ချင်းဝိသေသတိုင်း၏ မြောက်ဘက်အစွန်ဆုံးတွင် တီးတိန် မြို့နယ် တည်ရှိသည်။ ချင်းဝိသေသတိုင်း မြောက်ပိုင်းခရိုင်တွင် အပါအဝင်ဖြစ်သည်။ မြောက်ဘက်၌ အိန္ဒိယနိုင်ငံ၏ မဏိပူရ ပြည်နယ်နှင့် ဆက်စပ်နေ၍ တောင်ဘက်တွင် ချင်းဝိသေသ တိုင်းရှိ ဖလမ်းမြို့နယ်နှင့် ဆက်နေ၏။ အဂင်္လိပ်အစိုးရလက် ထက်က လက်ထောက်နယ်ခြားဝန်ထောက် အုပ်ချုပ်သော နယ်ဖြစ်၍၊ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ လက် ထက်၌ကား နယ်ပိုင်ဝန်ထောက်အုပ်ချုပ်သောနယ် ဖြစ်လာ သည်။
တီးတိန်နယ်ရုံးစိုက်ရာမြို့ကား တီးတိန်မြို့ဖြစ်၍၊ တိမ်ညင်း မြို့ဟုလည်း ခေါ်ဝေါ်ကြသည်။
ယင်းမြို့နယ်တွင် ကုကီ သို့မဟုတ် သာဒိုး၊ ကမ်ဟောင်၊ စုတ်တေးနှင့် စိယင်ချင်းလူမျိုးများ နေထိုင်၏။ ကုကီချင်းမျိုး မှာ အာသံနယ်စပ်ဒေသတွင် အများအပြားနေထိုင်ကြလေသည်။ တီးတိန်မြို့နယ်တွင် ရွာပေါင်း ရ၅ ရွာပါဝင်သည့်အနက် စိယင်လူမျိုးတို့နေထိုင်သော ရွာ ၅ ရွာ၊ စုတ်တေးလူမျိုးတို့ နေထိုင်သောရွာ ၂၆ ရွာ၊ ကမ်ဟောင်လူမျိုးတို့နေထိုင်သော ရွာ ၃၃ ရွာ၊ သာဒိုးလူမျိုးတို့ နေထိုင်သောရွာ ၁၁ ရွာရှိလေသည်။ အကြီးဆုံးသော ရွာများမှာ တီးတိန်၊ လိုဆိုး၊ တွန်းဇံရွာ တို့ဖြစ် လေသည်။ ၂၀ ရာစုအစလောက်က ဤမြို့နယ်တွင်လူဦးရေ ၁၆၄၃၅ ယောက်မျှသာရှိ၍၊ စာရေးစာဖတ်တတ်သူ ၂၄ရ ယောက်သာ ရှိခဲ့သော်လည်း၊ ၁၉၅၃ ခုနှစ်သန်ကောင်စာရင်းအရ လူဦးရေ ၅၁၁၅၂ ယောက်ရှိ၍၊ မြန်မာနိုင်ငံမှ စေလွှတ်သောဗုဒ္ဓသာသနာ ပြုအဖွဲ့၊ လူထုပညာရေးမှူးစသည်တို့၏ ကျေးဇူးကြောင့် ယခု အခါ စာရေးစာဖတ်တတ်သူ အတော်များလာလေပြီ ဖြစ်သည်။ တီးတိန်မြို့သည် ဖလမ်းမြို့နှင့် လမ်းပန်းအဆက် အသွယ်ရှိ သည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)