မင်းတပ်ခရိုင်

ဝီကီပီးဒီးယား မှ
မင်းတပ်ခရိုင်
ချင်းပြည်နယ်အတွင်းရှိ ခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ချင်းပြည်နယ်အတွင်းတည်နေရာ
မင်းတပ်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းတပ်ခရိုင်
မင်းတပ်ခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°28′N 93°24′E / 21.467°N 93.400°E / 21.467; 93.400ကိုဩဒိနိတ်: 21°28′N 93°24′E / 21.467°N 93.400°E / 21.467; 93.400
နိုင်ငံ မြန်မာ
ပြည်နယ်ချင်းပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်မင်းတပ်မြို့
လူဦးရေ (၂၀၁၄)၂၁၂,၂၅၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မင်းတပ်ခရိုင် (အင်္ဂလိပ်: Mindat District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မင်းတပ်မြို့ဖြစ်သည်။

ပါဝင်​​သောမြို့နယ်များ[ပြင်ဆင်ရန်]

မင်းတပ်ခရိုင်မြို့နယ်များ
  မင်းတပ်မြို့နယ်
  ကန်ပက်လက်မြို့နယ်

မင်းတပ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]

မတူပီနှင့် ပလက်ဝမြို့နယ်များမှာ ယခင်က မင်းတပ်ခရိုင်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၇ခုနှစ်တွင် မတူပီခရိုင်အဖြစ် ခွဲထုတ်ဖွဲ့စည်းခဲ့သည်။[၃]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် မတူပီခရိုင်၊ အရှေ့ဘက်တွင် မကွေးတိုင်းမှ ဂန့်ဂေါခရိုင်မင်းဘူးခရိုင်၊ တောင်ဘက်တွင် မင်းဘူးခရိုင်၊ အနောက်ဘက်တွင် မတူပီခရိုင်နှင့် ရခိုင်ပြည်နယ်မှ မြောက်ဦးခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ခရိုင်အတွင်း တောင်ကုန်းတောင်တန်းများ ပေါများကာ သစ်တောများလွှမ်းခြုံထားသည်။ ခေါနူးစုမ် (နတ်မတောင်)မှာ ထင်ရှားပြီး အမြင့်ပေ (၁၀၂၀၀)ပေမြင့်ကာ နတ်မတောင်အမျိုးသားဥယျာဉ်တည်ရှိသည်။ မိုးပီတောင်နှင့် မြင်းချီတောင်တို့မှာလည်း ထင်ရှားသည်။

ရေဆင်း[ပြင်ဆင်ရန်]

ခရိုင်အတွင်း မြစ်ချောင်းများ ပေါများသည်။ ကျောက်စစ်ချောင်း၊ ကတင်းချောင်း၊ ဆောချောင်း၊ ဖျံချောင်း၊ စလင်းချောင်း၊ မုန်းချောင်းတို့မှာ ထင်ရှားသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်၌ မင်းတပ်ခရိုင်တွင် မြို့နယ် (၄)မြို့နယ် ပါဝင်ဖွဲ့စည်းထားသည်။ ထိုစဉ်က မင်းတပ်ခရိုင်၏လူဦးရေမှာ ၂၁၂,၄၉၇ ဖြစ်သည်။ အမျိုးသား ၁၀၀,၉၆၁ ဦး၊ အမျိုးသမီး ၁၁၁,၅၃၆ ဦးဖြစ်သည်။ လက်ရှိ မင်းတပ်ခရိုင်တွင်ပါဝင်သောမြို့နယ်များဖြစ်သည့် မင်းတပ်မြို့နယ်တွင် လူဦးရေ ၄၂,၆၀၀ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ၂၁,၄၉၃ ဦး စုစုပေါင်း ၆၄,၀၉၃ ဦးသာရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အစီရင်ခံစာများအရ ၂၀၁၉ခုနှစ်တွင် မင်းတပ်မြို့နယ်တွင် ၄၇,၂၁၄ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ၂၄,၃၄၁ ဦးရှိကြရာ မင်းတပ်ခရိုင်၏ (၂၀၁၉)ခုနှစ် ခန့်မှန်းလူဦးရေသည် စုစုပေါင်း ၇၁,၅၅၅ ဦးဖြစ်သည်။ ချင်းလူမျိုးများ အများဆုံးနေထိုင်ကြပြီး ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာကို ဒုတိယအများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မင်းတပ်ခရိုင်သည် ချင်းပြည်နယ်အတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးသောခရိုင်ဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အများဆုံးလုပ်ကိုင်ကြသည်။ ထို့အပြင် ရိုးရာဂျပ်ခုတ်လုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ နတ်မတောင်သို့ ခရီးသွားများလာရောက်လေ့ရှိသဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။[၄]ဝဥနှင့် လက်ဖက်ကို ရန်ကုန်မြို့မန္တလေးမြို့နှင့် ပခုက္ကူမြို့များသို့ တင်သွင်းသည်။

ပို့ဆောက်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ခရိုင်အတွင်း ကုန်းလမ်းဖြင့်သာ အဓိကသွားလာရပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ မကွေးတိုင်းမှနေ၍ ရန်ကုန်နှင့် မန္တလေးသို့ သွားလာနိုင်သည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် မင်းတပ်မြို့နယ်၌ စာတတ်မြောက်သူ ၆၉.၁ရာခိုင်နှုန်း၊ ကန်ပက်လက်မြို့နယ်၌ ၇၀.၉ရာခိုင်နှုန်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

မင်းတပ်မြို့နယ်တွင် ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ ကန်ပက်လက်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံများ တည်ရှိသည်။ ထို့အပြင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၇၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။
  3. မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း။ အီလဲဗင်း သတင်းစာ။
  4. အပန်းဖြေလေ့လာစရာ နတ်မတောင်အမျိုးသားဥယျာဉ်ဆီသို့သာ