အမှတ် (၂) အာရှအဝေးပြေးလမ်းမ

ဝီကီပီးဒီးယား မှ
အဓိက လမ်းဆုံများ
အရှေ့ဘက် အဆုံး:အင်ဒိုနီးရှားနိုင်ငံဒန်ပါဆာမြို့
အနောက်ဘက် အဆုံး:အီရန်နိုင်ငံ ခိုဆရာဗီ

အမှတ် (၂) အာရှအဝေးပြေးလမ်းမကြီး (အင်္ဂလိပ်: Asian Highway 2 - AH2) သည် အာရှတိုက်အတွင်းရှိနိုင်ငံများမှ အဝေးပြေးလမ်းများကို ချိတ်ဆက်ထားသော အဝေးပြေးလမ်းမကြီးဖြစ်သည်။ စုစုပေါင်း ၁၃,၁၀၇ ကီလိုမီတာ (၈,၁၄၄မိုင်) ရှည်လျားကာ အာရှအဝေးပြေးလမ်းမများကွန်ယက်တွင် ပါဝင်သော လမ်းဖြစ်သည်။ AH1 နှင့်မတူညီသည်မှာ အာရှတိုက်အရှေ့တောင်ပိုင်းရှိ ကျွန်းနိုင်ငံဖြစ်သော အင်ဒိုနီးရှားနှင့် ချိတ်ဆက်ထားသည်။ အရှေ့ဘက်တွင် အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့မှ အစပြုကာ အနောက်ဘက်တွင် အီရန်နိုင်ငံ ခိုဆရာဗီတွင် အဆုံးသတ်သည်။ ထို့နောက် အာရပ်နိုင်ငံများ အဝေးပြေးလမ်းမများကွန်ယက် နှင့် ချိတ်ဆက်သည်။ အင်ဒိုနီးရှားနှင့် စင်ကာပူအကြားတွင် ရေကြောင်းခရီးဖြင့်သာ ဆက်သွယ်နိုင်သည်။

လမ်း​ကြောင်းများ[ပြင်ဆင်ရန်]

  • – ၁၃,၁၇၇ km (၈,၁၈၈ mi): ဒန်ပါဆာမြို့ အင်ဒိုနီးရှားနိုင်ငံ – ခိုဆရာဗီ အီရန်နိုင်ငံ
    • အီရန်နိုင်ငံ Khosravi – Hamadan – Saveh – Salafchegan (– Tehran) – Yazd – Anar – Kerman – Zahedan – Mirjaveh –
    • ပါကစ္စတန်နိုင်ငံ Taftan – Quetta – Rohri – Multan – Lahore – Wagah –
    • အိန္ဒိယနိုင်ငံ Attari – New Delhi – Rampur – Banbasa –
    • နီပေါနိုင်ငံ Bramhadev Mandi – Mahendranagar – Kohalpur – Narayangarh – Pathlaiya – Kakarbhitta –
    • အိန္ဒိယနိုင်ငံ Siliguri –
    • ဘင်္ဂလားဒေ့ရှ်နိုင်ငံ Banglabandha– Rangpur– Hatikumrul – Dhaka – Kachpur – Sylhet – Tamabil –
    • အိန္ဒိယနိုင်ငံ Dawki – Shillong – Jorabad (– Guwahati) – Nagaon – Dimapur – Kohima – Imphal – Moreh –
    • မြန်မာနိုင်ငံ တမူး - မန္တ​လေး - မိတ္ထီလာ - ​တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်
    • ထိုင်းနိုင်ငံ Mae Sai – Chiang Rai – Tak – Nakhon Sawan – Bang Pa-in – Bangkok – Hat Yai – Sadao –
    • မလေးရှားနိုင်ငံ Bukit Kayu Hitam – Butterworth – Kuala Lumpur – Seremban – Johor Bahru –
    • စင်ကာပူနိုင်ငံ Singapore …
    • အင်ဒိုနီးရှားနိုင်ငံ Jakarta (– Merak) – Cikampek (– Bandung) – Semarang – Surakarta – Surabaya – Denpasar

မြန်မာနိုင်ငံအပိုင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအတွင်းဖြတ်သန်းသွားသော အာရှအဝေးပြေးလမ်းမများ
  • အမှတ် (၄) ပြည်ထောင်စုလမ်းမကြီး (တာချီလိတ် - ကျိုင်းတုံ - တောင်ကြီး - မိတ္ထီလာ)
  • ရန်ကုန် - မန္တလေး အမြန်လမ်း (မိတ္ထီလာ - မန္တလေး)
  • အမှတ် (၇) ပြည်ထောင်စုလမ်းမကြီး (မန္တလေး - တမူး) (AH1 နှင့် လမ်းကြောင်းအတူတူသုံးစွဲ)[၁]

ကိုးကား[ပြင်ဆင်ရန်]