင့်သည် အိန္ဒိယသမိုင်းတွင် ဒုတိယမြောက် နိုင်ငံခြားသူ သမ္မတကတော် ဖြစ်သည်။ သမ္မတကတော် ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံ၏ လုပ်ငန်းများတွင် အရေးပါသော နေရာမှ ဦးစီးပါဝင် လှုပ်ရှားခဲ့သည်။[၁]

ဒေါ်တင့်တင့် သည် ၁၉၂၃ ခုနှစ်တွင် ရမည်းသင်းမြို့၌ မွေးဖွားခဲ့သည်။[၂] ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်တက္ကသိုလ် မြန်မာဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၂] နိုင်ငံတော်၏ ထောက်ပံ့မှု အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံဒေလီ လူမှုဖူလုံရေးပညာကျောင်း သို့ နိုင်ငံခြား ပညာတော်သင် သွားရောက်ခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ရယူခဲ့သည်။[၂]

ကေ အာ နာရာယန်းသည် ရန်ကုန်မြို့တွင် အလုပ်လုပ်နေစဉ် ဒေါ်တင့်တင့်နှင့် ဆုံတွေ့ခဲ့ကြပြီး ၁၉၅၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် အိမ်ထောင်ပြုခဲ့ကြသည်။ နာရာယန်းသည် လက်စ်ကီ၏ ကျောင်းသားတစ်ယောက်ဟု သတင်းကြားသောကြောင့် နိုင်ငံရေး လွတ်လပ်ခွင့်နှင့် ပတ်သက်သော အကြောင်းအရာများ ဆွေးနွေးနိုင်ရန် သွားရောက် မိတ်ဆက်စကား ပြောခဲ့ရာမှ နှစ်ဦးသား ခင်မင်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ လက်ထပ်ခွင့်ကို သမ္မတ နေရူးမှ အထူးခွင့်ပြုချက်ဖြင့် ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က နာရာယန်းသည် IFS တွင် တာဝန်ထမ်းဆောင်နေပြီး ဒေါ်တင့်တင့်မှာ နိုင်ငံခြားသူ ဖြစ်သောကြောင့် ဥပဒေအရ လက်ထပ်ခွင့် မရှိပေ။ ထိုနောက် ဒေါ်တင့်တင့်သည် ဥရှ ဟူသော အိန္ဒိယနာမည် မှည့်ခေါ်ပြီး အိန္ဒိယနိုင်ငံသား အဖြစ် ခံယူသွားခဲ့သည်။

ဥရှနာရာယန်းသည် အမျိုးသမီးများနှင့် ကလေးများအတွက် လူမှုဖူလုံရေး အစီအစဉ် အများအပြားကို လုပ်ဆောင်ပေးခဲ့ပြီး ဒေလီ လူမှုဖူလုံရေးပညာကျောင်းမှ မဟာဝိဇ္ဇာဘွဲ့များကို ရယူခဲ့သည်။[၃] သူသည် မြန်မာဝတ္ထုတိုများစွာကို အိန္ဒိယဘာသာ ပြန်ဆိုခဲ့ပြီး သိန်းဖေမြင့်၏ ဝတ္ထုများကိုလည်း ဘာသာပြန်၍ အချိုနှင့်အချဉ် ဟူသော နာမည်ဖြင့် ၁၉၉၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

သူတို့တွင် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ Chitra Narayanan (Switzerland နှင့် The Holy See ၏ အိန္ဒိယသံအမတ်[၄] နှင့် Amrita တို့ ဖြစ်ကြသည်။

ဥရှနာရာယန်းသည် အသက် ၈၆ နှစ်အရွယ် ၂၀၀၈ ခုနှစ် ဇန္နဝါရီလ ၂၄ ရက် ညနေ ၅ နာရီခွဲတွင် Sir Ganga Ram ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Mathew၊ Liz။ "The first ladies of Rashtrapati Bhavan"၊ Live Mint၊ 25 July 2012။ 24 July 2015 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ "Former President's wife Usha Narayanan passes away"၊ Outlook India၊ 24 January 2008။ 24 July 2015 တွင် ပြန်စစ်ပြီး 
  3. "Her Excellency Tin Tin"၊ 2 July 2013။ 25 February 2013 တွင် ပြန်စစ်ပြီး 
  4. Chitra Narayanan concurrently accredited Ambassador to Holy See။ News.oneindia.in (7 August 2008)။ 9 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2012 တွင် ပြန်စစ်ပြီး။
  5. "Ex-First Lady Usha Narayanan dies at 86"၊ The Indian Express၊ 25 January 2008။ 24 July 2015 တွင် ပြန်စစ်ပြီး