ချားလ်စ် ဝေလမင်းသား
| ချားလ်စ် မင်းသား The Prince Charles |
|
|---|---|
| Prince of Wales; Duke of Rothesay (more) | |
![]() |
|
| ချားလ်စ် မင်းသား ၂၀၀၅ ခုနှစ်တွင် အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်စဉ် | |
| Spouse | လေဒီ ဒိုင်ယာနာ စပင်ဆာ (m. 1981, div. 1996) ကာမီးလား (m. 2005) |
| သား၊သမီး | |
| ဝီလီယံ မင်းသား ဟယ်ရီ မင်းသား |
|
| အမည် | |
| Charles Philip Arthur George | |
| မင်းဆက် | ဝင်ဆာ |
| ဖခမည်းတော် | ဖိလစ် မင်းသား |
| မယ်တော် | အယ်လီဇဘက် ဒုတိယ |
| မွေးနေ့ | 14 November 1948 ဘက်ကင်းဟမ် နန်းတော်၊ လန်ဒန်မြို့ |
| လက်မှတ် | ချားလ်စ် ဝေလမင်းသား's signature |
| ကိုးကွယ်မှု | ခရစ်ယာန် (Church of England) |
ချားလ်စ် ဝေလမင်းသားသည် ယူနိုက်တစ် ကင်းဒမ်း ဘုရင်မ အယ်လီဇဘက်နှင့် ကြင်ယာတော် အယ်ဒင်ဘတ်မြို့စား ဖိလစ် မင်းသား တို့၏ သားဦးဖြစ်သည်။ ၁၉၅၃ ခုနှစ်မှစ၍ ဗြိတိသျှထီးနန်းအရိုက်အရာကို ဆက်ခံမည့် အိမ်ရှေ့စံအဖြစ် လျားထား ခံရသည်။ ထရင်နစ်တီ ကောလိပ်မှ ဝိဇ္ဇာဘွဲ့ရပြီးနောက် ချားလ်စ်မင်းသားသည် ၁၉၇၁ မှ ၁၉၇၆ ခုနှစ်အထိ တော်ဝင်ရေတပ်တွင် စစ်မှုထမ်းခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် လေဒီ ဒိုင်ယာနာ စပင်ဆာ နှင့် စုလျားရစ်ပတ်ပြီး ၁၉၈၂ ခုနှစ်တွင် ဝီလီယံ မင်းသားအား လည်းကောင်း ၁၉၈၄ ခုနှစ်တွင် ဟယ်ရီ မင်းသားအား လည်းကောင်း ဖွားမြင်ခဲ့သည်။ ချားလ်စ် ဝေလမင်းသားတို့ ဇနီးမောင်နှံဆက်ဆံရေး မပြေလည်ကြောင်း စာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြပြီးနောက် ၎င်းတို့နှစ်ဦးသည် ၁၉၉၂ ခုနှစ်တွင် အိမ်ခွဲခဲ့ပြီး ဒိုင်ယာနာက ချားလ်စ် မင်းသားသည် ကာမီးလားနှင့် ဖောက်ပြန်ကြောင်း စွပ်စွဲခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် အိမ်ထောင်ရေး လမ်းခွဲခဲ့သည်။ ဒိုင်ယာနာသည် ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ပါရီမြို့၌ ကားမောက်မှုကြောင့် သေဆုံးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ချားလ်စ်သည် ကာမီးလားနှင့် လက်ထပ်ခဲ့သည်။
