သိမ်ကြီးဈေး

ဝီကီပီးဒီးယား မှ
သိမ်ကြီးဈေး
သိမ်ကြီးဈေး
တည်နေရာလသာနှင့် ပန်းဘဲတန်းမြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ဖွင့်လှစ်ခဲ့သည်ရက်စွဲ၁၈၅၄
ရောင်းချသောကုန်ကုန်စိမ်းနှင့် ကုန်ခြောက်များ
ဆိုင်ခန်းငှားရမ်းသူအရေအတွက်၁၁၅၆
သိမ်ကြီးဈေး စီရုံနှင့်ဒီရုံ

သိမ်ကြီးဈေး သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ ရှိ ဈေးတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြေနေရာအစ[ပြင်ဆင်ရန်]

ကိုလိုနီခေတ်ရန်ကုန်မြို့ ကို သိမ်းယူပြီးစအချိန်တွင် ဗြိတိသျှအစိုးရသည် ဘာသာရေးအဆောက်အအုံများ၊ ဈေးများ နေရာချထားရေးအတွက် စီမံဆောင်ရွက်ရာတွင် ၎င်းနေရာများအတွက် မြေဂရန်များ အခမဲ့ ထုတ်ပေးခဲ့ရာ ယနေ့ သိမ်ကြီးဈေးဟုခေါ်တွင်ကြသော ဈေးမြေနေရာအနီးတွင် ဗုဒ္ဓဘာသာဝင်များအတွက် သိမ်ဆောက်လုပ်ရန် မြေဂရန်တစ်ခုထုတ်ပေးခဲ့သည်။[၁]

စူရတီဘားရားဘဇားမှ သိမ်ကြီးဈေးသို့[ပြင်ဆင်ရန်]

မော်လမြိုင်တွင် မြို့မဈေးကြီးကို တည်ထောင်ထားသော စူရတီ ဈေးကုမ္ပဏီ (Surati Burra Bazaar Company) က ၁၈၅၄ ခုတွင် အဖျက်ခံရသော ကျိုက်မြတ်သံချို စေတီ (ကျိုက်မဲ သံကရော စေတီ) ၏ ဘုရားဈေးတန်းနှင့် ပတ်ဝန်းကျင် မြေနေရာတွင် စူရတီဘားရားဘဇား (Surati Burra Bazaar) ကို အုတ်အဆောက်အုံအဖြစ် တည်ဆောက်သည်။

လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအစိုးရက ၁၉၅၁ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် သိမ်ကြီးဈေးအဆောက်အအုံများကို မူလကုမ္ပဏီထံမှ သိမ်ကြီးဈေးအုပ်ချုပ်ကြီးကြပ်ရေးအဖွဲ့၏ လက်အောက်သို့ လွဲပြောင်းအုပ်ချုပ်စေခဲ့သည်။[၂]

မူလဈေးရုံများ[ပြင်ဆင်ရန်]

စူရတီဘားရားဘဇား( မြန်မာတို့အခေါ် သိမ်ကြီးဈေး) တွင် မူလဈေးရုံများအဖြစ် အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အီးရုံဟူ၍ ငါးရုံရှိသည်။ မြေကွက်ပေါင်း ၁၂၂ကွက် ပါဝင်သည်။

သိမ်ကြီးဈေး အေရုံ[ပြင်ဆင်ရန်]

အေရုံ ဈေးအဆောက်အအုံကို ၁၉၀၅ခုနှစ်တွင် စတင် ဆောက်လုပ်သည်။

သိမ်ကြီးဈေး ဘီရုံ[ပြင်ဆင်ရန်]

ဘီရုံကို ၁၉၃၈ ခုနှစ်တွင် စတင်ဆောက်လုပ်သည်။

သိမ်ကြီးဈေး စီရုံ[ပြင်ဆင်ရန်]

စီရုံ ဈေးအဆောက်အအုံကို ၁၉၂၈ခုနှစ်တွင် စတင် ဆောက်လုပ်သည်။

သိမ်ကြီးဈေး ဒီရုံ[ပြင်ဆင်ရန်]

ဒီရုံ ဈေးအဆောက်အအုံကို ၁၉၀၆ခုနှစ်တွင် စတင် ဆောက်လုပ်သည်။

အကိုးအကားများ[ပြင်ဆင်ရန်]

  1. ပါမောက္ခပန်း။ ရန်ကုန်ရာဇဝင်။ p. စာမျက်နှာ ၁၉၅။
  2. ပြည်သူ့ဝန်ထမ်းဝန်ကြီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးဌာနခွဲ၊ အမိန့်ကြေညာစာ ၂၆၁၊ ဩဂုတ်လ ၁ရက်၊ ၁၉၅၁ခုနှစ်။