ပြေတီဦး
| ပြေတီဦး | |
| အမည်ရင်း | ပြေတီဦး |
| အခြားနာမည် | တီတီ
|
| မွေးသက္ကရာဇ် | ၁၉၇၈ခုနှစ် နိုဝင်ဘာ ၃၀ရက် |
| မိဘအမည် | ဦးတင်မောင်ဦး+ဒေါ်တီတီ |
| မွေးဖွားရာ ဒေသ | ရန်ကုန် |
| နိုင်ငံ | |
| ပညာအရည်အချင်း | B.E(Civil) |
| အလုပ်အကိုင် | သရုပ်ဆောင် |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
| ထင်ရှားကျော်ကြားမှု | နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးဖောင်ဒေးရှင်း ဥက္ကဌ |
| ကြင်ဖက် | အိန္ဒြာကျော်ဇင် |
| သားသမီး | ပြေသုဒြာ |
| ရရှိခဲ့သောဆုများ | |
| လက်မှတ် | ![]() |
ပြေတီဦး( ၁၉၇၈ခုနှစ်၊ နိုဝင်ဘာ ၃၀ရက်ဖွား) သည် ယနေ့ခေတ် အောင်မြင်သော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ အမြဲတမ်းပြုံးရယ်နေတတ်ပြီး ကူညီတတ်သောကြောင့် လူချစ်လူခင်ပေါများသူတစ်ဦးဖြစ်သည်။ ပြေတီဦးပညာရေးဖောင်ဒေးရှင်း၏ ဥက္ကဌလည်း ဖြစ်သည့်အပြင် အနုပညာပျိုးခင်း၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ပြေတီဦးသည် ဗမာအမျိုးသား ဖြစ်၍ ရန်ကုန် ဇာတိဖြစ်သည်။ မြန်မာစာ မြန်မာစကား အစီအစဉ်မှ မွေးထုတ်ပေးလိုက်သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ပြေတီဦးသည် ၂၀၀၉ ခုနှစ်တွင် ရိုက်ကူးသော ကျွန်တော်နှင့် နတ်သမီးများ ရုပ်ရှင်ဇာတ်ကားဖြင့် အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်သည်။
မာတိကာ |
အစောပိုင်း ဘဝ [ပြင်ဆင်ရန်]
ပြေတီဦးကို ၁၉၇၈ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ရန်ကုန်မြို့ ၌ အဖ ဦးတင်မောင်ဦး၊ အမိ ဒေါ်တီတီ တို့မှ မွေးဖွားသန့်စင်ခဲ့သည်။ မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်သည်။ ကျန်နှစ်ယောက်မှာ မိန်းကလေးများဖြစ်သည်။ အစ်မ နာမည်မှာ ဆွေတီဦး၊ ညီမငယ် နာမည်မှာ ငွေတီဦးဖြစ်သည်။ အစ်မဆွေတီဦးမှာ အင်ဂျင်နီယာဘွဲ့ရဖြစ်ပြီး၊ ညီမမှာ ဆရာဝန်ဖြစ်သည်။ ပြေတီဦး၏ အဖေမှာ အစိုးရဝန်ထမ်းဖြစ်နေသောကြောင့် ပြေတီဦး ၃နှစ်သား အရွယ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အနီးရှိ မုပ္ပလင်မြို့သို့ ပြောင်းရွှေ့သွားကြသည်။ ပြေတီဦး ခုနစ်နှစ်ခန့်တွင် ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်းသို့ပြောင်းရွေ့သွားသည်။ ထိုမြို့တွင် ချင်းကုန်း နာမည်ကြီးဘော်ဒါဆောင်၌ နေခဲ့သေးသည်။ ဆရာဝန်ဖြစ်ချင်ခဲ့သော ပြေတီဦးသည် စာကြိုးစားသဖြင့် ပထမတန်း မှ စတုတ္ထတန်းအထိ ပထမဆုချည်း ရခဲ့သည်။ ဟင်္သာတတွင် ပြေတီဦးသည် ကျောင်းစာထက် အားကစားဘက်ကို ပိုသန်လာပြီး စားပွဲတင် တင်းနစ်၊ ကြက်တောင်ရိုက်ခြင်းတို့ဖြင့် ဆုများရရှိခဲ့သည်။ ပြေတီဦး အဌမတန်းတွင် ရမည်းသင်းမြို့ သို့ပြောင်းရွေ့သွားပြန်သည်။ ဒသမတန်းနှစ်တွင် ပြေတီဦး၏ မိသားစုသည် ပြေတီဦး၏ မွေးရပ်မြေဖြစ်သော ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။ ဆရာဝန်ဖြစ်ချင်ခဲ့သော ပြေတီဦးသည် ဆရာဝန်တစ်ဦး ဖြစ်မလာခဲ့ဘဲ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာ ဘွဲ့ရခဲ့သည်။
အနုပညာ လမ်းကြောင်း [ပြင်ဆင်ရန်]
ပြေတီဦးသည် လက်ရှိတွင် မြန်မာနိုင်ငံတွင် နံပါတ်တစ် မင်းသားတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားအပေါင်း လက်ခံကြိုက်နှစ်သက်သော မင်းသားဖြစ်သည်။ အနုပညာလောကသားတိုင်းကလည်း ကူညီတတ်ပြီး အမြဲတမ်းပြုံးရယ်နေတတ်သောသူ့ကို ချစ်ခင်ကြသည်။ လက်ရှိတွင် ဇာတ်ကားပေါင်း ရာကျော်နှင့် ကြော်ငြာပေါင်း မရေတွက်နိုင်အောင် ရိုက်ကူပြီးဖြစ်သည်။ ပြေတီဦးသည် ကျောင်းသား ဘဝမှ စ၍ အနုပညာလောက အတွင်းသို့ဝင်ခဲ့သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော မြန်မာစာ မြန်မာစကား ပညာပေး အစီအစဉ် တွင် စတင် သရုပ်ဆောင်ခွင့်ရခဲ့သည်။ သူ၏ ပထမဆုံးဇာတ်ကားမှာ ဇာတ်ပို့ အဖြစ်သာ သရုပ်ဆောင်ခဲ့ရတဲ့ ဒါရိုက်တာမောင်ပြည့်ဝ ရိုက်ကူးသည့်‘ရင်ရိပ်စွန့် လိပ်ပြာ’ ဖြစ်သည်။ ၁၉၉၉ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း ပြေတီဦး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ခဲ့ရသော ကားမှာ မရှိသလောက်ရှားခဲ့သည်။ ဒုတိယမင်းသား သို့မဟုတ် ဇာတ်ပို့ နေရာမှ ရိုက်ကူးရသည်က များ၏။ ၂၀၀၈ခုနှစ်တွင်မှ စိန်ဌေးဗီဒီယိုက ခေါင်းဆောင်မင်းသား တင်ရိုက်ရမှ နာမည်ရလာသူဖြစ်သည်။ ၂၀၀၈ခုနှစ်အတွင်းတွင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာ ရိုက်ကူးခဲ့သည်။ ထိုကား အမည်မှာ ‘‘ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး’’ ဖြစ်၏။ သူ၏ ၂၀၀၉ ခုနှစ် အတွင်းထုတ်လုပ်ခဲ့သော ဇာတ်ကားများ အနက် အအောင်မြင်ဆုံးသော ရုပ်ရှင်ဇာတ်ကားများမှာ ‘ချစ်ပန်းဝါဝါ’၊ ‘ချိုလိမ်’၊ ‘ရင်ဘတ်ချင်း အငြိ’ နှင့် ‘ကျွန်မ ပုခုံးပေါ်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ်’ တို့ဖြစ်ကြသည်။ ပြေတီဦးသည် ၂၀၀၉ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီး ခြောက်ခု နှင့် များစွာသော တီဗွီ ကြော်ငြာများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ပြေတီဦးသည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့တွင် သူ၏ ၃၁ နှစ်ပြည့်မွေးနေ့ပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့ပြီး ဝင်ကြေး အခမဲ့ သတ်မှတ်ပေးခဲ့ရာ သူ၏ ပရိတ်သတ် ထောင်ကျော် လာရောက် ကြည့်ရှုခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားကြီး ၆ကားမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်သော စံကာတင် ၁၅ကား၌ပါဝင်ခဲ့သည်။ ထိုကားများမှာ အာဒမ်ရယ် ဧဝရယ် ဒသရယ်၊ အမေ့ကျေးဇူးဆပ်ဖူးခြင်တယ်၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်တို့ဖြစ်သည်။၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ရက်နေ့ တွင် နေပြည်တော်မြို့၌ ကျင်းပသော ၂၀၁၀ပြည့်နှစ် အတွက် အကယ်ဒမီပေးပွဲတွင် ပြေတီဦးသည် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရခဲ့သည်။ ပြေတီဦးသည် သူ၏ ပထမဆုံးသော ထိုအကယ်ဒမီဆုကို အာဒမ်ရယ် ဧဝရယ် ဒသရယ် ဇာတ်ကားမှ ဒသ ဇာတ်ကောင် ဖြင့် ရရှိခဲ့ချင်းဖြစ်သည်။ ၂၀၁၂ခုနှစ်အတွက် ‘‘နင်စေရင်’’ ရုပ်ရှင်ဇာတ်ကား၊ ‘‘တိုက်ဆိုင်မှု ရှိလျှင်’’ ရုပ်ရှင်ဇာတ်ကား နှင့် ‘‘မေခင်ကညာပျို’’တို့ ရိုက်ကူးပြီးဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ‘‘Make In Heart’’ ရုပ်ရှင်ဇာတ်ကားကို ပုဂံ၌ သွားရောက်ရိုက်ကူးလျက်ရှိသည်။ ပြေတီဦးနှင့် ယခင်က ရိုက်ကူးမှုများခဲ့သော မင်းသမီးများမှာ သက်မွန်မြင့်နှင့် အိန္ဒြာကျော်ဇင်တို့ဖြစ်ပြီး လက်ရှိတွင်မူ အသက် ၂၀ကျော် နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွှေရည်နှင့် အတွဲညီလှသဖြင့် ရိုက်ကူးမှုများနေသည်။ ‘‘နင်စေရင်’’ ဇာတ်ကားမှာ အဆိုပါမင်းသမီးနှင့် ခေါင်းဆောင်တွဲဖက် ရိုက်ကူးသည့် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို ဝတ်မှုန်ရွှေရည်အတွက်လည်း ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခွင့်ရသော ဇာတ်ကားဖြစ်သည်။
အနုပညာ ပြင်ပ ဘဝ [ပြင်ဆင်ရန်]
ပြေတီဦးသည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်။ ပြေတီဦးသည် အရပ် ၅ပေ ၉လက်မ (၁.၇၅မီတာ) ရှိပြီး အလေးချိန် ၁၄၆ပေါင် (၆၆ကီလို) ရှိသည်။ ပြေတီဦးသည် ငယ်စဉ်ကထဲက ဝါသနာပါခဲ့သော တင်းနစ်ကစားခြင်းကို အားလပ်ချိန်တွင် ကစားလေ့ရှိသည်။ ပရဟိတလုပ်ငန်း အများအပြားကို ဦးဆောင်လုပ်ဆောင်သူတစ်ဦးဖြစ်သည်။ အနုပညာသားထဲတွင် ပထမဆုံး ပညာရေးဖောင်ဒေးရှင်းထောင်၍ ကျန်အနုပညာသားများကို ဦးဆောင်လမ်းပြပေးခဲ့သည်။ (ထို့ကြောင့် မင်းသား ရဲတိုက်သည်လည်း ရဲတိုက်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။) ပြေတီဦးသည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် မြန်မာ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင် နှင့် လက်ထပ်ခဲ့သည်။ သူတို့၏ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားကို MRTV-4 ၌ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ ဟန်းနီးမွန်းများအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၊ ဟောင်ကောင်နှင့် မကာအို သို့ ထွက်ခဲ့သည်။ ပြေတီဦးတို့ ဇနီးမောင်နှံသည် သူတို့ သမီးဦးလေး ပြေသုဒြာကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် ဝိတိုရိယ အထွေထွေရောဂါကု ဆေးရုံကြီး (ရန်ကုန်)၌ မွေးဖွားခဲ့သည်။
လူမႈအဖွဲ့အစည်းများတွင် ပါဝင်ပတ်သတ်မှု [ပြင်ဆင်ရန်]
ပြေတီဦးပညာရေးဖောင်ဒေးရှင်း [ပြင်ဆင်ရန်]
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ (ပြေတီဦးမွေးနေ့) တွင် ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို ရည်ရွယ်ချက် (၇)ရပ်ဖြင့် စတင် တည်ထောင်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း လူမျိုးမရွေး၊ ဘာသာမရွေး မည်သည့်ဆေးကျောင်းသားကိုမဆို ဉာဏ်ပညာထူးချွန်သူများအတွက် အလှူဒါနအဖြစ် ထောက်ပံ့လှူဒါန်းရန် ဟူသည့် ရည်ရွယ်ချက်တစ်ရပ် ပါဝင်သည်။ ပြေတီဦးသည် ပြေတီဦးပညာရေးဖောင်ဒေးရှင်း ကို သိန်း ၁၀၀ ကျပ်ဖြင့် စတင်တည်ထောင်ခဲ့သည်။ ပြေတီဦးလက်ထပ်ပြီး နောက်ပိုင်းတွင် ဒုတိယဥက္ကဋ္ဌမှာ ဇနီးသည် အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်လာခဲ့သည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးအတွက် ပညာသင်ဆုအဖြစ် ငွေကျပ် (၈၄)သိန်း ထောက်ပံ့ခဲ့ပြီး အလှူရှင်များက ကျောင်းသား၊ ကျောင်းသူ (၂၇)ဦးအတွက် ပညာသင်ဆု အဖြစ် ငွေကျပ် (၁၆၂)သိန်း ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။ ပညာသင်ဆုရရှိသူ ကျောင်းသားကျောင်းသူများသည် တစ်လလျှင် ၅၀၀၀၀ ကျပ်ခန့် ရရှိမည် ဖြစ်သည်။ [၁] ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့တွင် ပြေတီဦး နှင့် အခြားသရုပ်ဆောင်များ စုပေါင်း၍ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ပြေတီဦးဖောင်ဒေးရှင်း ရန်ပုံငွေ ပဒေသာပြပွဲများ အဖြစ် လွဲခဲတယ်နော်ပြဇာတ်၊ မုဒိတာလွင်ပြင် အငြိမ့်တို့ အပြင် သရုပ်ဆောင်များ အဆိုအစီအစဉ်ကို ပြုလုပ်ခဲ့သည်။ အနုပညာရှင်များသည် ၎င်းကို ဗွီဒီယို နှစ်ခု ထုတ်လုပ်ဖြန့်ချိခဲ့ပြီး အနုပညာကြေးများကို ဖောင်ဒေးရှင်းအတွက် လှူဒါန်းခဲ့သည်။ ပြေတီဦးသည် အကယ်ဒမီ ပေးပွဲတွင် ဆုရရှိသောအခါ ရွှေစင်ရုပ်မှ ကြယ်စင်၏ တန်ဖိုးအတိုင်းကို ဖောင်ဒေးရှင်း အတွက် ထည့်ဝင်လှူဒါန်းခဲ့သည်။
အနုပညာပျိုးခင်း [ပြင်ဆင်ရန်]
တစ်ခြောက်လုံးဆုံသည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီပြေတီဦး အပါအဝင် မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်း ခြောက်ယောက်( အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်၊ ဒါရိုက်တာ ဝိုင်း) သည် မြန်မာ့ အနုပညာ အကျိုးကို မျှော်မှန်း၍ အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့ပြီး မင်းသမီး အသစ် ၃ဦးကို ပရိတ်သတ်နှင့် မိတ်ဆက်ခဲ့သည်။ မင်းသမီး ၃ယောက်သည် မင်းသား တစ်ယောက်လျှင် ၃ကားစီဖြင့် စုစုပေါင်း ၁၅ကားကို ၂နှစ်အတွင်း ရိုက်ခွင့်ရရှိမည်ဖြစ်သည်။ ၂နှစ်အတွင်း မပြီးစီးပါက လျော်ကြေးအဖြစ် တစ်ကားကို ၈သိန်းနှင့် ကျန်ရှိသလောက် အရေအတွက်အလိုက် ရရှိမည် ဖြစ်ပါသည်။ လက်ရှိတွင် အနုပညာပျိုးခင်းမှ တင်ထားသော မင်းသမီး သုံးလက်ရှိပြီး ၎င်းတို့မှာ ယုသန္တာတင်၊ အိချောပိုနှင့် ရွှေမှုန်ရတီတို့ဖြစ်သည်။
အခြား [ပြင်ဆင်ရန်]
ပြေတီဦးသည် အခြား လှူဒါန်းမှုများစွာကိုလည်းလုပ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲတွင် စက်ဆန်းမီးလောင်မှုတွင် လှူဒါန်းမှု၊ ဘီအီးဒီ ပညာရေးဖောင်ဒေးရှင်းအတွက် လှူဒါန်းမှု၊ ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်လူမျိုးများအား တွေ့ဆုံအားပေးမှု စသည်တို့ ပါဝင်သည်။
နေရပ်လိပ်စာ [ပြင်ဆင်ရန်]
အမှတ် - ၅၄၊အခန်း (၅၀၄)၊ဝေဇယန္တတာဝါ၊ ဝေဇယန္တတာလမ်း၊ သဃၤန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ [၂]
ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ [ပြင်ဆင်ရန်]
| ခုနှစ် | ဇာတ်ကားအမည် | တွဲဖက်သရုပ်ဆောင်များ |
|---|---|---|
| ၂၀၀၀ | ရန်ကြွေး | |
| ၂၀၀၅ | မျှော်လင့်ခြင်းများစွာ | ဒွေး၊ နိုင်းနိုင်း၊ မင်းမော်ကွန်း၊ ဖိုးကျော်၊ ပန်းဖြူ၊ နဝရတ်၊ စိုးမြတ်နန္ဒာ |
| ၂၀၀၆ | ညကျောင်း | ဖြိုးငွေစိုး၊ချစ်စနိုးဦး |
| ၂၀၀၇ | ည၏ ကဗ္ဗည်း | ထွန်းအိန္ဒြာဗိုလ်၊ ချောရတနာ၊ ဝိုင်းစုခိုင်သိန်း |
| ၂၀၀၈ | လက်ဝဲဘက် ရင်ဘတ်ဆီကဂီတ | ခိုင်သင်းကြည်၊ ချစ်စနိုးဦး |
| ၂၀၀၈ | ကြယ်ကလေးရဲ့နှင်တံ | နန္ဒာလှိုင်၊ နဝရတ် |
| ၂၀၀၈ | အချစ်ကိုယ်ရံတော် | ခိုင်နှင်းဝေ |
| ၂၀၀၈ | ရင်ခုန်သံကို မညာကြေးနော် | စိုးမြတ်နန္ဒာ၊ ဝိုင်းစုခိုင်သိန်း |
| ၂၀၀၈ | လွဲမှားခြင်း၏ ရလဒ် | ခိုင်သင်းကြည် |
| ၂၀၀၉ | ချစ်ချစ်လီဆက်ချစ် | လွင်မိုး၊ကျော်ကျော်ဗို၊ထွန်းအိန္ဒြာဗိုလ်၊မယ်လိုဒီ |
| ၂၀၀၉ | မာန၏နောက်ကွယ် | မိုးဟေကို |
| ၂၀၀၉ | ကြာဖြူ | သက်မွန်မြင့် |
| ၂၀၀၉ | ချစ်ပန်းဝါဝါ' | စိုးမြတ်သူဇာ |
| ၂၀၀၉ | ချိုလိမ် | အိန္ဒြာကျော်ဇင် |
| ၂၀၀၉ | ရင်ဘတ်ချင်း အငြိ | အိန္ဒြာကျော်ဇင် |
| ၂၀၀၉ | Lady First | ဝိုင်းစုခိုင်သိန်း |
| ၂၀၀၉ | ကျွန်မ ပုခုံးပေါ်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ် | သက်မွန်မြင့်၊ မေကဗျာ |
| ၂၀၀၉ | လေလှိုင်းချစ်သူ | သက်မွန်မြင့်၊ တင့်တင့်ထွန်း |
| ၂၀၀၉ | Luck & Love | မိုးဟေကို |
| ၂၀၀၉ | မာန၏နောက်ကွယ် | မိုးဟေကို |
| ၂၀၀၉ | ရိုးရာ | ရန်အောင်၊ မိုးဟေကို |
| ၂၀၁၀ | ချင်ဖတ် | သက်မွန်မြင့် |
| ၂၀၁၀ | ရေရုပ်ရေးချယ်သူ | ပိုင်ဇေရဲထွန်း၊ မေကဗျာ |
| ၂၀၁၀ | ပန်းသွန်ကဗျာ | အိန္ဒြာကျော်ဇင်၊ ဆန်းထွဋ် |
| ၂၀၁၀ | အဖြူရောင်လွင်ပြင်များ | ကျော်ဇောဟိန်း၊ လင်းဇာနည်ဇော် |
| ၂၀၁၀ | လက်ဝဲဘက်ရင်ဘက်ဆီကဂီတ | ခိုင်သင်းကြည် |
| ၂၀၁၀ | ချစ်ဖူးတယ် မလွယ်ဘူး ရူးနိုင်တယ် | တင့်တင့်ထွန်း၊ ဝိုင်းစုခိုင်သိန်း၊ ချောရတနာ၊ စိုးမြတ်နန္ဒာ၊ ခင်လေးနွယ် |
| ၂၀၁၀ | ဗိုက်ဗိုက်ဗိုက် | ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ နဝရတ် |
| ၂၀၁၀ | ကျားကို တုတ်တဲ့ပျား | စိုးမြတ်နန္ဒာ |
| ၂၀၁၀ | သဲကိုးဖြာအချစ် | ရဲအောင်၊ စိုးမြတ်သူဇာ |
| ၂၀၁၀ | ချစ်မှချစ် အကြီးကြီးချစ် | ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ ဝိုင်းစုခိုင်သိန်း၊ ချောရတနာ |
| ၂၀၁၀ | တိမ်လွင့်သွားသောကောင်းကင် | မိုးဟေကို |
| ၂၀၁၀ | ပျားရည်ရောင် လမင်း | မိုးဟေကို |
| ၂၀၁၀ | ချုပ်ဆေး | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | လေပြည်တေးသွား စက္ကူငှက်လေးများ | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | ချစ်သူရဲ့ ချစ်သူ | သက်မွန်မြင့်၊ နန်းဆုရတီစိုး |
| ၂၀၁၀ | နှင်းဒဏ္ဏာရီ | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | အပျိုလေးရဲ့ကောင်းဘွိုင် | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | မချစ်ပဲ မနေနိုင်ဘူး | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | နှစ်ကျပ်ကွက်နင်းတဲ့ ယောက်ဖ | ရန်အောင်၊ သက်မွန်မြင့် |
| ၂၀၁၀ | အဆင့်မြင့်ချစ်စကား | သက်မွန်မြင့် |
| ၂၀၁၀ | ၁၅၀၀ကျော်တယ် | သက်မွန်မြင့် |
| ၂၀၁၀ | ရင်ခုန်သံ | ဖွေးဖွေး |
| ၂၀၁၀ | မဟေသီရဲ့ ဂျလေဘီ | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | ဘတ်ကီးဖူးစာ | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | ၃+၄=အချစ် | အိန္ဒြာကျော်ဇင် |
| ၂၀၁၀ | ဝတ်မှုန်ဝိုင်၏အပြင်းစားရသ | ဝတ်မှုန်ရွှေရည် |
| ၂၀၁၀ | အပြင်းစားဥယျာဉ်မှူး | စိုးမြတ်သူဇာ |
| ၂၀၁၀ | ဘလောင်းဘလဲ | မိုးဟေကို |
| ၂၀၁၀ | မှော်ပန်းသီး | မိုးဟေကို |
| ၂၀၁၀ | မိန်းမယူမယ်ဆိုရင် စဉ်းစားဖို့လိုမယ် | အိန္ဒြာကျော်ဇင် |
| ၂၀၁၁ | ရွှေလင်ပန်းနဲ့ပန်းကမ်းသူ | ဝတ်မှုန်ရွှေရည် |
| ၂၀၁၁ | ဂျူးလီးယက်တစ်ရေးနိုး | မိုးဟေကို |
| ၂၀၁၁ | ချစ်သူသိစေ | အိန္ဒြာကျော်ဇင် |
| ၂၀၁၁ | ဒါကြည့်ပြီးမှ ဖွကြပါ | အိန္ဒြာကျော်ဇင် |
| ၂၀၁၁ | ယုံကြည်ချင်းနှင်းဆီ | ဝတ်မှုန်ရွှေရည် |
| ၂၀၁၁ | ရင်တွင်း အရှုပ်တော်ပုံ | ဖွေးဖွေး၊ မိုးယုစံ |
| ၂၀၁၁ | ကကြိုးဆုံတဲ့ သတို့သား | မိုးဟေကို |
| ၂၀၁၁ | ချောကလက် အချစ် | အိန္ဒြာကျော်ဇင် |
| ၂၀၁၁ | နင့် | ဝတ်မှုန်ရွှေရည် |
| ၂၀၁၁ | ဒီကောင်မလေးအတွက် | ဝတ်မှုန်ရွှေရည် |
| ၂၀၁၁ | နတ်သမီးဖော်တဲ့အဆိပ် | မိုးဟေကို |
| ၂၀၁၁ | ပထမဆုံးချစ်တာနင် | ဝတ်မှုန်ရွှေရည် |
| ၂၀၁၁ | လက်မထပ်မီသုံးနာရီ | မိုးဟေကို |
| ၂၀၁၁ | ကျွန်တော့်ယောက္ခမ နှင့် သူ၏ ဗိုင်းရပ်စ်များ | စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်၊ ဝေလျှံ |
| ၂၀၁၂ | အချစ် ရောဂါ | မိုးဟေကို |
| ၂၀၁၂ | အချစ်၏ ဘေးထွက်ဆိုးကျိုးသည် အမုန်းဖြစ်၏။ | စိုးမြတ်သူဇာ၊ သဉ္ဇာဝင့်ကျော် |
| ၂၀၁၂ | ချစ်ရင်ဖက်ထား | ဝတ်မှုန်ရွှေရည် |
| ၂၀၁၂ | နှလုံးသားမှာ အထာရှိတယ် | အိန္ဒြာကျော်ဇင်၊ နဝရတ် |
ရုပ်ရှင်ဇာတ်ကားကြီးများ [ပြင်ဆင်ရန်]
| ခုနှစ် | ရုပ်ရှင်အမည် | ဒါရိုက်တာ | တွဲဖက်သရုပ်ဆောင်များ | ပိုစတာ |
|---|---|---|---|---|
| ၂၀၀၈ | ချစ်တော့ချစ်တယ် အလိုမလိုက်ဖူး | မိုက်တီး | လွင်မိုး၊ရာဇာနေဝင်း၊ခန့်စည်သူ၊ခိုင်သင်းကြည်၊မေကဗျာ၊လင်းဇာနည်ဇော် | |
| ၂၀၀၉ | ရှော့ရှိတဲ့အချစ်များ | ကိုဇော် (အာရုဏ်ဦး) | ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ စိုးမြတ်သူဇာ | |
| ၂၀၁၀ | ဆွေတစ်ရာ မောင်တစ်ကျိပ် | မီးပွား | ခန့်စည်သူ၊ ခိုင်သင်းကြည်၊ ခိုင်နှင်းဝေ | |
| ၂၀၁၀ | ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ် | ဝါဝါဝင်းရွှေ | မိုးဟေကို၊ ညွန့်ဝင်း၊ ရန်အောင်၊ ဝါဝါဝင်းရွှေ၊ သားထူး | |
| ၂၀၁၀ | အမေ့ကျေးဇူးဆပ်ဖူးချင်တယ် | ခင်စောမျိုး | သက်မွန်မြင့်၊ နေအောင်၊ မေသန်းနု၊ ဝါဝါအောင် | |
| ၂၀၁၀ | နတ်ဖတ်တဲ့ စုံတွဲများ | ကိုဇော် (အာရုဏ်ဦး) | အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့် ၊ နန္ဒ | |
| ၂၀၁၀ | ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် | ကိုဇော် (အာရုဏ်ဦး) | ကျော်ရဲအောင်၊ သက်မွန်မြင့်၊ စိုးမြတ်သူဇာ | |
| ၂၀၁၁ | ဝိုင်း (Own Creator) | စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် | ||
| ၂၀၁၂ | မေခင်ကညာ | ကိုဇော် (အာရုဏ်ဦး) | ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သဉ္ဇာဝင့်ကျော်၊ ဝတ်မှုန်ရွှေရည် | |
| ၂၀၁၂ | နင်စေရင် | ဝိုင်း (Own Creator) | ဝတ်မှုန်ရွှေရည် | မထွက်ရှိသေး။ |
| ၂၀၁၂ | တိုက်ဆိုင်မှုရှိလျှင် | မောင်မျိုးမင်း(ရင်တွင်းဖြစ်) | မိုးဟေကို၊ လိုင်လာခန်း | မထွက်ရှိသေး။ |
| ၂၀၁၂ | Made In Heart | ဝိုင်း (Own Creator) | မိုးဟေကို၊ ဝတ်မှုန်ရွှေရည် | မထွက်ရှိသေး။ |
ကိုးကား [ပြင်ဆင်ရန်]
- ↑ ပြေတီဦး ဖောင်ဒေးရှင်း ပြေတီဦးဖောင်ဒေးရှင်း
- ↑ ပြေတီဦး နေရပ်လိပ်စာ ပြေတီဦး လိပ်စာ
