ဝတ်မှုန်ရွှေရည်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
အမည်ရင်း ဝတ်မှုန်ရွှေရည်
အခြားနာမည် ကစ်ကစ်
မှုန်မှုန်


မွေးသက္ကရာဇ် ၁၉၈၈ခုနှစ် ဩဂုတ် ၁၀ရက်
မိဘအမည် ဦးဝင်းသိန်းနိုင်+ဒေါ်မီမီလွင်
မွေးဖွားရာ ဒေသ ရန်ကုန်
နိုင်ငံ Flag of Myanmar.svg မြန်မာ
အလုပ်အကိုင် သရုပ်ဆောင်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ထင်ရှားကျော်ကြားမှု နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်

ဝတ်မှုန်ရွှေရည် သည် မြန်မာနိုင်ငံရှိ ရုပ်ရှင်မင်းသမီးနှင့် ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်သည်။ ချစ်စရာကောင်းသော အမူအရာများကြောင့် လူကြိုက်များသည့် မင်းသမီးတစ်ဦးဖြစ်သည်။ [၁]

မာတိကာ

ငယ်ဘဝ [ပြင်​ဆင်​ရန်​]

ဝတ်မှုန်ရွှေရည်သည် ဩဂုတ်လ ၁၀ရက်နေ့၊ ၁၉၈၈ခုနှစ်တွင် ဦးဝင်းသိန်းနိုင်၊ ဒေါ်မီမီလွင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူသည် မြန်မာရုပ်ရှင်မင်းသမီး ဖွေးဖွေးနှင့် ညီအစ်မ တစ်ဝမ်းကွဲတော်စပ်သည်။

အနုပညာလမ်းကြောင်း [ပြင်​ဆင်​ရန်​]

ပြေတီဦး နှင့် ဝတ်မှုန်ရွှေရည်

၂၀၀၉ခုနှစ်တွင် ဝတ်မှုန်ရွှေရည်သည် ကြော်ငြာများ ရိုက်ကူး၍ စတင် သရုပ်ဆောင်​ခဲ့သည်။ သူ၏ ပထမဆုံး ခေါင်းဆောင်ရိုက်ကူးသော ဇာတ်ကားမှာ ‘‘ဘာဘီအရုပ်ကလေး’’ဖြစ်ပြီး အောင်ရဲလင်းမှာ ခေါင်းဆောင်မင်းသားဖြစ်သည်။ သူသည် လက်ရှိတွင် ဗီဒီယို ဇာတ်ကားပေါင်း ၄၀ကျော်ရိုက်ကူးပြီးဖြစ်သည်။ [၂] ရန်ကုန်မြို့တွင် ရှိသော ကြော်ငြာ ဘီလ်ဘုတ်များနှင့် ကြော်ငြာများစွာတွင် ဝတ်မှုန်ရွှေရည်၏ ကြော်ငြာများက တစ်ဝက်ခန့်နေရာယူထားသည်။ ဝတ်မှုန်ရွှေရည်နှင့် အတွဲအညီဆုံး မင်းသားမှာ ပြေတီဦးဖြစ်သည်။ ကြော်ငြာများစွာနှင့် ဗီဒီယိုများစွာတွင် မင်းသားပြေတီဦးနှင့် တွဲဖက်သရုပ်ဆောင်ထားသည်။ ပထမဆုံး အဓိက ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးသည့် ‘‘နင်စေရင်’’ ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦးနှင့် အတူ သရုပ်ဆောင်ထားသည်။

ပြင်ပဘဝ [ပြင်​ဆင်​ရန်​]

ဝတ်မှုန်ရွှေရည်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အရပ် ၅ပေ ၄လက်မ (၁.၆၃ မီတာ) ရှိပြီး အလေးချိန် ၁၀၁ပေါင် (၄၆ကီလို) ရှိသည်။ အပျိုဖြစ်သည်။ သူသည် အရင်က စိုင်းစိုင်းခမ်းလှိုင်နှင့် ချစ်သူတွေဖြစ်ခဲ့ဖူးပြီး လက်ရှိတွင် တစ်ဦးတည်း ဖြစ်သည်။

လူမှုရေးလုပ်ငန်းများ [ပြင်​ဆင်​ရန်​]

ပြေတီဦးဖောင်ဒေးရှင်းရန်ပုံငွေပွဲမှ ဝတ်မှုန်ရွှေရည် (ဝဲမှ တတိယ)

ဝတ်မှုန်ရွှေရည်သည် ပရဟိတလုပ်ငန်းအဖြစ် ဒီဇင်ဘာလ(၄)ရက်၊ ၂၀၁၁ခုနှစ်တွင် ကျင်းပသော ပြေတီဦးပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် စင်္ကာပူသွားမည့် အစီအစဉ်ကို ဖျက်သိမ်း၍ ပါဝင်ဖျော်ဖြေခဲ့သည်။ သူသည် သူ၏ အနုပညာကြေးအားလုံးကို ဖောင်ဒေးရှင်း အတွက်လှူဒါန်းခဲ့သည်။

ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားများ [ပြင်​ဆင်​ရန်​]

ဇာတ်ကားစာရင်း
ခုနှစ် ဇာတ်ကား တွဲဖက် သရုပ်ဆောင်များ
၂၀၀၉ နတ်သမီးချစ်တဲ့ပင်လယ် နေတိုး၊ ဆုရွှန်းလဲ့
၂၀၀၉ ဖေချစ် လူမင်း
၂၀၀၉ ဘာဘီအရုပ်ကလေး အောင်ရဲလင်း
၂၀၀၉ အန်ကယ်ဖေဖေ လူမင်း
၂၀၀၉ အနေအထိုင်မတတ်တဲ့ကြယ် နေတိုး
၂၀၀၉ ချိန်ခွင် နေတိုး၊ ထွန်းအိန္ဒြာဗို
၂၀၀၉ ပေါင် ၂၀၀ ကိုယ့်ချစ်သူ အောင်ရဲလင်း၊ ပွင့်
၂၀၁၀ ဝတ်မှုန်မျှော်တဲ့လိပ်ပြာ စိုင်းစိုင်းခမ်းလှိုင်
၂၀၁၀ အချစ်နှင့်အနီးတဝိုက်သာယာမည် နေတိုး
၂၀၁၀ အချစ်ကိုရချင်ပြီ ခန့်စည်သူ
၂၀၁၀ ပင်လယ်တွစ် မိုးအောင်ရင်
၂၀၁၁ ဝတ်မှုန်ဝိုင်၏ အပြင်းစားရသ ပြေတီဦး
၂၀၁၁ အိပ်မက်၏ တစ်ဖက်ခြမ်းမှာ အောင်ရဲလင်း
၂၀၁၁ ရူးရူးမူးမူးရင်ထဲကဦး လူမင်း
၂၀၁၁ ၂၁ရာစုစင်ဒရဲလား အောင်ရဲလင်း
၂၀၁၁ ဘဝန္တောဒေါ့ကွမ်း နေတိုး
၂၀၁၁ ကျွန်တော့်ချစ်သူနှင့် သူမ၏ စပွန်ဆာကိုကို မင်းမော်ကွန်း
၂၀၁၁ အချစ်က စားတယ် ဟိန်းဝေယံ
၂၀၁၁ မဆိုးပါနဲ့ကောင်မလေး စိုင်းစိုင်းခမ်းလှိုင်
၂၀၁၁ ရွှေလင်ဗန်းနဲ့ ပန်းကမ်းသူ ပြေတီဦး
၂၀၁၁ တိမ်ညိုစီးတဲ့ပန်းကကြိုး ခန့်စည်သူ
၂၀၁၁ စိတ်ကောက်ခြင်းသည်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည် စိုင်းစိုင်းခမ်းလှိုင်
၂၀၁၁ ချစ်မယ်ဆိုတာကြီးပဲ အောင်ရဲလင်း
၂၀၁၁ တကယ်ချစ်လား မြင့်မြတ်
၂၀၁၁ ယုံကြည်ခြင်းနှင်းဆီ ပြေတီဦး
၂၀၁၁ နင့် ပြေတီဦး
၂၀၁၁ ဒီကောင်မလေးအတွက် ပြေတီဦး
၂၀၁၁ ဖျက်ကနဲငြိ မိုးအောင်ရင်
၂၀၁၁ ပထမဆုံးချစ်တာနင် ပြေတီဦး
၂၀၁၁ ပြန်လာပါကိုကို နေတိုး
၂၀၁၁ ကြယ်ကြွေပုံပြင် နေတိုး
၂၀၁၁ ခေတ်ကာလဖခင် လူမင်း၊ ကျော်ကျော်
၂၀၁၂ မျှော်လင့်ခြင်းလေး အောင်ရဲလင်း
၂၀၁၂ မိန်းမသုံးယောက်ယူမယ့်လူ နေတိုး
၂၀၁၂ ပီကေ လူမင်း၊ ခိုင်သင်းကြည်
၂၀၁၂ သင်္ကြန်ဂိမ်း အောင်ရဲလင်း
၂၀၁၂ ချစ်ရင်ဖက်ထား ပြေတီဦး


ရုပ်ရှင်ဇာတ်ကားကြီးများ [ပြင်​ဆင်​ရန်​]

ရုပ်ရှင်ဇာတ်ကားစာရင်း
ခုနှစ် ဇာတ်ကား ဒါရိုက်တာ တွဲဖက် သရုပ်ဆောင်များ ပိုစတာ
၂၀၁၂ မေခင်ကညာ ကိုဇော် (အာရုဏ်ဦး) ပြေတီဦး၊ ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သဉ္ဇာဝင့်ကျော်။ Maykhinkanyar.jpg
၂၀၁၂ နင်စေရင် ဝိုင်း (Own Creator) ပြေတီဦး မထွက်ရှိသေး။
၂၀၁၂ Made In Heart ဝိုင်း (Own Creator) ပြေတီဦးမိုးဟေကို မထွက်ရှိသေး။

ကိုးကား [ပြင်​ဆင်​ရန်​]