ဝေဘူလမြို့

ဝီကီပီးဒီးယား မှ
ဝေဘူလမြို့
ရွာ
ဝေဘူလမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝေဘူလမြို့
ဝေဘူလမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°01′01″N 93°54′41″E / 23.0169792175293°N 93.911491394043°E / 23.0169792175293; 93.911491394043ကိုဩဒိနိတ်: 23°01′01″N 93°54′41″E / 23.0169792175293°N 93.911491394043°E / 23.0169792175293; 93.911491394043
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်ဖလမ်းခရိုင်
မြို့နယ်ဖလမ်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဝေဘူလမြို့သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်ဖလမ်းမြို့နယ်တွင် ရှိသည့် မြို့တစ်မြို့ဖြစ်သည်။[၁] စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ဆက်သွယ်ပေးထားသည့် မြို့တစ်မြို့ဖြစ်ပြီး ကလေးမြို့မှ ၁၆ မိုင်၊ နတ်ချောင်းကျေးရွာမှ ၁၂ မိုင်၊ ဖလမ်းမြို့မှ ၄၂ မိုင်အကွာတွင် တည်ရှိသည်။ ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး အိမ်ခြေ (၁၇၀) နှင့် လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြသည်။

ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာအုပ်စုရှိ ဝေဘူလရွာနှင့် မွာလ်ဇောလ်ရွာ တို့ကို ရပ်ကွက် ၄ ခုပါဝင်သော ဝေဘူလမြို့အဖြစ် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြို့ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]