ခိုင်သင်းကြည်

ဝီကီပီးဒီးယား မှ
ခိုင်သင်းကြည်
မွေးဖွား (1972-09-27) ၂၇ စက်တင်ဘာ၊ ၁၉၇၂ (အသက် ၅၁)
ရန်ကုန်မြို့မြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ခန့်နိုင် (လက်ထပ် 2002)
သားသမီး
ရရှိသည့်ဆုများအကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု (၂၀၁၃)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၁၄)

ခိုင်သင်းကြည် (၁၉၇၂-) သည် မြန်မာလူမျိုး သရုပ်ဆောင်ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၇၂ ခု၊ စက်တင်ဘာလ ၂၇ ရက်တွင် ဒုတိယဗိုလ်မှူးကြီး မောင်မောင်နှင့် ဒေါ်ဝါဝါစိုးတို့က ရန်ကုန်မြို့ အမှတ် (၂) စစ်ဆေးရုံတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခိုင်သင်းကြည်ပင် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးသင်ကြားခဲ့ပြီး သိပ္ပံ(ဓာတုဗေဒ)ဘွဲ့ ရရှိသည်။

အနုပညာခရီး[ပြင်ဆင်ရန်]

ဒါရိုက်တာ စင်ရော်မောင်မောင်၏ မိုးယံသို့ လွင့်ပျံစေမယ့် ကေသရာဇာတို့၏ အားမာန် ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ရောက်ရှိလာသူ ဖြစ်သည်။

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။[၁]

ပါဝင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ရုံတင်နှစ် ခေါင်းစီး ဇာတ်ဆောင်နေရာ မှတ်ချက်
၂၀၀၆ လှည့်စား
၂၀၁၃ စုန်းပြူး
၂၀၁၄ ကောင်ကျိုးကိုယ်၌တည်စေမင်း
၂၀၁၈ ပြန်ပေး
၂၀၁၉ စိန်ဂေါ်လီမယောက်ျား

စရိုက် တရုတ်မလေးကိုချစ်တယ်

ဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

ထုတ်လွှင့်သည့်နှစ် ခေါင်းစီး ဇာတ်ဆောင်နေရာ မှတ်ချက်
၂၀၂၀ ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားထောင်ဆင် မပုန်းရည်

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၉၉၄ ခု တက္ကသိုလ်ကျောင်းသူဘဝတွင် ခန့်နိုင်နှင့် စတွေ့ခဲ့ပြီး ၂၀၀၂ တွင် လက်ထပ်ခဲ့သည်။ သမီးကြီးမှာ စံထိပ်ထားဦး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးမုံသတင်းစာ ဧပြီ ၄၊ ၂၀၁၆