အလက်ဇန်ဒရိုဗိုလတာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အလက်ဇန်ဒရိုဗိုလတာ
Volta A.jpg
မွေးနေ့ ၁၈ ဖေဖော်ဝါရီ ၁၇၄၅
ကွယ်လွန် ၅ မတ် ၁၈၂၇ (အသက် ၈၂ နှစ်)
မွေးဖွားရာဒေသ ကိုမိုအီတလီနိုင်ငံ
ထင်ရှားသည့်နယ်ပယ် ရူပဗေဒဓာတုဗေဒ
လူသိများခြင်းမှာ ဘက်ထရီအိုးတည်ထွင်မှု၊

သဘာဝဓာတ်ငွေ့တွေ့ရှိမှု၊ ဗို့

ကောင့် အလက်ဆန်ဒရို ဂူဆပ်ပီ အန်တိုနီယို အနာစတာစီယို ဂျီယိုလာမို အမ်ဘတ်တို ဗိုလတာ (၁၇၄၅-၁၈၂၇) သည် အီတလီလူမျိုး ရူပဗေဒ ပညာရှင်ဖြစ်သည်။ ၁၈၀၀ ဝန်းကျင်တွင် ဓာတ်အိုး(ဘက်ထရီ) ကိုတည်ထွင်မှုဖြင့် လူသိများခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ဗိုလတာ ကို အီတလီနိုင်ငံ၊ ကိုမိုမြို့ တွင်မွေးဖွားခဲ့ပါသည်။ ၁၇၇၄ခုနှစ်တွင် ကိုမိုတော်ဝင်ကျောင်းတွင် ရူပဗေဒ ပါမောက္ခ ဖြစ်လာခဲ့သည်။ နောက်တစ်နှစ်ကြာ ၁၇၇၅တွင် လျှပ်ငြိမ်ထုတ်လုပ်သည့် ကိရိယာ အီလက်ထရိုဖိုးရပ်(စ်) ကိုရှိရင်းစွဲ များထက် စွမ်းဆောင်ရည်မြင့်မားသည့် ကိရိယာကိုပြုလုပ်နိုင်ခဲ့သည်။ ဗိုလတာ၏ ဘဝတွင် သူ၏တီထွင်ခဲ့သော ကိရိယာများနှင့် ပတ်သက်ပြီး ရာထူးအကြိမ်ကြိမ်တက်ခြင်း၊ ချီးမွမ်းထောမနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ကျင်လည်ခဲ့ရသည်။ ၁၇၆၂နှစ်တွင် ဗိုလတာကြံဆခဲ့သည့် အီလက်ထရိုဖိုးရပ်(စ်) ကိရိယာ ကဲ့သို့ပင် အလုပ်လုပ်နိုင်သည့် ကိရိယာတစ်မျိုးကို ဆွီဒင်လူမျိုး ပါမောက္ခ ဂျိုဟန်းဝီလ်ကီ ကဖော်ပြခဲ့ဖူးသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။

၁၇၇၆-၁၇၇၇ နှစ်များတွင် ဗိုလတာသည် ဓာတ်ငွေ့တို့နှင့်ပတ်သက်သည့် ဓာတုဗေဒ ပညာရပ်ကို ဆည်းပူးခဲ့သည်။ စိမ့်မြေ တို့မှ ဓာတ်ငွေ့များကို စုဆောင်းလေ့လာရင်းမှ မီသိန်းဓာတ်ငွေ့ (သဘာ၀ဓာတ်ငွေ့) ကိုတွေ့ရှိခဲ့သည်။ ထိုနောက် မီသိန်းဓာတ်ငွေ့ကို လျှပ်စစ်မီးပွားများနှင့် မီးရှို့စမ်းသပ်သည့် စမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့သည်။ လျှပ်သိုခြင်း (Capacitance) ကိုလည်း လေ့လာခဲ့သည်။ ဗိုလတာသည် ပိုတင်ရှယ်ခြားနားခြင်းနှင့် လျှပ်စစ်ဓာတ်ဆောင်အမှုန်များ၏ ဆက်စပ်မှုကိုတွေ့ရှိခဲ့သည်။ ယင်းကို ဗိုလတာ၏လျှပ်သိုမှု ဥပဒေသ (Volta 's Law of capacitance) ဟုခေါ်သည်။ ယင်းတွေ့ရှိချက်ကို ဂုဏ်ပြုသောအားဖြင့် ပိုတင်ရှယ်ခြားနားခြင်း၏ ယူနစ်ကို ဗို့ ဟု ခေါ်ဆိုခဲ့သည်။ ၁၇၇၉တွင် ပါဗီးယားတက္ကသိုလ် စမ်းသပ်လေ့လာဆဲ ရူပဗေဒဌာန တွင် ပါမောက္ခ ဖြစ်လာခဲ့သည်။ ထိုရာထူးဖြင့်ပင် ၂၅နှစ်နီးပါး အမှုထမ်းခဲ့သည်။ ထို့နောက် အနွယ်တော်ထဲမှ ထရီစာပါရီဂရီနီ အမည်ရှိမိန်းကလေး တစ်ဦးနှင့် ၁၇၉၄တွင်လက်ထပ်ထိမ်းမြားခဲ့သည်။ သား ၃ဦးထွန်းကားခဲ့သည်။

ဗိုလတာ နှင့် ဂယ်လ်ဗနီ[ပြင်​ဆင်​ရန်​]

လျူဂီဂယ်လ်ဗနီ

လျူဂီဂယ်လ်ဗနီ သည် ဖားတစ်ကောင်၏ ခြေထောက်တစ်ဘက်တစ်ချက်စီတွင်မျိုးမတူသော သတ္တဳ များကို တန်းဆက်ချိတ်ဆွဲစေခြင်းဖြင့် သတ္တဝါလျှပ်စစ် (Animal Electricity) ကိုတွေ့ရှိခဲ့သည်။ ၄င်းစမ်းသပ်မှုတွင် ဖား၏ခြေထောက်သည် လျှပ်ကူးပစ္စည်း အဖြစ်လုပ်ဆောင်ချက်ကို ဗိုလတာ သတိထားမိသည်။ ထို့နောက် ဗိုလတာသည် ဖား၏ခြေထောက်တွင် ဆားရည်စိမ်ထားသော စက္ကဴ ကိုကပ်ကာ လျှပ်စစ်စီးဆင်းမှုကိုလေ့လာခဲ့ပါသည်။ ထိုကဲ့သို့လေ့လာစူးစမ်းမှုကြောင့် လျှပ်စစ်ဓာတုဗေဒ အပါအဝင် ဂယ်လ်ဗနစ်ဆဲလ် (Galvanic Cell) ၏ Electromotive Force (emf) အစရှိသည်တို့ကိုလည်း လေ့လာတွေ့ရှိခဲ့ပါသည်။

Zn-Cu galvanic cell

ဂယ်လ်ဗနစ်ဆဲလ် မျိုးမတူသော သတ္တဳ လျှပ်ခေါင်း နှစ်ခုပါဝင်၍ ၄င်းတို့ကို လျှပ်လိုက်ရည်ဖြင့် ခွဲခြားထားပါသည်။ ၄င်းကို ဗိုလတာ၏ လျှပ်စစ်ဓာတုဗေဒ နိယာမ ဟုခေါ်သည်။ Zn-Cu galvanic cell ဟူသောပုံကိုကြည့်ပါ။ ၁၈ဝဝခုနှစ်တွင် ပထမဆုံးသော ဓာတ်ခဲနှင့်တူသည့် ဘက်ထရီတစ်မျိုးဖြစ်သော ဗိုလတာအစ်ပိုင်လ် ခေါ် Voltaic Pile ကိုတီထွင်ခဲ့သည်။ ၄င်းသည် တည်ငြိမ်သော လျှပ်စီးကြောင်း ကိုထုတ်ပေးနိုင်စွမ်းရှိသည်။ ဗိုလတာသည် ဓာတ်အိုးများပြုလုပ်ရာတွင် မတူညီသော သတ္တဳလျှပ်ခေါင်း နှစ်ခုကိုအသုံးပြုရမည်ဖြစ်ရာ ထို သတ္တဳ သည် ငွေ (Silver) နှင့် သွပ် (Zinc) တို့သည် အကောင်းဆုံးသော သတ္တဳ များပင်ဖြစ်နိုင်သည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။

ပထမဆုံးသော ဘက်ထရီ[ပြင်​ဆင်​ရန်​]

ဗိုလတာသည် အဝေးထိန်းစနစ်ဖြင့် အဝေးမှနေ၍ လှမ်း၍ ပစ်နိုင်သော ပစ္စတို သေနတ်ကိုလည်းတီထွင်နိုင်ခဲ့ပါသည်။ Leyden jar ခေါ်ကိရိယာ တစ်မျိုးမှနေ၍ လျှပ်စီးကြောင်းကို ကိုဘိုမှမီလန်မြို့သို့ ဝါယာကြိုးဖြင့်ပေးပို့ကာ သေနတ်မောင်းကိုဖြုတ်နိုင်ရန်ပြုလုပ်ထားပါသည်။ မြေကြီးနှင့်ဝါယာကြိုးကြား လျှပ်ကာပစ္စည်း အဖြစ် သစ်သားပြားများကို အသုံးပြုထားပါသည်။ ထိုကဲ့သို့အသုံးပြုသည့် စနစ်သည် ကြေးနန်းဆက်သွယ်ရေး၏ ရှေ့ပြေးဖြစ်သည်။ ဗိုလတာတီထွင်ခဲ့သော ဘက်ထရီသည်လည်း ကမ္ဘာ႕ ပထမဆုံးသော လျှပ်စစ်ဓာတုဗေဒ ဓာတ်အိုး (ဘက်ထရီ) ဖြစ်သည်။ ၄င်းတွင်လျှပ်ခေါင်းနှစ်ခုပါဝင်သည့်အနက် တစ်ခုမှာ သွပ်ဖြင့်ပြုလုပ်ထား၍ တစ်ခုမှာ ကြေးနီ (Copper) ဖြင့်ပြုလုပ်ထားသည်။ လျှပ်လိုက်ရည်မှာ ဆာလဖျူရစ်အက်ဆစ် သော်၄င်း၊ဆားနှင့်ရေသော်၄င်း ဖြစ်နိုင်သည်။ လျှပ်လိုက်ရည်သည် 2H+ နှင့် SO42− အနေအထားနှင့်တည်ရှိနေပါသည်။

အောက်ပါဓာတ်ပြုမှု ကိုဖြစ်ပေါ်စေပါသည်။

zinc
Zn Zn2+ + 2e
sulfuric acid
2H+ + 2e H2

ကြေးနီသည်ထိုဓာတ်ပြုမှု များတွင်ပါဝင်ခြင်းမရှိချေ။ ကြေးနီသည် ဓာတ်ပြုမှုဖြစ်ပေါ်စေရန် လျှပ်ခေါင်းတစ်ခုအဖြစ် ဆောင်ရွက်ရုံမျှသက်သက်သာ ဖြစ်သည်။ ၄င်းဓာတ်အိုးတွင်အားနည်းချက်များရှိပါသည်။ ဥပမာအားဖြင့် ဆာလဖျူရစ်အက်ဆစ်၊ အပျော့စားပင်ဖြစ်နေစေကာမူ ကိုင်တွယ်ထိတွေ့ရန် လွန်စွာခက်ခဲပြီး၊ အန္တရာယ် လွန်စွာများပါသည်။ ကိုလည်းဖြစ်ပေါ်စေပါသည်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သည် ထွက်ခွာသွားခြင်းမရှိသောကြောင့် ပိုစွန်းဖြစ်ခြင်း (Polarization) ကိုဖြစ်ပေါ်စေပါသည်။

ဗိုလတာ၏ နောက်ဆုံးနေ့ရက်များ[ပြင်​ဆင်​ရန်​]

ဗိုလတာ၏ လုပ်ဆောင်ချက်များနှင့် တီထွင်မှု များကို နှစ်ထောင်းအားရသည့်အတွက် နပိုလီယံမှ ၁၈၀၁ခုနှစ်တွင် ဂုဏ်ပြုခဲ့သည်။ ဗိုလတာသည် ၁၈၁၉တွင် အလုပ်မှအနားယူခဲ့ပြီး၊ ကန်မ်နဂိုရှိစံအိမ်တော်သို့ပြန်လာခဲ့သည်။ ၁၈၂၇ မတ်လ ၅ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။

အကိုးအကား[ပြင်​ဆင်​ရန်​]

English Wikipedia မှ ဆောင်းပါး Alessandro Volta (1745-1827) ကိုမှီငြမ်းရေးသား၊ သင့်လျော်အောင်ဘာသာပြန်ဆိုသည်။